အမျိုးအစားပေါ် လိုက်ပြီး အယ်လ်ကိုဟောတစ်ခွက်မှာ ကယ်လိုရီ ၁၀၀ ကနေ ၃၀၀ အတွင်း ရှိတတ်ပါတယ်။ ကော့တေးလ်တွေဆိုရင် သကြားပါတဲ့ Mixers တွေ သုံးလို့ ကယ်လိုရီ ပိုမြင့်တတ်ပါတယ်။ ကယ်လိုရီ နည်းနည်းနဲ့ ယမကာ အရသာ ခံစားချင်သူတွေအတွက် ကယ်လိုရီနည်းတဲ့ Low-Calorie Alcohol မျိုး ရွေးချယ်ဖို့ လိုပါတယ်။ ကယ်လိုရီ ပါဝင်မှုနည်းပြီး သောက်လို့ကောင်းတဲ့ ယမကာ တချို့အကြောင်းကို ဒီတစ်ခေါက် မျှဝေတင်ဆက်ပေးချင်ပါတယ်။

(၁) Light Beer

Light-Beer

Photo : lemonsforlulu

အပျော့စား Light Beer တစ်ခွက်ဟာ နွေရာသီ BBQ နဲ့ အလိုက်ဖက်ဆုံး ယမကာဖြစ်သလို ကျန်းမာရေးအမြင်အရ ကြည့်မယ်ဆိုရင်လည်း ကယ်လိုရီနည်းတဲ့ Low-Calorie Drinks ဖြစ်လို့ သောက်ဖို့ ညွှန်းချင်ပါတယ်။ ကယ်လိုရီ ပါဝင်မှုအရဆိုရင် Light Beer 330ml တစ်ခွက်ဟာ ကယ်လိုရီ ၈၀ ကနေ ၁၀၀ အကြား ရှိပါတယ်။ ကယ်လိုရီပါဝင်မှု နည်းပြီး Smooth ဖြစ်လို့ အခုလို ပူပြင်းတဲ့ ရာသီနဲ့ပါ အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။

(၂) Amaro Liqueur

amaro

Photo : lemonsforlulu

အီတလီဆေးဖက်ဝင် ယမကာတစ်မျိုး ဖြစ်တဲ့ Amaro Liqueur ကလည်း ကယ်လိုရီ ၁၀၀ အောက် သောက်စရာ ယမကာတစ်မျိုး ဖြစ်ပါတယ်။ ညစာစားပြီးချိန်မှာ အစာကြေဆေးအနေနဲ့ After-Meal အဖြစ် မော့ကြပြီး ချိုခါးအရသာ ရှိပါတယ်။ ဆေးဖက်ဝင် သစ်သီးသစ်ဥ ၊ ပန်းနဲ့ သဘာဝ အစိတ်အပိုင်းတွေ သုံးထားလို့ ကျန်းမာရေးအတွက်လည်း ကောင်းတယ်လို့ ဆိုရမှာပါ။ Amaro Liqueur အုပ်စုထဲမှာ နာမည်ကျော် Jagermeister ၊ Campari ၊ Amer Picon နဲ့ Fernet တို့ ပါဝင်ပြီး 50ml ကို ၉၇ ကယ်လိုရီ ရှိတယ်လို့ ဆိုပါတယ်။

(၃) Hard Seltzer

Hard-Seltzer

 

Photo : lemonsforlulu

သစ်သီးနံ့လေး သင်းပြီး သောက်ရတာ ပေါ့ပါးသလောက် ကျား/မ မရွေး အရသာအကြိုက်တွေ့မယ့် ယမကာဖြစ်ပါတယ်။ Hard Seltzers ဟာ သစ်သီးတွေရဲ့ ရနံ့နဲ့ ဖော်စပ်ထားပြီး ကြံကို ပြန်ချက်လုပ်ထားတာပါ။ တစ်ခါတလေမှာ Fruit Juice ၊ Soda Water တို့နဲ့ တွဲ သောက်လေ့ရှိပါတယ်။ 335 ml မှ ကယ်လိုရီ ၉၉ ပဲ ပါလို့ ဝိတ်မတက်ချင်သူတို့ စိတ်ချလက်ချ သောက်လို့ ရမယ့် ယမကာတစ်မျိုးပါပဲ။

(၄) White Wine

White-Wine

Photo : lemonsforlulu

ဝိုင်ဖြူ White Wine ၁၅၀ မီလီ လီတာမှာ ၁၂၃ ကယ်လိုရီ ပါဝင်ပါတယ်။ White Wine တွေက Red Wine တွေထက် Alcohol ပါဝင်မှု နည်းသလို ကယ်လိုရီအချိုးအစားလည်း ပါဝင်မှု ပိုနည်းပါတယ်။ ဝိုင်ဖြူထဲမှာ Chardonnay, Pinot Gris နဲ့ Sauvignon Blanc တို့က နာမည်ကျော်ပါတယ်။

(၅) Whisky

Whisky

Photo : lemonsforlulu

ယောကျာ်းတွေအကြိုက် ယမကာ စာရင်းမှာ ဝီစကီက ထိပ်ဆုံးက ပါနိုင်ပါတယ်။ ဝီစကီဟာ ကယ်လိုရီနည်းတဲ့ Low-Calorie Alcohol အဖြစ်လည်း လူကြိုက်များပါတယ်။ ကမ္ဘာပေါ်မှာ ဝီစကီနဲ့ ပတ်သက်ပြီး ရွေးစရာ Brands တွေလည်း အများကြီးပါပဲ။ ဥပမာအားဖြင့် Jim Beam ၊ Jack Daniel’s ၊ Fireball Cinnamon တို့ဆို နာမည်ကြီး Brands တွေ ဖြစ်ကြပါတယ်။ ဝီစကီ ၁၀၀ မီလီ လီတာမှာ ကယ်လိုရီ ၁၁၀ ခန့် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီယမကာတွေအပြင် နောက်ထပ် ရွေးချယ်နိုင်မယ့် Low-Calorie Alcohol တွေလည်း အများကြီး ရှိပါတယ်။ ဒီလို Alcohol List ထဲမှာ Vodka Soda – 133 Calories per 225 ml ၊ Bloody Maria – 97 Calories per 200 ml ၊ Prosecco – 89 Calories per 125 ml ၊ Champagne – 89 Calories per 125 ml ၊ Gin and Diet Tonic – 128 Calories per 174 ml နဲ့ Dry Sherry – 98 Calories per 100 ml တို့ကိုလည်း ပေါ့ပေါ့ပါးပါး Low-Calorie ယမကာအနေနဲ့ မြည်းစမ်းနိုင်မှာပါ။

Featured Photo : manofmany