ကင်မရာ လည်း ကောင်းပြီး ဈေး လည်း မမြှောက်တဲ့ ဖုန်းဆိုတာ ကမ္ဘာပေါ်မှာ တကယ်ရှိလို့လား။ ရှိတာပေါ့ဗျာ။ ကင်မရာ လည်း ကောင်းပြီး ဈေး လည်း မမြှောက်တဲ့ ဖုန်းတွေကတော့ ဘက်ဂျက် အများကြီး မသုံးချင်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ ဈေးကွက်ထဲမှာ အခုဖော်ပြနေတဲ့ မော်ဒယ်အမျိုးအစားတွေက ကွီးတို့ ရှာနေတာနဲ့ တစ်သားတည်း ထပ်တူကျနေပါတယ်။
(၁) Google Pixel 7a

Photo: Business Insider
ကင်မရာမှ မဟုတ်ဘူး။ အကုန်လုံး အလုံးစုံကောင်းတဲ့ ဖုန်းမျိုးကို ရှာဖွေနေတယ်ဆိုရင်တော့ Google Pixel 7a က ကွီးတို့အကြိုက်နဲ့ ကွက်တိကျနေပါလိမ့်မယ်။ ဒီဇိုင်းကလည်း မိမိုက်နေပြီး ကွာလတီကလည်း ကောင်းတဲ့အပြင် Magic Eraser လို့ခေါ်တဲ့ မှော်ခဲဖျက်လေးနဲ့လည်း ပုံတွေကို Edit လုပ်ကာ ပြင်နိုင်ပါသေးတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၉၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။
(၂) Realme C35

Photo: Tech Advisor
Realme ကလည်း စမတ်ဖုန်း ချစ်သူများအကြား နာမည်ကြီးတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဘက်ဂျက် ဖုန်းကိုမှ ကင်မရာ ကောင်းတာမျိုးကို ရှာတယ်နေတယ်ဆိုရင်တော့ Realme C35 ကိုလည်း ကွီးတို့ စာရင်းထဲမှာ ထည့်ထားသင့်ပါတယ်။ ဒီမော်ဒယ်အမျိုးအစားရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၉ ဒေါ်လာသာ ပေးချေရမှာ ဖြစ်ပါတယ်။
(၃) Honor 50

Photo: The Verge
ပရီမံယမ် ကွာလတီလေးကိုမှ ဘက်ဂျက်နည်းနည်းလေးနဲ့ လိုချင်တယ်။ ဘက္ထရီ ကောင်းတာမျိုးလည်း ရှာနေတယ်ဆိုရင်တော့ Honor 50 က ကွီးတို့ အတွက်ပါပဲ။ ဒီမော်ဒယ်အမျိုးအစားက ဆယ်ဖီ ဆွဲချင်သူတွေအနေနဲ့ ဦးစားပေးသင့်တဲ့ အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။
(၄) Samsung Galaxy A53

Photo: My Everyday Tech
Samsung အမျိုးအစားထဲမှာလည်း ဘက်ဂျက် နည်းနည်းနဲ့ ကင်မရာလည်း ကောင်းတဲ့ အမျိုးအစားတစ်ခုရှိပါတယ်။ ထိုအမျိုးအစားကတော့ Samsung Galaxy A53 ပဲဖြစ်ပါတယ်။ သူ့မှာ အမိုက်စား စခရင်မ်မျိုး ပါရှိပြီး ကင်မရာ ရုပ်ထွက်လည်း အင်မတန်ကောင်းတယ်လို့ ညွှန်းလိုက်ရင် အပိုပြောရာ မကျဘူးလို့ မျှော်လင့်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၉ ဒေါ်လာ ပေးချေရမှာ ဖြစ်ပါတယ်။
(၅) OnePlus Nord 2T

Photo: Digital Trends
ဒီအမျိုးအစားလေးကတော့ ညဘက်မှာ ရိုက်ရင်တောင် အော်တို အလင်းအမှောင် ချိန်ပေးတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ Ultrawide နဲ့လည်း ရိုက်ကူးနိုင်ပြီး ကင်မရာ ကွာလတီကတော့ ကောင်းသမား မမေးပါနဲ့။ Storage ပိုင်းကတော့ 128GB ပဲ လိုချင်သလား၊ 256GB ပဲ လိုချင်သလား ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၃၈၉ ဒေါ်လာ ပေးချေရမှာပဲ ဖြစ်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဖုန်းတွေထဲက ဘယ်မော်ဒယ် အမျိုးအစားကို သဘောကျနေပါသလဲ။
Source: Creativebloq
Featured Image: Creativebloq
