ကွီးတို့အတွက်လက်ရှိပြောင်းလဲနေတဲ့ လုပ်ငန်းခွင်တွေမှာ အောင်မြင်ဖို့ဆိုရင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေအပြင် လူအချင်းချင်း ဆက်ဆံရေးနဲ့ ကိုယ်ပိုင်စွမ်းရည်တွေဖြစ်တဲ့ Soft Skill တွေကို ပိုင်ဆိုင်ထားဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ဒီလိုအရည်အသွေးတွေက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့နဲ့ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းလမ်းကြောင်းမှာ အထောက်အကူဖြစ်စေဖို့အတွက် အဓိက အုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခေတ်မီလုပ်ငန်းခွင်မှာ မရှိမဖြစ်လိုအပ်မယ့် ထိပ်တန်း Soft Skill (၁၀) ချက်ကို တင်ပြပေးလိုက်ပါတယ်။

1. ဆက်ဆံရေးစွမ်းရည် (Communication Skills)
အကြံဉာဏ်တွေကို ရှင်းလင်းတိကျစွာ ပို့ဆောင်ပေးနိုင်ပြီး တက်ကြွစွာ နားထောင်တတ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခြင်းအားဖြင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။
2. အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှု (Teamwork)
အဖွဲ့အစည်းရဲ့ ဘုံပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့အတွက် အခြားသူတွေနဲ့ ညှိနှိုင်းပူးပေါင်းတတ်ဖို့ အရေးကြီးပါတယ်။ အပြန်အလှန် လေးစားမှုနဲ့အတူ အကျပ်အတည်းတွေကို အတူတကွ ကျော်ဖြတ်နိုင်စွမ်းက အဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါတယ်။
3. ပြဿနာဖြေရှင်းနိုင်စွမ်း (Problem-Solving)
ရှုပ်ထွေးတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရတဲ့အခါ အချက်အလက်တွေကို စုဆောင်းဆန်းစစ်ပြီး ဖန်တီးဉာဏ်သုံးကာ ဖြေရှင်းနိုင်စွမ်းရှိရပါတယ်။ ဒီအရည်အသွေးက လုပ်ငန်းခွင်အတွင်း အခက်အခဲတွေကို လျင်မြန်စွာ ကျော်လွှားနိုင်ဖို့ ကူညီပေးပါတယ်။
4. ပြောင်းလဲမှုကို လက်ခံကျင့်သုံးနိုင်မှု (Adaptability)
အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ လုပ်ငန်းခွင်အခြေအနေတွေနဲ့ နည်းပညာအသစ်တွေကို လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ အခက်အခဲအသစ်တွေကို သင်ယူလိုစိတ်နဲ့ ရင်ဆိုင်နိုင်ခြင်းက ရေရှည်အောင်မြင်မှုအတွက် အဓိက သော့ချက်ဖြစ်ပါတယ်။
5. စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည် (Emotional Intelligence)
ကိုယ့်ရဲ့ ခံစားချက်တွေကို နားလည်ထိန်းချုပ်နိုင်သလို သူတစ်ပါးရဲ့ ခံစားချက်တွေကိုလည်း ကိုယ်ချင်းစာတတ်ဖို့ လိုအပ်ပါတယ်။ ဒီစွမ်းရည်က လုပ်ငန်းခွင်အတွင်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို ဖန်တီးပေးပြီး ခေါင်းဆောင်မှုနေရာတွေမှာလည်း အထောက်အကူ ဖြစ်စေပါတယ်။
6. အချိန်စီမံခန့်ခွဲမှု (Time Management)
လုပ်ငန်းတာဝန်တွေရဲ့ အရေးကြီးပုံအပေါ်မူတည်ပြီး အချိန်ကို စနစ်တကျ ခွဲဝေသုံးစွဲတတ်ဖို့ လိုအပ်ပါတယ်။ ရည်မှန်းချက်တွေကို အချိန်မီ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းက လုပ်ငန်းစွမ်းဆောင်ရည်ကို မြင့်မားစေပါတယ်။
7. ဝေဖန်ပိုင်းခြား စဉ်းစားနိုင်မှု (Critical Thinking)
အချက်အလက်တွေကို ဘက်လိုက်မှုမရှိဘဲ စဉ်းစားဆန်းစစ်ပြီး အကျိုးအကြောင်း သင့်လျော်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စွမ်းရှိရပါတယ်။ ဒီအရည်အသွေးက ရှုပ်ထွေးတဲ့ ပြဿနာတွေကို ထိရောက်စွာ ဖြေရှင်းရာမှာ အလွန်အသုံးဝင်ပါတယ်။
8. ခေါင်းဆောင်မှုစွမ်းရည် (Leadership)
အသင်းသားတွေကို စိတ်ဓာတ်မြှင့်တင်ပေးပြီး ဘုံရည်မှန်းချက်ဆီကို ဦးဆောင်လမ်းပြပေးနိုင်ရပါတယ်။ အကောင်းမြင်စိတ်ကို မွေးမြူပေးခြင်းအားဖြင့် အဖွဲ့အစည်းတစ်ခုလုံး တိုးတက်အောင် ဖန်တီးပေးနိုင်ပါတယ်။
9. ဖန်တီးနိုင်စွမ်း (Creativity)
ပုံစံခွက်ဟောင်းကြီးတွေထဲက ရုန်းထွက်ပြီး ဆန်းသစ်တဲ့ အကြံဉာဏ်အသစ်တွေကို ထုတ်ဖော်ပြသနိုင်စွမ်းရှိရပါတယ်။ ပြဿနာတွေကို ထောင့်စုံကနေ ရှုမြင်စဉ်းစားတတ်ခြင်းက လုပ်ငန်းခွင်ကို ပိုမိုတိုးတက်စေပါတယ်။
10. ပြောင်းလွယ်ပြင်လွယ်ရှိမှု (Flexibility)
အခြေအနေအမျိုးမျိုးအပေါ် မူတည်ပြီး ကိုယ့်ရဲ့ လုပ်ဆောင်ပုံကို လိုအပ်သလို ချိန်ညှိပြောင်းလဲနိုင်ရပါတယ်။ မတူညီတဲ့ အမြင်တွေကို လက်ခံပေးနိုင်ခြင်းက လုပ်ငန်းခွင်မှာ ပိုမိုအဆင်ပြေချောမွေ့စေပါတယ်။
Ref : zoetalentsolutions

