ပါတီပွဲများ၊ မွေးနေ့ပါတီများ ကျင်းပတဲ့အချိန်ပဲဖြစ်ဖြစ် သူငယ်ချင်းများနှင့်အတူတူ သောက်စားပျော်ပါးတဲ့အချိန်မှာပဲဖြစ်ဖြစ် ကော့တေး၊ ဝီစကီ၊ ဝိုင် အစရှိသည်တို့သည် မရှိမဖြစ်လိုအပ်တဲ့ ဖျော်ရည်များပဲဖြစ်ပါတယ်။ ဖျော်ရည်အမျိုးအစား အမျိုးမျိုးရှိတဲ့အနက် ကော့တေးကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် ပါဝင်ပစ္စည်း နှစ်မျိုးတည်းဖြင့် ဖျော်စပ်ထားတဲ့ ကော့တေး ဖျော်စပ်နည်း များကို ဝေမျှပေးချင်ပါတယ်။

ဒီ ကော့တေး ဖျော်စပ်နည်း များကို အသုံးပြုမယ်ဆိုရင် မိမိဘာသာ အိမ်မှာ အလွယ်တကူ ဖျော်စပ်နိုင်မှာပဲဖြစ်ပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကော့တေး ဖျော်စပ်နည်း များကို အတူတူ ဆက်လေ့လာကြည့်လိုက်ရအောင်။

ပထမနည်း

ကော့တေး ဖျော်စပ်နည်း

အဓိကလိုအပ်မယ့် ပစ္စည်းနှစ်မျိုးကတော့ Advocaat ၅၀ မီလီလီတာ နှင့် စပါကလင် သံပုယိုရည် ၅၀ မီလီလီတာတို့ လိုအပ်ပါလိမ့်မယ်။ Advocaat ဆိုတာကတော့ ကြည်ဥဖြင့် ပြုလုပ်ထားတဲ့ အယ်လ်ကိုဟော ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။

ရေခဲတုံး ကြိုက်နှစ်သက်ပါက ရေခဲတုံး ထည့်နိုင်ပါတယ်။ အလှဆင်ဖို့အတွက်ကိုလည်း ချယ်ရီသီးအနည်းငယ် အသုံးပြုနိုင်ပါတယ်။ ဒီပါဝင်ပစ္စည်းများကတော့ မထည့်လည်းရပါတယ်။

အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဖန်ခွက်အလွတ်တစ်လုံးထဲတါင် ရေခဲတုံးထည့်ပါ။ Advocaat နှင့် စပါကလင် သံပုယိုရည်တို့ထည့်ကာ ဖန်ခွက်က အေးသွားသည်အထိ မွှေပေးလိုက်ပါ။ ပြီးရင်တော့ ချယ်ရီသီးများဖြင့် အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။ ဒီကော့တေးအမျိုးအစားကိုတော့ Classic Snowball လို့ အမည်ပေးထားတာဖြစ်ပါတယ်။

ဒုတိယနည်း

ကော့တေး ဖျော်စပ်နည်း

ဒီဖျော်ရည်ဖျော်စပ်ဖို့အတွက်တော့ မက်မွန်သီး အနှစ် ၅၀၀ မီလီလီတာခန့်နှင့် Prosecco ခေါ် အီတလီ ဝိုင်တစ်ပုလင်းတို့ လိုအပ်ပါလိမ့်မယ်။

ပါဝင်ပစ္စည်းများကို ဖန်ခွက်ထဲထည့်ကာ သမအောင် မွှေပေးလိုက်ရုံပါပဲ။ ဒီကော့တေးနာမည်ကိုတော့ Bellini လို့ နာမည်ပေးထားတာဖြစ်ပါတယ်။

တတိယနည်း

ကော့တေး ဖျော်စပ်နည်း

Stout ဘီယာအပျော့စား အနည်းငယ်နှင့် ရှန်ပိန်အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။ ဖန်ခွက်အရှည်ထဲသို့ Stout ဘီယာလေး ထည့်လိုက်ပါ။ ဖန်ခွက် တစ်ဝက်အထိ ပြည့်သသွားပြီဆိုရင်တော့ ရှန်ပိန်ထပ်ထည့်လိုက်ပါ။ ဒါဆိုရင်တော့ အရသာစူးရှတဲ့ ကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

Mimosa ကော့တေးဖျော်စပ်နည်း

 

2-ingredient cocktail for kwee

ဒီကော့တေးဖျော်စပ်ဖို့ရန်အတွက် အအေးခံထားပြီးသား ရှန်ပိန် (သို့) Prosecco တစ်ပုလင်း၊ လိမ္မော်သီး ၁ လုံး (အရည်ညှစ်ထားပါ။ ထို့နောက် အအေးခံထားလိုက်ပါ)။

ဖန်ခွက် ၆ ခွက်ထဲသို့ ရှန်ပိန် (သို့) Prosecco ကို ဖန်ခွက် တစ်ဝက်ပြည့်သွားအောင် ဖြည့်လိုက်ပါ။ ထို့နောက် ဖန်ခွက် ပြည့်သွားသည်အထိ လိမ္မော်ဖျော်ရည် လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ Mimosa ကော့တေးတစ်ခွက်ရရှိသွားပါပြီ။

