ကမ္ဘာခြား သွားသလို ခံစားရလို့ အလွှာမခြားထားချင်ဘူးဆိုတဲ့ ညိုကီ တို့အတွက် ကွန်ဒုံးဆိုတာက အနှောင့်အယှက်တစ်ခုလို ဖြစ်နေပါတယ်။ တကယ်ပဲ ကွန်ဒုံးက ကွီးတို့အတွက် အနှောင့်အယှက် ဖြစ်စေတာလား။ အကျိုးကျေးဇူးတွေရော မရှိနိုင်ဘူးလား။
ကွန်ဒုံး အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ
ကွန်ဒုံးသည် လိင်ဆက်ဆံတဲ့အခါမှာ အသုံးပြုသင့်တဲ့ အကာအကွယ်ပစ္စည်းတစ်မျိုးဖြစ်ပြီး လိင်မှတဆင့် ကူးစက်တဲ့ ရောဂါတွေ (STIs) မှ ကာကွယ်ပေးနိုင်ပြီး ကာလတို သားဆက်ခြားနည်းတစ်ခုအနေနဲ့ ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်စွမ်းရှိပါတယ်။ ယနေ့ခေတ်လို ပွင့်လင်းမြင်သာနေတဲ့ ခေတ်ကြီးမှာဆိုရင် ကွန်ဒုံးကို ဆေးဆိုင်များ၊ Convenience စတိုးနဲ့ သားဆက်ခြား ဆေးခန်းတွေမှာ လွယ်ကူသက်သာစွာ ဝယ်ယူရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး အကျိုးကျေးဇူးတွေ ရှိနေတာတောင် ဘာ့ကြောင့် အသုံးမပြုချင်ကြတာလဲ
တချို့က ကွန်ဒုံး ဝယ်ရတာကို ရှက်စရာတစ်ခုလို တွေးပြီး မဝယ်ချင်ကြပါဘူး။ ဒါ့အပြင် လိင်ဆက်ဆံရာမှာ ကမ္ဘာခြား သလို ခံစားရတဲ့အတွက်ကြောင့် အသုံးမပြုချင်ကြတဲ့ ညိုကီ တွေလည်း တစ်ပုံကြီးရှိပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင် ကိုယ့် အိမ်ထောင်ဖက်၊ ဇနီးသည် တစ်ယောက်တည်းနဲ့ လိင်ဆက်ဆံတာမျိုးဆို ပြဿနာမရှိပေမယ့် တစ်ယောက်ထက်ပိုတဲ့ လိင်ဆက်ဆံမှုမျိုးဆိုရင်တော့ လိင်မှတဆင့် ကူးစက်တတဲ့ ရောဂါများရဲ့ အန္တရာယ်ကို တွေးပူဖို့ လိုလာပါပြီ။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အခြေအနေပေါ် မူတည်ပြီး အပြောင်းအလဲ ပြုလုပ်သင့်ပါတယ်။
ဘယ်လို ကွန်ဒုံး အမျိုးအစားများကို ရွေးချယ် ဝယ်ယူသင့်သလဲ
ကွန်ဒုံးလို့ ပြောလိုက်ရင် ယေဘုယျအားဖြင့် တစ်ခုတည်းပဲ ရှိတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ သူ့အမျိုးအစားနဲ့သူ ကွဲသွားတတ်ပါတယ်။
Latex ကွန်ဒုံးကတော့ သဘာဝရာဘာကနေ ထုတ်လုပ်ထားပြီး လိင်ဆက်ဆံမှုကြောင့် ဖြစ်တဲ့ ကူးစက်မှု STIs တွေ ၊ မလိုချင်ဘဲ ကိုယ်ဝန်ရနိုင်မှုတွေကို ကာကွယ်တားဆီးနိုင်ပါတယ်။ ရာဘာနဲ့ ဓါတ်မတည့်သူတွေဆို ယားယံတာ ၊ နီရဲတာတွေ ဖြစ်နိုင်လို့ Latex ကွန်ဒုံး မသုံးသင့်ပါဘူး။
Thin and Ultra Thin ကွန်ဒုံးကတော့ အလွှာခြားရင် ကမ္ဘာခြား တယ်ဆိုပြီး စိတ်ညစ်နေရတဲ့ ညိုကီ တို့အတွက် အသင့်တော်ဆုံးပါပဲ။
Polyisoprene ကွန်ဒုံးကတော့ ရော်ဘာဒြပ်ပေါင်းနဲ့ ထုတ်ထားပြီး Latex လို ရော်ဘာကြောင့် ယားယံတဲ့ ခံစားမှုမျိုးမရှိပါဘူး။
Spermicide ကွန်ဒံးအမျိုးအစားကတော့ သုတ်ပိုးကို သတ်နိုင်တဲ့ ဓာတုပစ္စည်း သုတ်ထားတာကြောင့် ကလေးမလိုချင်သူများအတွက် သင့်တော်ပါတယ်။
Specialty ကွန်ဒုံးကတော့ အဖုအထစ်လေးတွေ ပါပြီး အရောင်၊ အနံ့လေးတွေပါ ထည့်ထားတာကြောင့် လိင်မှုကိစ္စသာယာရေးအတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်မရအောင် တားတာမျိုးအတွက်ဆိုရင်တော့ သိပ်ကာကွယ်မပေးနိုင်ပါဘူး။
ကဲ…ဒါဆိုရင် ကွီးတို့ရော၊ ဘယ်ကွန်ဒုံးအမျိုးအစားကို အသုံးပြုချင်ပါသလဲ။
Featured Image: Nypost