ချစ်တင်းနှောတယ်ဆိုတာဟာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုပါပဲ။ လေ့လာမှုများစွာအရ လိင်မှုဆိုင်ရာလှုပ်ရှားမှုတွေ ပြုလုပ်တဲ့အခါမှာ ခန္ဓာကိုယ်ဟာ စက်ဘီးစီးခြင်းကဲ့သို့ အားကစားလှုပ်ရှားမှု လုပ်ဆောင်တာနဲ့ တူညီတဲ့ အကျိုးသက်ရောက်မှုရှိတယ်လို့ ဆိုထားပါတယ်။ PLOS ONE ဂျာနယ်ရဲ့ လေ့လာမှုတစ်ခုအရ အမျိုးသမီးတွေဟာ ချစ်တင်းနှောနေစဉ် တစ်မိနစ်လျှင် ၃.၁ ကယ်လိုရီ လောင်ကျွမ်းပြီး အမျိုးသားတွေမှာ တစ်မိနစ်လျှင် ၄.၂ ကယ်လိုရီ လောင်ကျွမ်းစေတယ်လို့ ဖော်ပြထားပါတယ်။ ချစ်တင်းနှောခြင်းဟာ ကိုယ်အလေးချိန် လျှော့ကျစေတဲ့ အကျိုးသက်ရောက်မှု ရှိပြီး အိပ်ရာပေါ် ၂၅ မိနစ်ကြာ ချစ်တင်းနှောခြင်းက ကိုယ်အလေးချိန် ၆၈ ကီလိုဂရမ်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ၈၈ ကယ်လိုရီ လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်အလေးချိန် ၈၂ ကီလိုဂရမ်ရှိတဲ့ အမျိုးသားတစ်ဦးဟာ တစ်ချိန်တည်းမှာ ၁၀၆ ကယ်လိုရီ လောင်ကျွမ်းစေနိုင်စွမ်း ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်တင်းနှောချိန်မှာ ကယ်လိုရီများများ လောင်ကျွမ်းစေမယ့် အချစ်သိုင်းကွက် ၃ ခုကို မျှဝေပေးချင်ပါတယ်။
(၁) မတ်တတ် သိုင်းကွက်
Photo : Freepik
သင်ရောသင့်ပါတနာပါ နှစ်ဦးလုံး မတ်တတ်ရပ်အနေထားနဲ့ ချစ်တင်းနှောတဲ့ သိုင်းကွက်ဟာ အနည်းငယ် သက်တောင့်သက်သာ မရှိဘူးထင်ရပေမယ့် ကယ်လိုရီ လောင်ကျွမ်းမှုကတော့ အင်မတန်များပါတယ်။ ဒီသိုင်းကွက်ဟာ ခြေထောက်နဲ့ အောက်ပိုင်းကြွက်သားတွေအတွက် အံ့ဩစရာကောင်းလောက်အောင် အလုပ်ဖြစ်စေပြီး ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးမှာ ကယ်လိုရီ ၅၀၀ ကျော်လောင်ကျွမ်းနိုင်ကာ အမျိုးသားတွေမှာတော့ ကယ်လိုရီ၁၀၀ ကနေ ၁၅၀ ကြား လောင်ကျွမ်းနိုင်စွမ်း ရှိပါတယ်။
(၂) ကောင်းဘွိုင် သိုင်းကွက်
Photo : Shutterstock
ဒီသိုင်းကွက်ကတော့ လူကြိုက်များသလို အတော်လည်းအသုံးများတဲ့ သိုင်းကွက်တစ်ခုပါ။ Doggy Style လို့ လူသိများတဲ့ ကောင်းဘွိုင် သိုင်းကွက် ကိုယ်ဟန်အနေအထားမှာဆိုရင် မိနစ် ၂၀ အတွင်း အမျိုးသမီးတွေမှာ ကယ်လိုရီ၈၀ ခန့် လောင်ကျွမ်းနိုင်ပြီး အမျိုးသားတွေမှာတော့ ကယ်လိုရီ ၁၂၀ ခန့် လောင်ကျွမ်းနိုင်စွမ်း ရှိပါတယ်။ ဒီသိုင်းကွက်ဟာ အမျိုးသားတွေရဲ့ Quads နဲ့ Core ကြွက်သားတွေကို သန်မာစေပြီး အမျိုးသမီးတွေအတွက်တော့ Quadriceps နဲ့ Glutes ကြွက်သားတွေအပေါ် သက်ရောက်မှု ရှိစေပါတယ်။
(၃) ကြာပန်း သိုင်းကွက်
Photo : Man Matters
ကြာပန်း သိုင်းကွက်ဟာ သင်နဲ့သင့်ပါတနာ နှစ်ဦးလုံး မျက်နှားချင်ဆိုင် ရင်ချင်းအပ်အနေအထားနဲ့ ထိုင်လျက် ချစ်တင်းနှောရမယ့် ပုံစံပါ။ ခန္ဓာကိုယ်နှစ်ခု ပိုမိုနီးကပ်မှုရှိစေပြီး တစ်ဦးနဲ့တစ်ဦး ရင်ခုန်သံချင်းဖလှယ်လို့ရနိုင်မယ့် သိုင်းကွက်ဖြစ်တာကြောင့် ရင်းနှီးမှုတိုးစေမယ့်အပြင် ခန္ဓာကိုယ်ကို လှုပ်ရှားပြီး သိုင်းကွက်ထုတ် ကစားရမှာဖြစ်တာကြောင့်လည်း ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။ ကြာပန်း သိုင်းကွက်နဲ့ ချစ်တင်းနှောမယ်ဆိုရင် အမျိုးသမီးတွေမှာ ကယ်လိုရီ ၁၀၀ ခန့် လောင်ကျွမ်းစေပြီး အမျိုးသားတွေမှာတော့ ကယ်လိုရီ၄၀ ကနေ ၇၀ ခန့် လောင်ကျွမ်းစေနိုင်ပါတယ်။
Featured Photo : Unsplash