အသက်ကို ဥာဏ်စောင့်ဖို့ဆိုရင် ကွီးတို့သည် ကျန်းမာရေး အသိ များများရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး အသိ မရှိဘဲ တစ်ဝ တစ်ဗြဲ စိတ်ကြိုက်စားပြီး ဘာမှကို ဂရုမစိုက်ဘူးဆိုရင်တော့ ရောဂါဘယ ထူပြောနေမှာ ဧကန်မလွဲပါပဲ။
ဆိုကြပါစို့။ ကွီးတို့က စားဘဲကြီး၊ ဒါပေမဲ့ ဦးထုပ်မဆောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုလည်း မခံယူဘူးဆိုရင်တော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက အတားအဆီးမဲ့ ဝင်ရောက်လာမှာဖြစ်ပါတယ်။ ဒါ့ကြောင့် စားတာလည်း စား၊ ကျန်းမာရေး အသိကိုလည်း ခေါင်းထဲမှာ ထည့်ထားဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ HIV ၊ AIDS ရောဂါများသည် ကုရာနတ္ထိ ဆေးမရှိတဲ့အတွက်ကြောင့်ပါပဲ။ ကိုယ့်ရဲ့ တဒင်္ဂ သတိလက်လွတ်ဖြစ်မှုကြောင့် ဒီရောဂါတွေ ကူးစက်ခံချင်နေပါသလား။ ကူးစက်မခံချင်ဘူးဆိုရင် အခုဖော်ပြမယ့် နည်းလမ်းများကို လိုက်နာဖို့ လိုအပ်ပါတယ်။
(၁) ဦးထုပ်ဆောင်းပါ
အကာအကွယ် ကွန်ဒုံးက အတားအဆီးတစ်ခုအဖြစ် ကာကွယ်ပေးထားတာကြောင့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကလေးယူဖို့ ရယ်ဒီမဖြစ်သေးတဲ့ စုံတွဲတွေအတွက်လည်း ကွန်ဒုံးက ထိရောက်မှုအရှိဆုံး ကိုယ်ဝန်တားနည်းတစ်ခုပဲဖြစ်ပါတယ်။
ကွန်ဒုံးပစ္စည်းများသည် တန်ဖိုးလည်း မကြီးတဲ့အတွက်ကြောင့် လူတန်းစား မရွေး အသုံးပြုနိုင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဈေးကွက်ထဲမှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့အတွက်ကြောင့် အဆင်ပြေပါတယ်။
(၂) မှန်မှန်ကန်ကန် အသုံးပြုမှသာ အကျိုးရှိမှာ
ကွန်ဒုံးသည် HIV နှင့် အခြားသော လိင်မှတဆင့် ကူးစက်တဲ့ ရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။ သို့သော် နည်းမှန် လမ်းမှန် အသုံးပြုမှသာ ကာကွယ်ပေးနိုင်မှာပါ။ ကွီးတို့က ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် Sexual Contact မစခင် (လိင်မဆက်ဆံခင်) ကတည်းက အသုံးပြုထားရမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်များသည် အစပျိုးနေချိန် ထွက်လာတဲ့ အရည်များကနေတဆင့် ကူးစက်နိုင်လို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ဒုံး အသုံးပြုတဲ့အခါ Water-Based Lubricants မျိုးကိုသာ အသုံးပြုသင့်ပါတယ်။ Oil-Based Lubricants များသည် ကွန်ဒုံးကို ပေါက်ပြဲသွားစေနိုင်လို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့သည် Anal Sex ၊ Vaginal Sex နှင့် Oral Sex စသည်ဖြင့် ပုံစံအမျိုးမျိုး ပြောင်းလဲတိုင်းမှာ ကွန်ဒုံးကို တစ်ကြိမ်စီ လဲပေးဖို့ လိုအပ်ပါတယ်။
(၃) လေ့ကျင့်ခန်း ပြုလုပ်ဖို့လည်း မမေ့ပါနဲ့
ကွီး ရဲ့ ရှော်တီ လေးနဲ့ အချိန် ကြာ ကြာ လုပ်ဆောင်ချင်တယ်ဆိုရင် သက်လုံကောင်းဖို့လည်း လိုအပ်ပါတယ်။ သက်လုံကောင်းပြီး အမောခံနိုင်ဖို့အတွက်ဆိုရင် သက်လုံကောင်းအောင် လုပ်ဆောင်ပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ပေးသင့်ပါတယ်။ ကွီးတို့ရဲ့ ဖွားဖက်တော်က စွမ်းဆောင်ရည် မြင့်ဖို့အတွက်ဆိုရင်တော့ Pelvic Floor လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ဘဲ လှုပ်ရှားမှု နည်းတဲ့ လူနေမှုဘဝက ကွီးတို့ ခန္ဓာကိုယ် ကျန်းမာရေးကို တဖြည်းဖြည်း ယိုယွင်း ပျက်စီးစေလာမှာဖြစ်ပြီး ဖွားဖက်တော် ကျန်းမာရေးကိုလည်း တဖြည်းဖြည်း ထိခိုက်လာကာ ရွှေပန်းညှိုးသွားတဲ့ အဖြစ်မျိုးကို ကြုံတွေ့ခံစားရနိုင်ပါတယ်။
ကွီးတို့ရော လိင်ကိစ္စနဲ့ ပတ်သက်လာရင် အစားအသောက်ကိုပဲ ဦးစားပေးပြီး ကျန်းမာရေးအသိကိုတော့ ဘေးချိတ်ထားနေမိပြီလား။
Source: Healthline.com
Featured Image: Freepik