အမေရိကန်နိုင်ငံမှာ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြား လူငယ် ၂,၃၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ လက်ရှိ လူနေမှုစရိတ်ကြီးမားလာခြင်းနဲ့ ငွေကြေးအခက်အခဲတွေကြောင့် လူငယ်တွေအနေနဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေးအခွင့်အလမ်းတွေ နည်းပါးလာပြီး အချစ်ရေးကဏ္ဍမှာ အခက်အခဲကြုံနေရကြောင်း The 2026 Gen Z Sex Survey အရ သိရပါတယ်။
အဓိက အချက်များ
💕 Playboy နဲ့ Kinsey Institute တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စစ်တမ်းအရ လူငယ် ၃၉ ရာခိုင်နှုန်းက ချိန်းတွေ့စရိတ်တွေကြောင့် အချစ်ရေးနဲ့ အခွင့်အလမ်းတွေ ထိခိုက်ကန့်သတ်ခံနေရတယ်လို့ ဖော်ပြကြပါတယ်။
💕 လူငယ်တွေရဲ့ ၇၄ ရာခိုင်နှုန်းမှာ ရိုမန်းတစ်ဆန်ချင်တဲ့ ဆန္ဒတွေရှိနေဆဲဖြစ်ပေမဲ့ ၄၃ ရာခိုင်နှုန်းကတော့ ငွေကြေးအကျပ်အတည်းကြောင့် ချိန်းတွေ့ဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
💕 ငွေကြေးမပြည့်စုံတာတွေက ဆက်ဆံရေးအသစ်တွေ တည်ဆောက်ဖို့ ပိုပြီးခက်ခဲစေပါတယ်။
💕 မိဘတွေနဲ့အတူ အတူနေထိုင်ရတဲ့ လူငယ်တွေဟာ သီးသန့်လွတ်လပ်မှု မရှိတာကြောင့် ပြီးခဲ့တဲ့ သုံးလအတွင်း အဖော်အပေါင်း မရှိကြပါဘူး။
💕 ဒါ့အပြင် အမျိုးသားတွေဘက်မှာလည်း ဆက်ဆံရေးကို အစားထိုးလာတာတွေ ရှိနေပြီး တချို့ကလည်း ဒစ်ဂျစ်တယ်အဖော်တွေကို သုံးစွဲလာကြပါတယ်။
ဒီလို ခေတ်ကာလကြီးမှာ ငွေကြေးဖောင်းပွမှုနဲ့ လူနေမှုစရိတ်တွေ မြင့်မားလာတာက လူငယ်တွေရဲ့ ချစ်ရေးချစ်ရာနဲ့ အိမ်ထောင်ရေး ကံကြမ္မာအပေါ်ပါ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနေပါတယ်။ တစ်ဖက်မှာလည်း ခေတ်သစ်နည်းပညာတွေ၊ ဒစ်ဂျစ်တယ် အဖော်အပေါင်းတွေနဲ့ အစားထိုးလာကြတာဟာ အနာဂတ် လူ့အဖွဲ့အစည်းရဲ့ လူမှုဆက်ဆံရေးပုံစံတွေကို ဘယ်လို ပြောင်းလဲသွားစေမလဲဆိုတာ စဉ်းစားစရာ ဖြစ်လာစေပါတယ်။ ဒါကြောင့် ဒီလို အကျပ်အတည်းတွေကြားက လူငယ်တွေရဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ အသိုက်အဝန်းတွေနဲ့ လူ့အဖွဲ့အစည်းက ဘယ်လို နားလည်ကူညီပေးကြမလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမယ့် ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။
Ref : Ladbible


