ဂျပန်နိုင်ငံမှာ မွေ့ယာ ကုမ္ပဏီတစ်ခုက ဦးဆောင်ပြီး လူတွေ အမြန်ဆုံးနဲ့ အနက်ရှိုင်းဆုံး အိပ်စက်နိုင်စွမ်းကို ယှဉ်ပြိုင်တဲ့ Matt Race ပြိုင်ပွဲတစ်ခုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က တိုကျိုမြို့မှာ ထူးထူးဆန်းဆန်း ကျင်းပခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ပါဝင်သူတွေဟာ ဦးခေါင်းမှာ အိပ်စက်မှု ခြေရာခံကိရိယာတွေကို တပ်ဆင်ထားပြီး ၉၀ မိနစ်အတွင်း ဘယ်သူက အကောင်းဆုံး အိပ်စက်နိုင်လဲဆိုတာကို အစွမ်းကုန် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အလုပ်ကြိုးစားလွန်းလို့ ပင်ပန်းနွမ်းနယ်နေတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ အိပ်စက်အနားယူမှု အခြေအနေကို လူသိရှင်ကြား ဖြစ်လာစေဖို့နဲ့ ပြည်သူတွေကြား စိတ်ဝင်စားမှု မြင့်တက်လာစေဖို့အတွက် အခုလို ပွဲကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပွဲစီစဉ်သူတွေရဲ့ အဆိုအရ ဂျပန်လူမျိုးတွေဟာ အိုအီးစီဒီ (OECD) အဖွဲ့ဝင်နိုင်ငံတွေထဲမှာ တစ်နေ့တာ အိပ်စက်ချိန် အနည်းဆုံးဖြစ်ပြီး အလုပ်ချိန်နဲ့ ခရီးသွားလာချိန် ကြာမြင့်တာတွေက အဲဒီလို ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ထူးထူးဆန်းဆန်း ပြိုင်ပွဲမှာ အနိုင်ရရှိသွားသူကတော့ ယန်း ၂ သန်း (အမေရိကန်ဒေါ်လာ ၁၄,၀၀၀ ကျော်) ရှိတဲ့ ဆုကြေးငွေတွေကို ရရှိခဲ့ပြီး ပြိုင်ပွဲဝင်တွေ ကိုယ်တိုင်လည်း ပျော်ရွှင်စွာနဲ့ ပါဝင်ခဲ့ကြပါတယ်။ ဒီပွဲကနေတဆင့် လူတွေအနေနဲ့ အိပ်စက်အနားယူမှုရဲ့ အရေးပါပုံကို ပိုပြီး သတိထားမိလာစေဖို့နဲ့ ကျန်းမာရေးအတွက် အနားယူချိန်ရဲ့ တန်ဖိုးကို သိရှိလာစေဖို့ အဓိက ရည်ရွယ်ထားပါတယ်။

Ref : Japan Times