ဘောလုံးအားကစားသည် ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အားကစားတစ်ခုဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ဘောလုံးချစ်သူ ပရိသတ်များ ၄ နှစ်မှာ ၁ ကြိမ် စောင့်စားခဲ့ရတဲ့ ပြိုင်ပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း ကစားသမားများသည် ကိုယ့်နိုင်ငံ၊ ကိုယ့်အသင်း အနိုင်ရဖို့အတွက် အသည်းအသန် ကြိုးစားခဲ့တာကို တွေ့မြင်ခဲ့ကြရမှာပါ။

ကစားသမားများရဲ့ အရည်အချင်းများသည်လည်း တစ်ယောက်နဲ့တစ်ယောက် မတူကြဘဲ တစ်ယောက်တစ်မျိုးစီ ထူးခြားချက်များလည်းရှိကြပါတယ်။ သို့သော် ကစားသမားတစ်ယောက်တည်း တော်နေရုံ ထူးချွန်နေရုံနဲ့ မရတာကိုတော့ ဘောလုံးအားကစားက သက်သေပြနေပါတယ်။ အဖွဲ့အစည်းနဲ့ လုပ်ဆောင်တတ်တဲ့ စိတ်ဓာတ်၊ အသင်းအဖွဲ့အလိုက် အပေးအယူမျှစွာ ကစားတတ်မှသာလျှင် မိမိလိုချင်တဲ့ အနိုင်ဂိုးကို သွင်းယူနိုင်မှာပဲ ဖြစ်ပါတယ်။

ဒီနှစ် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အတော်ဆုံး ကစားသမား အများအပြားကို တွေ့မြင်ခဲ့ကြရမှာပါ။ ထိုကစားသမားများထဲကမှ အတော့် အတော်ဆုံးများကို ဘောလုံးပရိသတ်တွေက ထပ်မံ ရွေးချယ်ထားကြပါတယ်။ ဘောလုံးချစ်သူကွီးတို့လည်း ကိုယ့်အကြိုက်နဲ့ ကွက်တိကျရဲ့လားဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး။

(၁၀) Dominic Livakovic

Photo: Goal.com

သူကတော့ ခရိုအေးရှား ဂိုးသမားပဲဖြစ်ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့ ၁၉၉၅ ခုနှစ်မှာ ဖွားမြင်ခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားတွင် အတော်ဆုံး ကစားသမားအဖြစ် နံပါတ် (၁၀) နေရာက ရပ်တည်နေတာ ဖြစ်ပါတယ်။

(၉) Enzo Fernandez

Photo: GH Gossip

သူ့ရဲ့ နာမည်အပြည့်အစုံကတော့ Enzo Jeremías Fernández ပဲဖြစ်ပါတယ်။ အာဂျင်တီးနား ကွင်းလယ်ကစားသမားဖြစ်ပြီး အသက်ကတော့ ၂၁ နှစ်ပဲ ရှိသေးတဲ့ လူငယ်ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

(၈) Cody Gakpo

Photo: Coverghana

သူကတော့ ဒတ်ချ်လူမျိုး ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး Eredivisie Club PSV နှင့် နယ်သာလန်အသင်းတွင် တောင်ပံကစားသမားအဖြစ် ကစားလျက်ရှိပါတယ်။ နာမည်အပြည့်အစုံကတော့ Cody Mathès Gakpo ဖြစ်ပြီး အသက် ၂၃ နှစ် ဖြစ်ပါတယ်။ သူ့ရဲ့ ပွဲဦးထွက်ကစားခဲ့တာကတော့ ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်က ဖြစ်ပါတယ်။

(၇) Jude Bellingham

Photo: CNN

အင်္ဂလန်အသင်းကနေ ကစားခဲ့တဲ့ ကစားသမားဖြစ်ပြီး နံပါတ် (၇) နေရာမှာ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ အသက်ကတော့ ၁၉ နှစ်ပဲ ရှိသေးတာဖြစ်ပြီး ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ နာမည်အပြည့်အစုံကတော့ Jude Victor William Bellingham ဖြစ်ပါတယ်။

(၆) Sofyan Amrabat

Photo: Total-italianfootball

မော်ရိုကို ကစားသမားဖြစ်ပြီး သူ့ရဲ့ ပွဲဦးထွက် ပြိုင်ပွဲကိုတော့ ၂၀၁၄ တုန်းက စတင်ကန်ခဲ့တာ ဖြစ်ပါတယ်။ မော်ရိုကိုအသင်းတွင်လည်းကောင်း Series A Club Fiorentina တို့တွင်လည်းကောင်း ကွင်းလယ်ကစားသမားအဖြစ် ဝင်ရောက်ကစားနေတာပဲ ဖြစ်ပါတယ်။

