တရုတ်ကား ကုမ္ပဏီ Geely ပိုင် Meizu စမတ်ဖုန်း အမှတ်တံဆိပ်ကနေ ဒီနေ့မှာတော့ စမတ်ဖုန်း အသစ်တစ်လုံး မိတ်ဆက်သွားခဲ့ပါတယ်။ ဒီဖုန်းကို Meizu 20 Classic လို့ နာမည်ပေးထားပြီး လှပတဲ့အရောင် ၃ မျိုးနဲ့ ထုတ်ထားကာ 16 GB RAM ပါဝင်မှာ ဖြစ်ပါတယ်။

Meizu 20 Classic

Photo : Gizmochina

Meizu 20 Classic ဖုန်းဟာ အရင်ထွက်ခဲ့တဲ့ Meizu 20 နဲ့ အားလုံးနီးပါဆင်တူပေမယ့် မတူတာကတော့ အရောင်အသစ်တွေနဲ့ RAM ပါဝင်မှု ပိုများတာ ဖြစ်ပါတယ်။ Meizu 20 Classic ဖုန်းမှာ Snapdragon 8 Gen 2 မောင်းနှင်ထားပြီး ၆.၅၅ လက်မ OLED ဘောင်ပတ်လည် မျက်နှာပြင်ကို တပ်ဆင်ပေးထားပါတယ်။

Full HD+ Resolution နဲ့ 144 Hz Refresh Rate ထောက်ပံ့ပေးထားပြီး 32 MP f/2.45 ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားတဲ့ Punch Hole တစ်ခု ပါဝင်ပါတယ်။ ကျောဘက်မှာတော့ 50 MP Main ကင်မရာ ၊ 16 MP Ultrawide နဲ့ 5 MP Depth Sensing ကင်မရာတွေကို LED Flash မီး ၁ လုံးနဲ့ တွဲဖက်တပ်ဆင်ပေးထားပါတယ်။

Meizu 20 Classic

Photo : GSMArena.com

ဘက်ထရီ ပမာဏကတော့ 4,700 mAh ရှိပြီး 67W အားသွင်းနှုန်းနဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ Meizu 20 Classic ဖုန်းဟာ VC နဲ့ 4,000 sq.mm အတွင်းပိုင်း အအေးပေးစနစ်ပါတဲ့ စွဲမက်စရာ စမတ်ဖုန်းတစ်လုံး ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

Meizu 20 Classic ဖုန်းမှာ Android 13 အခြေပြု Flyme 10 ကို အသုံးပြုထားပြီး Flyme Auto စနစ်ထောက်ပံ့ပေးထားတဲ့ ကားတွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အရောင်အသစ်တွေ အနေနဲ့ကတော့ Green ၊ Iron Gray နဲ့ White ဆိုပြီး အရောင် ၃ မျိုး ရွေးချယ်စရာ ပေးထားပြီး Meizu 20 နဲ့ မတူတာကတော့ ပြောင်လက်နေတဲ့ ကျောဘက်ဘောင်ဒီဇိုင်းနဲ့ Meizu လိုဂိုအသစ်ကိုအထာကျကျ ထည့်သွင်းထားတဲ့ ဒီဇိုင်းနဲ့ လာမှာဖြစ်ပါတယ်။

Meizu 20 Classic

Photo : ShiftDelete.Net

Meizu 20 Classic ဖုန်းရဲ့ ဈေးနှုန်းတွေကတော့ 16/256 GB ဗားရှင်းအတွက် ယွမ် ၃,၀၉၉ ခန့်နဲ့ 16/512 GB ဗားရှင်းအတွက်ကိုတော့ ယွမ် ၃,၃၀၀ ခန့် အသီးသီးကျသင့်မှာဖြစ်ပြီး Meizu ကုမ္ပဏီရဲ့ တရားဝင်ဝဘ်ဆိုက်နဲ့ တရုတ်နိုင်ငံရှိ လက်လီအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : GSMArena.com