ချဲလ်ဆီးအသင်းဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျတ်မူကို အားပေးကူညီတဲ့အနေနဲ့ ရောဂါထိန်းချုပ်ရန် တာဝန်ထမ်းဆောင်နေသော ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ဝန်ထမ်းများကို စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအနီးရှိ Millennium ဟိုတယ်တွင် အခမဲ့တည်းခိုနေထိုင်စေခဲ့ပါတယ်။
ဒါကို ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမို ဗစ်ချ် ကိုယ်တိုင်ခွင့်ပြုခဲ့တာဖြစ်ပြီး ကျန်းမာရေးလုပ်သားတွေနေမယ့် အခန်းခအားလုံးကို သူကအကုန်ကျခံမှာပါ။ Millennium ဟိုတယ်ဟာ 4 stars အဆင့်ရှိပြီး နယ်ဝေးမှလာရောက်ပြီး ဘောလုံးပွဲလာရောက်ကြည့်ရှုသူပရိသတ်တွေ လာရောက်တည်းခိုလေ့ရှိပါတယ်။
Source: Goal
ကျန်းမာရေးဝန်ထမ်းတွေကို အခန်းပေးနေထိုင်စေဖို့အတွက် ကျန်တဲ့ ဧည်သည့်တွေကို တခြားနေရာတွေမှာ ရွှေ့ပြောင်းတည်းခိုစေခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယခုအချိန်တွင် အင်္ဂလန်၌ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် ဆေးဝန်ထမ်းများမှာ ယခင်ကထက် ပိုမိုအလုပ်များလျက် ရှိနေပြီး အိမ်ကိုပြန်ပြီးနာချိန်မရှိတာရယ် သွားလာရေးအတွက် အချိန်အများကြီးပေးရတာရယ်ကြောင့် ပင်ပန်းနွမ်းနယ်မှုများ ထပ်မံမဖြစ်ပေါ်စေရန်နှင့် ကောင်းမွန်စွာအနားယူနိုင်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင့် ဟိုတယ်တာဝန်ရှိသူတွေက ပြောပါတယ်။
Source: Yahoo Sports
အခမဲ့နေထိုင်ခွင့်ပြုခြင်းကို (၂) လကြာ ခွင့်ပြုသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် တည်းခိုနေစဉ်ကာလအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုလက္ခဏာမပြသရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
Source: Radio Plymouth
အလားတူ မန်ယူကစားသမားဟောင်း ဂရေနဗီးကလည်း သူ့ရဲ့ဟိုတယ်ကို ကျန်းမာရေးဝန်ထမ်းတွေ တည်းခိုနိူင်အောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။ တခြားလာရောက်တည်းခိုတဲ့ ဧည်သည်တွေကို လက်မခံပဲ ကျန်းမာရေးဝန်ထမ်းတွေ အတွက် ကုတင်ပေါင်း ၁၇၆ ကုတင် အသင့်ပြင်ထားကြောင်းလည်း သူကပြောပါတယ်။