Endurance လို့တဲ့ စကားလုံးက တာဝေးပြေးရဲ့ မာရသွန်သမားတွေ၊ တောတွင်းလမ်းကြမ်းလျှောက်သူတွေ ၊ စက်ဘီးစီး အားသမားတွေနဲ့ ရင်းနှီးပြီးသား ဖြစ်ပါတယ်။ Endurance ဟာ အားကစားတစ်ခုကို အချိန်ကြာကြာ လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ခံနိုင်ရည် သက်လုံစွမ်းအားကို ရည်ညွှန်းတာပါ။ အချို့ အားကစားသမားနဲ့ လေ့ကျင့်ခန်း လုပ်သူတွေမှာ သက်လုံ တက်စေဖို့ ဆိုပြီး Endurance Training တွေကို လုပ်ကြတာ ရှိပါတယ်။ ဒီထဲမှာ အဆိုးဆုံးနဲ့ လွဲမှားနေတဲ့ Endurance Training တွေ ၊ လေ့ကျင့်ခန်း တွေအကြောင်း ဒီတစ်ခေါက်မှာ ပြောပြပေးသွားပါမယ်။

(၁) Weight Machine Training

Photo : Otago Daily Times

Weight Machine တွေနဲ့ ကစားရတဲ့ လေ့ကျင့်ခန်းတွေဟာ သက်လုံ တက်ဖို့ ဆိုတာထက် တိကျတဲ့ ကြွက်သားအုပ်စု တစ်ခုစီကို ပစ်မှတ်ထားပြီး ကြွက်သားထုတက်စေဖို့ကို အဓိကထား လေ့ကျင့်ကစားရတဲ့ နည်းဖြစ်ပါတယ်။ Weight Machine Training ဟာ Endurance ကို လုံးဝမတက်စေတာတော့ မဟုတ်ပေမယ့် Cardiovascular System ကို လုံလုံလောက်လောက် စိန်ခေါ်မှု မဖြစ်တောကြောင့် Endurance တက်ဖို့ကိုပဲ ဦးတည်ကစားမယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။

(၂) Heavy Powerlifting

Photo : Men’s Health

အလေးများများနဲ့ ကစားရတဲ့ Heavy Powerlifting နည်းဟာလည်း စက်တွေနဲ့ ကစားတဲ့နည်းတူ ကြက်သားအုပ်စုအပေါ်ကိုပဲ အဓိကသက်ရောက်မှုရှိတာဖြစ်ပြီး Cardio System အပေါ်မှာတော့ သက်ရောက်မှု အနည်းငယ်သာ ရှိပါတယ်။ အလေးများများနဲ့ Heavy ဖြစ်တဲ့ Powerlifting တွေကို ကစားတဲ့အခါ သက်လုံ တက်ဖို့ထက် ကြွက်သားတက်ကသာ ပိုပြီး ရာခိုင်နှုန်းများစေတာဖြစ်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းနည်းဖြစ်တာကြောင့် မတော်တဆ ဒဏ်ရာဖြစ်နိုင်ခြေလည်း အရမ်းများပါတယ်။

(၃) Excessive Sprint Training

Photo : Gunsmith Fitness

အရှိန်များများနဲ့ ပြင်းပြင်းထန်ထန် ပြေးရတဲ့ Excessive Sprint Training ကတော့ Cardiovascular System ကို Challenge ဖြစ်စေသလို သက်လုံစွမ်းအားနဲ့ ကြံ့ခိုင်မှုကိုလည်း တိုးစေနိုင်တယ်လို့ ယေဘုယျအားဖြင့် ယူဆလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ပြဿနာက ပြင်းထန်တဲ့ အပြေးလေ့ကျင့်ခန်း ပုံစံတစ်ခု ဖြစ်တာကြောင့် အလွယ်တကူ Injury ရနိုင်ခြေများပြီး တည်ငြိမ်တဲ့ Endurance ကို ရစေမှာ မဟုတ်ပါဘူး။

Source : Eat This Not That

Featured Photo : Iron Bull Strength