အလေ့အကျင့်များကို ပြောင်းလဲခြင်းသည် လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုလိုအပ်ပြီး မိမိစိတ်ကို နိုင်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်ဘဝအတွက် မကောင်းတဲ့အပြုအမူအလေ့အကျင့်များကို ချက်ချင်းပြောင်းလဲဖို့လိုအပ်ပါတယ်။ ဘယ်လိုအမူအကျင့်တွေက ကွီးတို့ရဲ့ ဘဝနဲ့ ကျန်းမာရေး ကို ထိခိုက်စေနိုင်သလဲဆိုတာကို အတူတူ ဆက်လေ့လာ ကြည့်လိုက်ရအောင်။

အဆီ (လုံးဝ) မစားခြင်း

Harmful Things We Do Every Day Without Realizing It

တန်ဆေး လွန်ဘေးဆိုတဲ့ စကားအတိုင်း အဆီကို အလွန်အကျွံ စားသုံးခြင်းသည် အသည်းအဆီဖုံးခြင်း၊ နှလုံးကျန်းမာရေးနှင့် အဝလွန်ရောဂါတို့ကို ခံစားရစေပါတယ်။ တစ်ဖန် အဆီ (လုံးဝ) မစားသုံးတဲ့အခါမှာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်များ မရရှိတော့ပြန်ပါဘူး။ ဒါ့ကြောင့် သစ်သီးနဲ့ အသား၊ ငါးတွေထဲက ရရှိတဲ့ အဆီဓာတ်တွေကိုတော့ မှီဝဲဖို့လိုအပ်ပါသေးတယ်။

ဟင်းသီးဟင်းရွက်များ အလွန်အကျွံ စားသုံးခြင်း

Harmful Things We Do Every Day Without Realizing It

ကျန်းမာလှပတဲ့ လူနေမှုဘဝအတွက် ဟင်းသီးဟင်းရွက်များသည် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်တွေကိုချည်းပဲ အချိန်တော်တော်ကြာအောင် စားသုံးနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ရက်လျှင် ဟင်းသီးဟင်းရွက်များကို ၄ ကြိမ်၊ ၅ ကြိမ်ထက် ပိုမစားသင့်ပါဘူး။

ပန်းသီးများကို အခွံခွာစားခြင်း

Harmful Things We Do Every Day Without Realizing It

သစ်သီးတော်တော်များများရဲ့ အာဟာရဓာတ်သည် သစ်သီးတွေထဲမှာရှိတာမဟုတ်ပါဘူး။ သစ်သီးရဲ့အခွံထဲမှာရှိတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပန်းသီးကို အခွံခွာစားမယ်ဆိုရင် အာဟာရဓာတ်များ အကုန်ရရှိမှာမဟုတ်ပါဘူး။ ပန်းသီးရဲ့အခွံသည် နှလုံးသွေးလှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သို့သော သစ်သီးကို ရေဖြင့် စင်ကြယ်အောင် ဆေးဖို့တော့မမေ့ပါနဲ့။

Alarm သံ အကျယ်ကြီး ပေးထားခြင်း

Harmful Things We Do Every Day Without Realizing It

Alarm သံ မြည်တဲ့အခါ မကြားကြမှာစိုးလို့ဆိုပြီး Alarm သံကို အကျယ်ကြီး ပေးထားလေ့ရှိကြပါတယ်။ သို့သော် Alarm သံ အကျယ်ကြီးကြောင့် သွေးပေါင်ချိန် မြှင့်တက်လာကာ နှလုံးခုန်နှုန်လည်း မြန်လာပါတယ်။

လူသားတွေရဲ့ ခန္ဓာကိုယ်သည် မနက်စောစောအချိန်မှာ အနားယူနေတုန်းပဲဖြစ်ပါတယ်။ ကျယ်လောင်တဲ့ Alarm သံသည် Cortisol ပမာဏကို တိုးမြှင့်စေပြီး စိတ်ဖိစီးစေပါတယ်။ ကြာရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အီးမေးလ်များကို မကြာခဏစစ်ခြင်း

Harmful Things We Do Every Day Without Realizing It

မိမိအီးမေးလ်ကို မကြာခဏစစ်ဆေးခြင်းသည် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေပြီး ကျွန်တော်တို့ရဲ့ Productivity တွေ ကျဆင်းသွားတယ်လို့ သုတေသနလေ့လာချက်အရ သိရှိရပါတယ်။ ဒါ့ကြောင့် အလုပ်မှာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ စိတ်ဖိစီးမှု မရစေချင်ဘူးဆိုရင် အီးမေးလ်တွေကို မကြာခဏ မစစ်ပါနဲ့။

အလုပ်ရောက်ရောက်ချင်း မနက်စောစောအချိန်နှင့် အလုပ်ဆင်းခါနီးအချိန်တွေမှာ အီးမေးလ်မစစ်ပါနဲ့။ အရင်ဦးဆုံး အလုပ်လုပ်ပါ။ အလုပ်လုပ်ပြီး အလုပ်ထဲမှာ စိတ်ဝင်စားလာပြီဆိုမှ အီးမေးလ်ဖွင့်စစ်ပေးသင့်ပါတယ်။

Source: Brightside.me

Featured Image: Freepik