မကြာခင်မှာ ခရစ္စမတ် နေ့လေး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ခရစ္စမတ်နေ့ကို ကမ္ဘာ အနှံ့အပြားမှာ အလေးအနက်ထား ကျင်းပဆင်နွှဲ လေ့ရှိကြပါတယ်။ ဒီလို နေ့ထူးနေ့မြတ်လေးမှာ မိသားစုတွေ၊ ချစ်ရသူတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ ‌ပျော်ရွှင်ဖွယ် အမှတ်တရ ခရစ္စမတ်ပွဲလေး ကျင်းပတာကလည်း တကယ်ကို ကွီးတို့ရဲ့ ချစ်ခင်နွေးထွေးမှုတွေကို ဝေမျှခြင်း တစ်မျိုးပါပဲ။ တကယ်လို့ ကွီးတို့ သူငယ်ချင်းတွေနဲ့ ခရစ္စမတ်နေ့လေး ဖြတ်သန်းချင်တယ်ဆိုရင် ပျော်ရွှင်စရာ အမှတ်တရလေး ဖန်တီးနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

အိမ်တွင်း ခရစ္စမတ်ပါတီ ပြုလုပ်ပါ

Photo :New Scientist

သူငယ်ချင်းတွေနဲ့ အတူ ခရစ္စမတ်နေ့လေး ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ဆိုရင် အိမ်တွင်း ခရစ္စမတ်ပါတီလေး လုပ်တာက စိတ်ကူးကောင်းပါပဲ။ ကွီးတို့အနေနဲ့ အိမ်တွင်း ခရစ္စမတ်ပါတီလေး လုပ်ဖို့ဆိုရင် နေရာထိုင်ခင်း၊ စားပွဲတွေ၊ အစားအသောက်တွေ အပြင် ခရစ္စမတ် သစ်ပင်လေးတွေ၊ မီးလုံးလေးတွေကို ပြင်ဆင်ပါ။ ဒီလို ပြင်ဆင်ရတာလည်း တကယ်ကို ပျော်ရွှင်ကြည်နူးစရာ ကောင်းပါတယ်။ ပြီးလျှင် အချိန် သတ်မှတ်ပြီး ကွီးတို့ သူငယ်ချင်းတွေကို ကြိုတင် ဖိတ်ကြားပါ။ ခရစ္စမတ် သီချင်းလေးတွေကိုလည်း ကြိုတင်ရွေးချယ်ထားပါ။ ကွီးတို့ ချစ်ခင်တန်ဖိုးထားရတဲ့ သူငယ်ချင်းတွေနဲ့အတူ ဒီလို နေ့ထူးနေ့မြတ်လေးမှာ စားသောက်ကြရင်း တန်ဖိုးရှိပြီး အမှတ်တရ အချိန်လေးတွေ အတူတကွ ဖန်တီးပါ။ ကွီးတို့အတွက် တစ်သတ်မမေ့နိုင်စရာ အမှတ်တရ ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့လေး အဖြစ် ဖြတ်သန်းပါ။

ခရစ္စမတ် လက်ဆောင် လှဲလှယ်ပါ

Photo : HuffPost

ခရစ္စမတ်နေ့လေးမှာ ချစ်ခင်ရသူတွေကို ခရစ္စမတ် လက်ဆောင်ပေးပို့တာ၊ အချင်းချင်း လက်ဆောင်များ လှဲလှယ်တာကလည်း ချစ်ခြင်းမေတ္တာကို ပြသနည်း တစ်မျိုးပါပဲ။ အမှတ်တရ ခရစ္စမတ် လက်ဆောင်လေးတွေ ပြင်ဆင်ပြီး ကွီးတို့ သူငယ်ချင်း အချင်းချင်း အလှဲအလှယ်လုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းက ကွီးတို့အနေနဲ့ ကိုယ်ရဲ့ လက်ဆောင်ကို လက်ခံရရှိသူအတွက်ရော ၊ ကွီးတို့ကိုယ်တိုင် လက်ဆောင်လက်ခံ ရရှိတဲ့အတွက်ပါ နှစ်ဆ ပျော်ရွှင် ကြည်နူးမှုကို ရစေမှာပါ။ ဒါ့အပြင် ကွီးတို့ သူငယ်ချင်းတွေ စုပေါင်းပြီး လိုအပ်ချက်ရှိတဲ့ သူတွေ၊ ကလေးငယ်လေးများကို ခရစ္စမတ် လက်ဆောင်လေးများ ပို့ပေးခြင်းကဲ့သို့ လှုပ်ရှားမှုလေးတွေကိုလည်း အတူတကွ ပြုလုပ်လို့ ရပါတယ်။

ခရစ္စမတ် ရုပ်ရှင်လေးတွေ အတူကြည့်ပါ

Photo : Davis Black Law

သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ဖွယ် အမှတ်တရ ခရစ္စမတ်နေ့လေး ဖြတ်သန်းနိုင်ဖို့ နောက်ထပ် နည်းလမ်းကောင်းလေး တစ်ခုကတော့ ခရစ္စမတ် ရုပ်ရှင်လေးတွေ အတူကြည့်တာပါပဲ။ အိမ်တွင်း ရုပ်ရှင်ရုံလေးဖန်တီးပြီး ဂန္တဝင် ခရစ္စမတ်ရုပ်ရှင်ကားလေးတွေကို ရွေးချယ်ပါ။ သူငယ်ချင်းတွေနဲ့ အတူ စားသောက်စရာတွေ၊ ဝိုင်လေးတွေ၊ ချောကလက်ဖျော်ရည်ပူပူလေးတွေ သောက်ရင်းနဲ့ ရုပ်ရှင်ကြည့်ပြီး နွေး‌ထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်လေးကို ဖြတ်သန်းလိုက်ပါ။

Outdoor Cocoa Party လုပ်ပါ

Photo : Millar Toyota

ကွီးတို့ရေ ခရစ္စမတ်နေ့လေးမှာ ရာသီဥတုက သာယာနေတယ်ဆိုရင် ခရစ္စမတ်ညစာအပြီးမှာ သူငယ်ချင်းတွေနဲ့အတူ အပြင်မှာ ပါတီ အသေးစားလေး ပြုလုပ်ပါ။ ငြိမ်ညောင်းတဲ့ ခရစ္စမတ် သီချင်းလေးတွေကို ဖွင့်ထားပြီး ချောကလက်ပူပူလေး သောက်ရင်းနဲ့ အမှတ်တရ ခရစ္စမတ်ညလေးကို ပျော်ရွှင်ကြည်နူးဖွယ် ဖြတ်သန်းလိုက်ပါ။

Source : Taste of Home

Featured Photo : Society 19