Sole Royales

2-ingredient cocktail for kwee

Sole ဂျင် ၅၀ မီလီလီတာ နှင့် အအေးခံထားပြီးသား ရှန်ပိန် (သို့) Prosecco ၃၀၀ မီလီလီတာတို့ လိုအပ်ပါလိမ့်မယ်။

ဖန်ခွက် ၂ ခွက်ထဲသို့ ဂျင်ကို တစ်ဝက်စီ ခွဲထည့်လိုက်ပါ။ ထို့နောက် ရှန်ပိန် (သို့) Prosecco ကိုလည်း တစ်ဝက်စီ ခွဲထည့်လိုက်ပါ။ ဒါဆိုရင်တော့ Sole Royales လို့ အမည်ပေးထားတဲ့ ကော့တေးတစ်ခွက်ရရှိသွားပါပြီ။

Kir Royale

2-ingredient cocktail for kwee

ဒီဖျော်စပ်နည်းအတွက် Crème De Cassis (ဘလူးဘယ်ရီသီးဖြင့် ပြုလုပ်ထားတဲ့ အယ်လ်ကိုဟော) စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ရှန်ပိန်အနည်းငယ် လိုအပ်ပါမယ်။

ဖန်ခွက်ထဲသို့ Crème De Cassis လောင်းထည့်လိုက်ပါ။ ထို့နောက် အပေါ်ကနေ ရှန်ပိန်လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ Kir Royale ကော့တေးတစ်ခွက်ရရှိသွားပါပြီ။ တကယ်လို့ သင့်အနေနဲ့ အလှဆင်ချင်တယ်ဆိုရင်တော့ ဘလူးဘယ်ရီသီး တစ်လုံးလောက် ထပ်ထည့်နိုင်ပါတယ်။

Buck’s Fizz

2-ingredient cocktail for kwee

ဒီကော့တေးဖျော်စပ်နည်းကတော့ အလွယ်ကူဆုံးနည်းလို့တောင် ပြောလို့ရပါတယ်။ သူ့ကို ဖျော်စပ်ဖို့ရန်အတွက် လိမ္မော်ရည် ၁၀၀ မီလီလီတာနှင့် အအေးခံထားပြီးသား ရှန်ပိန် ၂၀၀ မီလီလီတာခန့် လိုအပ်ပါမယ်။

အရင်ဦးဆုံး ဖန်ခွက် ၂ ခွက်ထဲသို့ လိမ္မော်ရည်များ တစ်ဝက်စီ ခွဲထည့်လိုက်ပါ။ ထို့နောက် ရှန်ပိန်ကိုလည်း တစ်ဝက်စီ ခွဲထည့်ရပါမယ်။ ဒါဆိုရင်တော့ အရသာ စူးရှကောင်းမွန်တဲ့ Buck’s Fizz ကော့တေးလေးရရှိသွားပါပြီ။

Black Velvet Cocktail

2-ingredient cocktail for kwee

ဒီကော့တေးကတော့ Guinness နှင့် ရှန်ပိန်တို့ကို ပေါင်းစပ်ကာ ဖျော်စပ်ထားတဲ့ ကော့တေ့တစ်မျိုးဖြစ်ပါတယ်။ Guinness ဆိုတာကတော့ အိုင်းရစ်လူမျိုးများရဲ့ Stout ဘီယာတစ်မျိုးဖြစ်ပြီး ၁၇၅၉ ခုနှစ်မှာစတင်တီထွင်ဖော်စပ်ထားတာဖြစ်ပါတယ်။

ထိုဘီယာနှင့် ရှန်ပိန်တို့ကို အဓိကထား အသုံးပြုကာ ဖျော်စပ်ရမှာဖြစ်ပါတယ်။ ရှန်ပိန်ဖန်ခွက်အရှည် နှစ်ခွက်ထဲသို့ Guinness ကော့တေးများကို ဖန်ခွက်တစ်ဝက်ပြည့်သွားသည်အထိ ထည့်လိုက်ပါ။ ထို့နောက် အပေါ်ကနေ ရှန်ပိန်လေး လောင်းထည့်ပေးလိုက်ပါ။ ဒါဆိုရင်တော့ Black Velvet လို့ အမည်ပေးထားတဲ့ Cocktail တစ်ခွက်ရရှိသွားပါပြီ။

Vermouth & Soda

2-ingredient cocktail for kwee

ဒီကော့တေး ဖျော်စပ်ဖို့ရန်အတွက် Vermouth အနီ (သို့) အဖြူ (သို့) Rosé Vermouth ဆိုပြီး ကိုယ် ကြိုက်နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Vermouth ၅၀ မီလီလီတာကို စပါကလင်ရေ ၂၀၀ မီလီလီတာဖြင့် ဖျော်စပ်ရမှာဖြစ်ပါတယ်။ ဖန်ခွက်ရှည် နှစ်ခွက်ထဲသို့ Vermouth နှင့် စပါကလင်ရေတို့ကို တစ်ဝက်စီ ခွက်ထည့်ကာ ဖျော်စပ်လိုက်ရုံပါပဲ။

အလှဆင်ချင်တယ်ဆိုရင်တော့ သံပုယိုသီးစိပ်များကို အသုံးပြုကာ အလှဆင်နိုင်ပါတယ်။

Source: Bbcgoodfood

Featured Image: Mirror