အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ အထွတ်အထိပ် (Orgasm) ရောက်ပုံချင်း မတူပါဘူး။ အမျိုးသားတွေအတွက် သုက်လွှတ်ပြီဆိုရင် အထွတ်အထိပ် ရောက်နေပြီဆိုတာ သိနိုင်ပေမယ့် အမျိုးသမီးတွေမှာ ခရီးရောက် မရောက်ကို သိနိုင်ဖို့ ခက်ခဲပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အထွတ်အထိပ်ရောက်ဖို့က အမျိုးသားတွေနဲ့ ယှဉ်ရင်ပိုခက်ခဲသလို အပေါ်ယံကြည့်ရုံနဲ့လည်း သိနိုင်ဖို့ ခဲယဉ်းပါတယ်။
Photo : Cosmopolitan
အထွတ်အထိပ် Orgasm ဆိုတာ စိတ်ခံစားမှု အမြင့်ဆုံးကို ရောက်ရှိလာတာဖြစ်ပြီး လိင်စိတ်တက်ကြွနိုးကြားမှု ထိပ်ဆုံးရောက်နေချိန်မှာ ခန္ဓာကိုယ်က တင်းကျပ်နေတဲ့ ကြွက်သားတွေ အားလုံးပြေလျော့သွားတဲ့ သဘောဖြစ်ပါတယ်။ အမျိုးသားတွေမှာ သုက်လွှတ်တယ်ဆိုရင် အထွတ်အထိပ် ရောက်တာသိနိုင်သလို တစ်ခါတစ်လေ အမျိုးသမီးတွေမှာလည်း သူတို့ရဲ့ လိင်အင်္ဂါကနေ ပြီးမြောက်ခြင်း အရည်တွေ ထွက်တက်ပါတယ်။
ဒါပေမယ့် အမျိုးသမီးတွေက တစ်ယောက်နဲ့တစ်ယောက် ခရီးရောက် ပုံချင်းကလည်း မတူပြန်ပါဘူး။ အချို့က မိန်းမကိုယ်ကို နှိုးဆွပေးစရာမလိုပဲ အာရုံခံစားမှု အမြင့်ဆုံးနေရာဖြစ်တဲ့ Clitoris ကို နှိုးဆွပေးခြင်းဖြင့် Orgasm ရနိုင်ပါတယ်။ အချို့ကလည်း G-spot နေရာ နှိုးဆွခြင်းဖြင့် အထွတ်အထိပ်ကို ခံစားရနိုင်ပါတယ်။
သင့်ပါတနာ ခရီးရောက် နေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ ???
Photo : GQ
ဒီမေးခွန်းအတွက် အဖြေကတော့ သင့်ပါတနာ ဘယ်အချိန်မှာ ခရီးရောက် နေပြီဆိုတာ တပ်အပ်ပြောနိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် သင်လုပ်နိုင်တဲ့ အကောင်းဆုံးအရာကတော့ မကြာခဏဆိုသလို သင့်ပါတနာနဲ့ ပွင့်ပွင့်လင်းလင်း ရှိတဲ့ဆက်ဆံရေးကို တည်ဆောက်ထားဖို့နဲ့ သူတို့ပြောတဲ့ စကားတွေကို သေချာနားထောင်ပြီး မေးခွန်းတွေ မေးဖို့ပါ။ သူတို့အတွက် စိတ်ကျေနပ်စေတဲ့အရာကို သင်လေ့လာနိုင်ပြီး သင့်ကိုလည်း စိတ်ကျေနပ်မှု ပေးနိုင်မယ့်အရာကိုလည်း ညှိနှိုင်းရယူနိုင်ပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ အထွတ်အထိပ် (Orgasm) ခံစားမှုဟာ အချိန်နဲ့အမျှ ပြောင်းလဲတက်တာကြောင့် အဓိကကတော့ သင့်ပါတနာနဲ့ ပွင့်လင်းစွာ ပြောဆိုဖို့ လိုပါတယ်။ လက်တွေ့ ဘဝက လိင်မှုဆိုင်ရာ ခံစားချက်တွေဟာ ကျွန်တော် မြင်ဖူးတဲ့ ညစ်ညမ်းရုပ်ရှင်တွေ ၊ ၁၈ ပလက် ဇာတ်ကားတွေထဲကလို အမြဲမတူနိုင်ဘူးဆိုတာကို နားလည်ထားရပါမယ်။ ရုပ်ရှင်တွေထဲမှာ လိင်ဆက်ဆံတဲ့ အခါတိုင်းနီးပါး အမျိုးသမီးတွေအနေနဲ့ အထွတ်အထိပ်ကို ရောက်လေ့ရှိတဲ့ ပြကွက်မျိုးတွေ မြင်ရပါတယ်။ ဒါဟာ တကယ့်လက်တွေ့ဘဝမှာတော့ အမြဲတမ်း မဖြစ်နိုင်ပါဘူး။ စိတ်ဖိစီးမှု ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေဟာလည်း အထွတ်အထိပ် ခံစားမှု (Orgasm) ကို ပျက်စီးနိုင်တယ်ဆိုတာ သိထားရပါမယ်။
ဒါကြောင့် သင့်ပါတနာနဲ့ အိပ်ရာပေါ်မှာ အချစ်ပွဲဆင်နွှဲကြတဲ့အခါ စိတ်ဖိစီးမှုနည်းပြီး သက်တောင့်သက်သာနဲ့ လွတ်လပ်ပေါ့ပါးမှုရှိဖို့ အလေးထားသင့်သလို တစ်ဦးနဲ့တစ်ဦး လိုချင်တဲ့ စိတ်ဆန္ဒတောင့်တမှုတွေကိုလည်း ပွင့်လင်းစွာ ပြောဆိုဖို့ လိုပါတယ်။ ဒါမှဟာ အပေးအယူမျှမျှနဲ့ သာယာပျော်ရွှင်တဲ့ အထိအတွေ့ အခိုက်အတန့်ကောင်းတစ်ခုကို ခံစားရနိုင်မှာပါ။
Featured Photo : Be Bodywise