(၅) Achraf Hakimi

Photo: Usatoday

သူသည်လည်း မော်ရိုကိုအသင်းတွင် ဝင်ရောက်ကစားခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ သူ့ရဲ့ လျင်မြန်မှု၊ အရှိန်နှင့် ဂိုးသွင်းနိုင်ခြင်းတို့ကြောင့် လူသိများပါတယ်။ သူ့ရဲ့ အသက်ကတော့ ၂၄ နှစ်ပဲ ရှိသေးတာ ဖြစ်ပါတယ်။​

(၄) Josko Gvardiol

Photo: Therealchamps

ခရိုးအေးရှား ကစားသမားဖြစ်ပြီး ပြိုင်ပွဲပေါင်း ၇ ပွဲတွင် သွင်းဂိုး တစ်ဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ အသက်ကတော့ ၂၀ ပဲ ရှိသေးပြီး Bundesliga club RB Leipzig အသင်းတွင်လည်း ဝင်ရောက်ကစားလျက်ရှိပါတယ်။​

(၃) Antoine Griezmann

Photo: Skysports

ပြင်သစ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဘောလုံးကို ဖြတ်ထုတ်ခြင်း၊ လက်ဆင့်ကမ်းပေးခြင်း၊ အသင်းသားအား ထောက်ပံ့ပေးနိုင်ခြင်းတို့ကြောင့် နာမည်ကြီးတဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

(၂) Kylian Mbappé

Photo: CNN

၂၀၂၂ ကမ္ဘာ့ဖလား အတော်ဆုံး ကစားသမား အဖြစ် နံပါတ် (၂) နေရာမှာ ရပ်တည်နေသူကတော့ ရွှေဖိနပ်ဆုကို ဆွတ်ခူးရရှိသွားတဲ့ ဘက်ပေပဲဖြစ်ပါတယ်။ သွင်းဂိုးအများဆုံး သွင်းပေးနိုင်ခဲ့ပြီး အာဂျင်တီးနားနဲ့ ယှဥ်ပြိုင်ခဲ့စဥ်မှာလည်း ဒုတိယပိုင်းတွင် သွင်းဂိုး နှစ်ဂိုးကို စက္ကန့်ပိုင်းအတွင်း ချေပဂိုး သွင်းပေးခဲ့ပြီး ပွဲကို ပြောင်းပြန်လှန်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။

(၁) Lionel Messi

Photo: CNN

အတော်ဆုံး နံပါတ် (၁) နေရာအဖြစ် ပရိသတ်တွေ သတ်မှတ်ထားခဲ့တာကတော့ အားလုံးသိကြတဲ့ Lionel Messi ပါပဲ။ သူကတော့ တကယ့်ကို GOAT လို့ တင်စားခံရတဲ့အထိ ဘောလုံးလောကရဲ့ အကျော်အမော်တစ်ယောက် ဖြစ်ပါတယ်။ ဒီကမ္ဘာ့ဖလားပြိုင်ပွဲကလည်း သူ့ကစားသမားဘဝရဲ့ နောက်ဆုံးပွဲဖြစ်တာကြောင့် ပရိသတ်တွေကလည်း Messi မှ Messi အသည်းအသန် ခဲမှန်ပြီး တစ်ခဲနက် အားပေးခဲ့ကြတာပါ။ ကွီးတို့လည်း Messi ကို ကမ္ဘာ့ဖလား ရစေချင်တဲ့အထဲမှာ ပါမှာပါပဲ။ တကယ့်ကိုပဲ သူ့ရဲ့ ကစားသမားဘဝ ပန်းဝင် လှသွားခဲ့တယ်လို့ ဆိုရမှာပါပဲ။

ဒီနံပါတ်စဥ်တွေကတော့ ဘောလုံးပရိသတ်တွေ သတ်မှတ်ထားတဲ့ နံပါတ်စဥ်တွေပဲ ဖြစ်ပါတယ်။ အခြားသော အရည်အချင်းရှိတဲ့ တော်တဲ့ကစားသမားတွေလည်း အသီးသီးရှိကြပါသေးတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုမှ အနှစ်ချုပ်ရမယ်ဆိုရင်တော့ အသန့်ရှင်းဆုံးအသင်းအဖြစ် အင်္ဂလန်အသင်း၊ ရွှေဘောလုံးဆုကို မက်ဆီ (အာဂျင်တီးနား) ၊ ရွှေဖိနပ်ဆုကို အမ်ဘာပေ ၊ ရွှေလက်အိတ်ဆုကို မာတီနက်ဇ် (အာဂျင်တီးနား)၊ အကောင်းဆုံး လူငယ်ကစားသမားအဖြစ် ဖာနန်ဒက်ဇ် (အာဂျင်တီးနား) စသည်တို့က အသီးသီး ဆုတံဆိပ် ရရှိခဲ့ပါတယ်။ ချန်ပီယံအသင်းကတော့ ဘယ်အသင်းလဲဆိုတာ မပြောပြလည်း ကွီးတို့အားလုံး သိနေပြီးသားဖြစ်မှာပါ။

Source: Fourfourtwo

Featured Image: Reuters