ကိုယ်ကိုယ်ကိုယ် ဂရုစိုက်တဲ့ အမျိုးသားတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်က ဘာလို့ ထင်ပါသလဲ။ အဖြေကတော့ တစ်ကိုယ်ရည်သန့်ရှင်းရေးပါ။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို လူတိုင်းလိုက်နာသင့်ပြီး မိမိရဲ့ အသွင်အပြင်အတွက်သာမက ကျန်းမာရေးအတွက်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်ဆိုတာ နားလည်ထားရပါမယ်။ အမျိုးသားအများစုက သန့်ရှင်းမှုရဲ့အရေးပါပုံကို သိကြသော်လည်း အချို့က လျစ်လျူရှုတာကြောင့် ကျန်းမာရေးအပေါ် ဆိုးဝါးသော သက်ရောက်မှုတွေ ဖြစ်လာစေပါတယ်။ ဒါ့ကြောင့် တစ်ကိုယ်ရည် သန့်ရှင်းရေးကို အလေးပေးပါ။ ဒီနေ့မှာတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ အမျိုးသားတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အထတွေကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

ရေကို ပုံမှန်ချိုးပါ

ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့

Photo : Live Strong

ကွီးတို့အနေနဲ့ တစ်နေ့ကို ပုံမှန် တစ်ခါ သို့မဟုတ် နှစ်ခါ ရေချိုးပေးခြင်းဖြင့် တစ်ကိုယ်ရည် သန့်ရှင်းရေးကို ထိန်းသိမ်းပေးသင့်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းတွေ၊ လှုပ်ရှားမှုတွေ ပြုလုပ်တဲ့အခါ ချွေးထွက်နိုင်ပြီး ရေချိုးတာကို နှောင့်နှေးနေတယ်ဆိုရင် ခန္ဓာကိုယ် အနံ့အသက်ဆိုးတွေ ထွက်လာနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ရေချိုးခြင်းနဲ့အတူ ခံတွင်းသန့်ရှင်းရေးကိုပါ ထိန်းသိမ်းပေးပါ။ တစ်နေ့ကို ၂ ကြိမ် သွားပုံမှန်တိုက်ပေးဖို့ လိုပါတယ်။

ခေါင်းကိုလည်း ပုံမှန်လျှော်ပေးပါ

ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့

Photo : Real Man Real Style

ယောက်ျားလေး တော်တော်များများက ဆံပင်ကို အတိုထားတဲ့အတွက် ခေါင်းလျှော်တာကို သိပ်ပြီး အလေးမပေးကြပါဘူး။ ဒါ့အပြင် ခေါင်းလျှော်ရည်သီးသန့်မသုံးဘဲ ဆပ်ပြာနဲ့ ခေါင်းလျှော်တာမျိုး ပြုလုပ်ကြပါတယ်။ ဒီလို လုပ်မိနေတယ်ဆိုရင် အခုချက်ချင်းရပ်လိုက်ပါ။ ကြာလာရင် ဦးရေပြားနဲ့ ဆံပင်ကို ပျက်စီးစေနိုင်ပါတယ်။ အမျိုးသားများအတွက် တစ်ပတ်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့် ခေါင်းလျှော်ရင် လုံလောက်ပါတယ်။ နောက်တစ်ချက်ကတော့ ဆံပင်တွေ သပ်သပ်ရပ်ရပ် ရှိနေဖို့ကလည်း အရေးကြီးပါတယ်။

နှုတ်ခမ်းမွှေးများကို ပုံမှန်ရိတ်ပါ

ကိုယ့်ကိုယ်ကို ဂရုစိုက်တဲ့

Photo : Mademan

ဆံပင်တွေကို သပ်ရှင်းသပ်ရပ်စွာထားဖို့ လိုသလို မုတ်ဆိတ်မွှေးတွေကိုလည်း သပ်ရပ်သန့်ရှင်းဖို့ အရေးကြီးပါတယ်။ ပုံမှန် မုတ်ဆိတ်ရိတ်ပြီး သန့်ရှင်းစွာ ထားပါ။ ကွီးတို့က မုတ်ဆိတ်မွှေးအရှည်ထားရတာ သဘောကျတဲ့ဆိုပါက သပ်ရပ်စွာထားပြီး ပုံမှန်သန့်ရှင်းရေးကို ဂရုပြုပါ။

လက်သည်းခြေသည်းများကို ပုံမှန်ညှပ်ပါ

Photo : The Guardian

အမျိုးသားများ အနေနဲ့လည်း လက်သည်းခြေသည်းများကို အလေးထားပြီး ပုံမှန်ညှပ်ပေးသင့်ပါတယ်။ ရှည်လျားနေသော ခြေသည်းလက်သည်းတို့က ကွီးတို့ကို သပ်ရပ်မှုမရှိခြင်းကို သိသာစေသည်သာမက ကျန်းမာရေးနဲ့လည်း မညီညွှတ်ပါဘူး။ ဒါ့အပြင် ရှည်လျားနေတဲ့ လက်သည်းခြေသည်းများက အညစ်အကြေးတွေ အလွယ်တကူဝင်နိုင်ပြီး ရှယ်ဖွယ်လည်းကောင်းပါတယ်။

လိင်ပိုင်းဆိုင်ရာ သန့်ရှင်းရေးကို အလေးထားပါ

Photo : Man Matters

လိင်အင်္ဂါတစ်ဝိုက်သန့်ရှင်းရေးက အမျိုးသမီးများကဲ့သို့ပင် အမျိုးသားများအတွက်လည်း အရေးကြီးပါတယ်။ ပထမဆုံးအချက်အနေဖြင့် အမျိုးသားများက လိင်အင်္ဂါတစ်ဝိုက် အမွှေးအမျှင်များကို သပ်ရပ်သန့်ရှင်းစွာ ညှပ်ထားသင့်ပါတယ်။ ရှည်လျားသော အမွှေးအမျှင်များက စိတ်မသက်မသာဖြစ်စေနိုင်ရုံသာမက အနံ့အသက်လည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် အမွှေးအမျှင်များ ရှည်လျားခြင်းက ကျန်းမာရေးနဲ့ မညီညွတ်သလို ကူးစက်ရောဂါဖြစ်စေတဲ့ ချွေးထွက်များတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက် အနေနဲ့ကတော့ လိင်အင်္ဂါတစ်ဝိုက် ‌ဆေးကြောသန့်ရှင်းရေး လုပ်ရာမှာ ဓာတုပစ္စည်း အလွန်အကျွံပါတဲ့ ဆပ်ပြာတွေ အသုံးပြုခြင်းကို ရှောင်ပါ။

အခုဖော်ပြပေးလိုက်တဲ့ အချက်တွေကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ အမျိုးသားတိုင်း လိုက်နာကျင့်သုံးသင့်တဲ့ ကျန်းမာရေး အလေ့အထတွေပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးပေးပြီး သပ်ရှင်းသပ်ရပ်စွာနေထိုင်ခြင်းက ကျန်းမာရေးအတွက်လည်းကောင်းသလို မိမိရဲ့ Impression ကိုလည်း ကောင်းစေပါတယ်။

Source : Onlymyhealth

Featured Photo : Zigverve