အချစ်သည်းတဲ့ စုံတွဲတွေအကြားမှာ တစ်ယောက်ကိုတစ်ယောက် သဝန်တိုမိတာ မဆန်းပါဘူး။ အချစ်ရေးမှာ သဝန်တို တယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမယ့်လည်း သဝန်တိုတာ လွန်လာရင် ပြဿနာတွေ တသီကြီး ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူအပေါ် သဝန်တို တတ်တဲ့ အမျိုးသား တို့အတွက် အကြံတချို့ မျှဝေပေးချင်ပါတယ်။

(၁) သဝန်တိုတဲ့ ခံစားချက်ကို ချရေးထားပါ

Conversation Couple

Photo : Pexels

ချစ်မှုရေးရာ အကြံပေးပညာရှင် အိုရယ်လီရဲ့ အဆိုအရ သဝန်တိုစိတ်ကို အသိအမှတ်ပြုဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ သဝန်တိုတဲ့စိတ်ကို နာမည်တပ်ပါ။ သဝန်တိုမိကြောင်းကို အသိအမှတ်ပြုပါ။ သဝန်မတိုတတ်ယောင် မဆောင်ပါနဲ့လို့ အကြံပြုပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ

Partner

Photo : Pexels

ကိုယ့်ရဲ့ သဝန်တို မှုကို ကောင်မလေးကို ချမပြခင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် စိတ်အေးသွားအောင် ဖြေလျှော့ဖို့ ဖြစ်ပါတယ်။ စိတ်ထဲက ခံစားချက်တွေကြောင့် တင်းကြပ်မွန်းပိတ်နေတာမျိုးကို အရင်ဆုံး လျှော့ချလိုက်ပြီးမှ ဒီကိစ္စကို ဆက်ရမှာပါ။ ကိုယ့်ခံစားချက်နဲ့ကိုယ် မြင်တဲ့ အမြင်ဟာ အမှန်အတိုင်း ဖြစ်ချင်မှလည်း ဖြစ်မှာပါ။ ဒါကြောင့် သဝန်တိုတဲ့ကိစ္စကို ဖြေရှင်းဖို့အတွက် အရင်ဆုံး စိတ်ကို အေးချမ်းအောင်ထားဖို့ လိုပါတယ်။

(၃) သင့်ချစ်သူကို ဖွင့်ပြောပါ

Unhappy

Photo : Pexels

သဝန်တိုတာကို ရင်ထဲမှာတင် မြုံမထားပါနဲ့။ သင့်ချစ်သူကို သင့်ရဲ့ သဝန်တိုမှုအကြောင်း ဖွင့်ပြောပြပါ။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းဖို့အတွက် အရင်ဆုံး ရိုးသားဖို့ လိုပါတယ်။ စိတ်ထဲမှာ ရှိတဲ့အတိုင်း သဝန်တိုမှုကို နည်းမှန်လမ်းမှန်နဲ့ ဖွင့်ပြောခြင်းအားဖြင့် နှစ်ယောက်သား ချစ်ခြင်းကို ပိုပြီး ခိုင်မြဲစေနိုင်ပါတယ်။

(၄) ပညာရှင်တစ်ယောက်နဲ့ ဆွေးနွေးတိုင်ပင်ပါ

Couple Sitting

Photo : Pexels

တကယ်လို့ သင့်ချစ်သူနဲ့ဖွင့်ပြောလို့ အဆင်မပြေဘူးဆိုရင် ဒီကိစ္စအတွက် ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ယောက်နဲ့ တိုင်ပင်အကြံယူရမှာ ဖြစ်ပါတယ်။ ထိရောက်တဲ့ အကြံတစ်ခုဟာ Relationship အကြားက သဝန်တိုမှုကို ဖြေရှင်းရာမှာ ကောင်းမွန်တဲ့ ရလဒ်ကောင်း ထွက်လာစေနိုင်ပါတယ်။

Featured Photo : huffingtonpost