စီးပွားရေးလောကမှာ အနာဂတ်ဆိုတာ ဘယ်တော့မှ ကြိုတင်ခန့်မှန်းလို့ မရနိုင်ပါဘူး။ ဒါပေမဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ ခိုင်မာတဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်က အသက်တမျှ အရေးပါလှပါတယ်။

စိတ်ကူးကောင်းတွေ ရှိရုံနဲ့ မလုံလောက်ဘဲ စနစ်ကျတဲ့ မဟာဗျူဟာတွေ ချမှတ်ထားမှသာ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းရှင် ကွီးတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အရေးကြီးပါတယ်။

ငွေကြေးတည်ငြိမ်မှု သေချာစေမယ့် အဓိကနည်းဗျူဟာတွေ

🛑 အသေးစိတ် ဘတ်ဂျက်ရေးဆွဲခြင်း၊ ဝင်ငွေနဲ့ ထွက်ငွေတွေကို တိတိကျကျ မှတ်တမ်းတင်ထားဖို့ လိုအပ်ပါတယ်။

🛑 အရေးပေါ် ရန်ပုံငွေ ဖန်တီးခြင်း၊ လုပ်ငန်းလည်ပတ်စရိတ် ၃ လကနေ ၆ လစာအထိ ဖယ်ချန်ထားသင့်ပါတယ်။

🛑 ဘဏ္ဍာရေးစွမ်းဆောင်ရည်ကို စောင့်ကြည့်ခြင်း၊ ငွေကြေးစီးဆင်းမှုနဲ့ အမြတ်အစွန်းတွေကို အမြဲမပြတ် အကဲဖြတ်နေရပါမယ်။

🛑 မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို လျှော့ချခြင်း၊ သက်သာတဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေရပါမယ်။

🛑 ဝင်ငွေလမ်းကြောင်းတွေကို ချဲ့ထွင်ခြင်း၊ ဈေးကွက်နဲ့ ထုတ်ကုန်အသစ်တွေကို ရှာဖွေပြီး အန္တရာယ်ကို လျှော့ချသင့်ပါတယ်။

ရှောင်ရှားသင့်တဲ့ အမှားတွေ

🛑 ဝင်ငွေကို အလွန်အကျွံ မျှော်မှန်းခြင်း မပြုဘဲ ခိုင်လုံတဲ့ အချက်အလက်တွေအပေါ်မှာသာ အခြေခံသင့်ပါတယ်။

🛑 ကုန်ကျစရိတ်တွေကို လျှော့တွက်ခြင်းမပြုဘဲ ပုန်းကွယ်နေတဲ့ စရိတ်တွေကိုပါ ထည့်တွက်ရပါမယ်။

🛑 အရေးပေါ်ရန်ပုံငွေကို လျစ်လျူရှုခြင်း၊ ဈေးကွက်အပြောင်းအလဲတွေကို ဂရုမစိုက်ခြင်းတွေကို ရှောင်ကြဉ်ရပါမယ်။

🛑 ဘဏ္ဍာရေး ပြန်လည်သုံးသပ်မှု မလုပ်ခြင်းနဲ့ အကြွေးပမာဏ များပြားနေခြင်းတွေကိုလည်း သတိပြုဖို့ လိုအပ်ပါတယ်။

Ref: Forbes