ယေဘူယျအားဖြင့် ပုံမှန် ဘီယာ အများစုက ၁၂ အောင်စလျှင် ကယ်လိုရီ ၁၅၀ ခန့်နှင့် အရက်ပမာဏ (ABV) ၄ ရာခိုင်နှုန်းခန့် ပါရှိပါတယ်။ အရက်တစ်ဂရမ်မှာ ကယ်လိုရီ (၇) လောက် ပါဝင်တာကြောင့် ဘီယာတော်တော်များများ ကယ်လိုရီနည်းတယ်လို့ ပြောလို့ရပါတယ်။ ဒါအပြင် အရက်ပမာဏကလည်း နည်းပါတယ်။ ဒါပေမယ့် ဘီယာအားလုံးကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ကွီးအနေနဲ့ ဘီယာကို ပုံမှန်သောက်တတ်တယ် ဆိုရင် ဝိတ်တက်မှာ စိုးရိမ်နိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီနည်းသော ဘီယာများကို ရွေးချယ် သောက်သင့်ပါတယ်။ ဒါကြောင့် ဝိတ်တက်မှာ ကြောက်တဲ့ ကွီးတို့အတွက် ကယ်လိုရီနည်းသော ဘီယာများ ကို ဖော်ပြပေးချင်ပါတယ်။
Michelob Ultra Pure Gold

Photo : Roger Wilco
ဝိတ်တက်မှာ ကြောက်တဲ့ ကွီးတို့အတွက် ကယ်လိုရီနည်းသော ဘီယာများ ထဲက ပထမဆုံးဖော်ပြချင်တဲ့ ဘီယာကတော့ Michelob Ultra Pure Gold ဖြစ်ပါတယ်။ ဒီ ဘီယာကတော့ ဝိတ်တက်မှာ ကြောက်တဲ့ ကွီးအတွက် သောက်သင့်တဲ့ ကယ်လိုရီနည်းသော ဘီယာ တစ်မျိုး ဖြစ်ပါတယ်။ (၁၂) အောင်စမှာ ကယ်လိုရီ ၈၅၊ ကာဗိုဟိုက်ဒရိတ် က (၂.၅) ဂရမ်၊ အယ်လ်ကိုဟော ၃.၈ ရာခိုင်နှုန်းဘဲ ပါဝင်ပါတယ်။ ကယ်လိုရီနည်းတဲ့ စာရင်းမှာ ပါဝင်ပေမဲ့ လန်းဆန်းတဲ့ အရသာက ကွီးကို ဖမ်းစားနိုင်မှာပါ။
CORONA Premier

Photo : Gopuff
ကယ်လိုရီနည်းသော ဘီယာများ ထဲက နောက်တစ်မျိုးက ကယ်လိုရီ(၉၀)၊ ကာဗိုဟိုက်ဒရိတ် (၂.၆) ဂရမ်၊ အယ်လ်ကိုဟော ၄ ရာခိုင်နှုန်းပါဝင်တဲ့ Corona Premier ဘီယာ ဖြစ်ပါတယ်။ ကြွပ်ဆတ်ပြီး လန်းဆန်းတဲ့ အရသာရှိပြီး အထူးသဖြင့် ပင်လယ်စာတွေနဲ့ လိုက်ဖက်တဲ့ ဒီ ဘီယာကတော့ ဝိတ်တက် မှာ မစိုးရိမ်ရပါဘူး။
DOGFISH HEAD Slightly Mighty Lo-Cal IPA

Photo : Forxtort
ကယ်လိုရီ (၉၅)၊ ကာဗိုဟိုက်ဒရိတ် (၃.၆) ဂရမ် နဲ့ အယ်လ်ကိုဟော ၄ ရာခိုင်နှုန်း Dogfish Head ဘီယာကတော့ အရသာရှိသော ဘီယာလို့ လူသိများပါတယ်။ ကယ်လိုရီနည်းတဲ့ ဘီယာ များ ထဲက တစ်မျိုးဖြစ်လို့ ဝိတ်တက်မှာ မဟုတ်ပါဘူး။
Michelob Ultra Superior Light Beer

Photo : H-E-B
ကယ်လိုရီနည်းသော ဘီယာများ ထဲမှာပါတဲ့ Michelob Ultra Superior Light Beer ကို ဝိတ်တက်မှာ ကြောက်တဲ့ ကွီးတို့ သောက်သင့်ပါတယ်။ သဘာဝ မဟုတ်သော အရောင်နဲ့ အရသာတွေ မပါတဲ့ ဒီဘီယာမှာ ကယ်လိုရီ (၉၅)၊ ကာဗိုဟိုက်ဒရိတ် (၂.၆) ဂရမ် နဲ့ အယ်လ်ကိုဟော ၄.၂ ရာခိုင်နှုန်း ပါဝင် ပါတယ်။
ဝိတ်တက်မှာ ကြောက်တဲ့ ကွီးတို့အတွက် ကယ်လိုရီနည်းသော ဘီယာများ ထဲမှာ Natural Light Light Lager, Firestone Flyjack Hazy IPA, Miller Lite Lager, Goose Island So-Lo IPA စတဲ့ ဘီယာတွေလည်း ပါဝင်ပါတယ်။ ကွီးတို့ ကြိုက်တဲ့ အမျိုးအစားကို ရွေးချယ် သောက်သုံးနိုင်ပါတယ်။
Source : Good House Keeping
Fratured Photo : Forbes
