အားကစားလုပ်တဲ့သူတွေ Training Masks တပ်တာ မြင်ဖူးကြမယ် ထင်ပါတယ်။ ဒါဟာ လူတွေရဲ့ Attention ရအောင် ပေါ်ပင် လုပ်ပြီး တပ်ကြတာ မဟုတ်ပါဘူး။ Running လုပ်တာ ၊ ဝိတ်မတာ ၊ Cardio ကစားတာ စသည်ဖြင့် Workouts တွေ လုပ်ချိန်မှာ Training Masks တပ်က Endurance ကို တက်စေသလို Respiratory Muscle တွေကို လေ့ကျင့်ပေးတဲ့အတွက် အမောခံပြီး သက်လုံတိုးစေတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ Workouts တွေ လုပ်တဲ့အခါ Training Masks တပ်တာက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လားဆိုတာနဲ့ ပတ်သတ်ပြီး အကျယ်တဝင့် ပြောပြပေးပါမယ်။

(၁) အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကို သန်မာစေတယ်

Photo : Ben Greenfield

Training Masks တွေမှာ လေဝင်နှုန်းကို သတ်မှတ်ပေးတဲ့ Level ၁,၂,၃,၄ စသည်ဖြင့် ပါပါတယ်။ လေဝင်နှုန်း နည်းလေလေ အသက်ကို ခပ်ပြင်းပြင်း ပိုရှုရတဲ့အတွက် အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေပို ပိုမိုပြင်းထန်စွာ အလုပ်လုပ်ရစေပါတယ်။ ဒါကြောင့် အကျိုးကျေးဇူးအနေနဲ့ Respiratory Muscle လို့ခေါ်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကို ပိုမို သန်မာလာစေနိုင်ပြီး Breathing Efficiency နဲ့ Endurance ကို တက်စေတာ ဖြစ်ပါတယ်။

(၂) အားကစား စွမ်းဆောင်ရည် တိုးတက်စေတယ်

Photo : Training Mask

Training Masks တပ်ပြီး Workouts တွေ လုပ်တဲ့အခါမှာ Respiratory Muscle တွေကို လေ့ကျင့်ပေးတာကြောင့် အသက်ရှုစနစ်ကို ပိုကောင်းစေပြီး ခန္ဓာကိုယ်အတွင်းကို အောက်ဆီဂျင် များများပိုရောက်စေပါတယ်။ ခန္ဓာကိုယ်ကနေ အောက်ဆီဂျင် စုပ်ယူမှုများလေ သွေးလည်ပတ်မှုနဲ့ စွမ်းအင်ပိုမို တိုးလေ ဖြစ်ပြီး ပိုပြင်းထန်တဲ့ လေ့ကျင့်ခန်း ပုံစံတွေ ၊ သာမန်ထက် အချိန်ပိုကြာကြာ လေ့ကျင့်ခန်း လုပ်နိုင်တဲ့ အားကစား စွမ်းဆောင်ရည်တွေကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။

(၃) စိတ်ဓာတ်ကြံ့ခိုင်မှုကို တည်ဆောက်ပေးတယ်

Photo : Phantom Athletics

Training Masks တွေဟာ လူတိုင်းလွယ်လွယ် ပေါ်ပင် လိုက်သုံးလို့ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် လေ့ကျင့်ခန်း စလုပ်မယ့် Beginner တွေအတွက် မသင့်လျော်ပါဘူး။ ဘာလို့ဆို Training Masks တွေက Workouts ကစားချိန်မှာ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ကို ဖြစ်စေပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနဲ့ ဖိအားအောက်မှာ ကြံကြံခံ လေ့ကျင့်ခန်းကစားရတဲ့ အားကစားသမားသုံး ကိရိယာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Training Masks တွေကို အသုံးပြုတာက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုကိုလည်း တိုးတက်စေဖို့ အထောက်အကူပြုတာ ဖြစ်ပါတယ်။

Source : Oxygen Advantage

Featured Photo : Ultimate Kilimanjaro