ကျန်းမာရေးလိုက်စားပြီး သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ကို ထိန်းချင်သူတွေအတွက်တော့ ကယ်လိုရီ တွက်ချက်စားသုံးမှုဟာ အဓိကအရေးပါပါတယ်။ သင်ဟာ ကော်ဖီပုံမှန်သောက်လေ့ရှိတဲ့ ကော်ဖီချစ်သူတစ်ယောက်ဆိုရင် ကော်ဖီတစ်ခွက်မှာ ကယ်လိုရီ ဘယ်လောက်ပါလဲဆိုတာတော့ သိထားဖို့လိုမှာပါ။ အခြေခံအားဖြင့် ပုံမှန်သကြား ၁ ဇွန်း မှာ ၁၁.၉ ကယ်လိုရီ ရှိပြီး သကြားအညို လက်ဖက်ရည်ဇွန်း ၁ ဇွန်းမှာ ၁၁.၄ ကယ်လိုရီ ရှိပါတယ်။ သကြားအစားထိုး Sweeteners တွေမှာတော့ ၁.၇ ကယ်လိုရီသာ ပါရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကော်ဖီ အမျိုးအစား တစ်ခုချင်းစီမှာပါတဲ့ ပျမ်းမျှအားဖြင့် ကယ်လိုရီ ပါဝင်နှုန်း ပမဏလေးတွေကို တွက်ချက်ပြပေးချင်ပါတယ်။

(၁) Frappe

Photo : Directo al Paladar México

ခရင်မ်အရသာ ပြည့်ပြည့်ဝဝ ရတဲ့ Frappe တစ်ခွက်မှာတော့ ကယ်လိုရီ ပျမ်းမျှ ၂၅၃ ပါဝင်ပါတယ်။ ဒီကယ်လိုရီ ပမဏကို ပြန်လည် လောင်ကျွမ်းဖို့အတွက်ဆိုရင် နာရီဝက်နီးပါး Cardio ကစားပေးရမှာ ဖြစ်ပါတယ်။

(၂) Iced Coffee

Iced Coffee

Photo : Starbucks® at Home

ပုံမှန် Iced Coffee ကော်ဖီအေး တစ်ခွက်မှာ ခရင်မ်နဲ့ နို့တွေ အများကြီးမပါဝင်ပေမယ့် ကယ်လိုရီပါဝင်မှု ပမာဏကတော့ များပါတယ်။ ကော်ဖီအေး တစ်ခွက်မှာ ပျမ်းမျှ ကယ်လိုရီ ပမဏ ၃၁၃.၂ ကယ်လိုရီ ပါဝင်ပါတယ်။

(၃) Mochaccino

mochaccino

Photo : Magical Butter

ကော်ဖီပြင်းပြင်း မကြိုက်တဲ့ သူတွေရဲ့ ရွေးချယ်စရာ ကော်ဖီတစ်မျိုးကတော့ Mochaccino ပါပဲ။ Mochaccino တစ်ခွက်မှာ ပျမ်းမျှ ကယ်လိုရီပမဏ၂၇၃.၄ ပါဝင်ပါတယ်။

(၄) Americano

Americano

Photo : Food & Wine

Americano ကတော့ ကော်ဖီအရသာ ခပ်ပြင်းပြင်း ကြိုက်သူတွေ အတွက်ပါ။ Americano က ကိုယ်အလေးချိန် ထိန်းသူတွေ ၊ ကယ်လိုရီအများကြီး မစားသုံးချင်သူတွေအတွက် အလွန်သင့်တော်ပါတယ်။ Americano ကော်ဖီတစ်ခွက်မှာ ပျမ်းမျှကယ်လိုရီ ၁၈ သာ ပါဝင်ပါတယ်။

(၅) Cappuccino

Cappuccino

Photo : The Spruce Eats

မိုးရွာတဲ့ နေ့တစ်နေ့အတွက် အလိုက်ဖက်ဆုံးကတော့ Cappuccino ကော်ဖီပူပူလေး တစ်ခွက်ပါပဲ။ ဒါပေမယ့် Cappuccino ကော်ဖီတစ်ခွက် သောက်လို့ ရလိုက်တဲ့ ကယ်လိုရီပမဏကို ပြန်လည်လောင်ကျွမ်းဖို့အတွက်ဆို လေ့ကျင့်ခန်း ၁၅ မိနစ်လောက် အချိန်ယူ လုပ်ရပါလိမ့်မယ်။ သကြားလျော့ထားတဲ့ Cappuccino တစ်ခွက်မှာကယ်လိုရီ ၁၁၁.၁ ပါဝင်ပါတယ်။

(၆) Latte

Latte

Photo : Food & Wine

Latte တစ်ခွက်မှာ Espresso ၁ ဆ နွားနို့ ၃ ဆ ပါပါတယ်။ ခရမ်င်မပါတဲ့အတွက် ကယ်လိုရီပမဏကတော့ နည်းပါတယ်။ Latte တစ်ခွက်မှာ ကယ်လိုရီ ပမဏ ၁၀၅.၉ ပါဝင်ပါတယ်။

(၇) Mocha

Mocha

Photo : BBC

Mocha ကတော့ နွားနို့ပူပူလေး တစ်ခွက်သောက်ရတာ နှစ်သက်သူတွေ သေချာပေါက် အကြိုက်တွေ့စေမှာပါ။ Mocha တစ်ခွက်မှာ ကယ်လိုရီပမဏ ၆၀ သာ ပါဝင်ပါတယ်။ သကြားရှောင်ပြီး သောက်မယ်ဆိုရင် ကျန်းမာရေးနဲ့ အသင့်တော်ဆုံးဖြစ်ပြီး နေ့တိုင်းသောက်လို့ရတဲ့ ကော်ဖီတစ်ခွက်ပါပဲ။

ကွီးတို့အကြိုက်ဆုံး ကော်ဖီကရော ဘာဖြစ်မလဲ???

Featured Photo : Healthline