ကျောက်ကပ်ကျန်းမာရေးဟာ သိပ်ကိုအရေးကြီးပါတယ်။ ခန္ဓာမှာ တခြားသော ကိုယ်တွင်းအစိတ်အပိုင်းတွေလိုပဲ ကျောက်ကပ်ဟာလည်း အရေးပါတဲ့ ကိုယ်တွင်းလိင်အင်္ဂါ တစ်ခုပါ။ စစမ်းတမ်းတွေအရ အမေရိကန်နိုင်ငံမှာ အရွယ်ရောက်ပြီးသား အမျိုးသား/အမျိုးသမီး ၃၇ သန်းကျော်ဟာ ကျောက်ကပ်ရောဂါ ခံစားနေကြရပြီး အများစုကတော့ ကျောက်ကပ်မှာ ပြဿနာရှိနေမှန်းကိုပင် မသိကြပါဘူး။ ဒါကြောင့် အသက်အရွယ်တစ်ခု ရလာတာနဲ့အမျှ ကျောက်ကပ်ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးတာတွေ ပြုလုပ်ပေးသင့်လို့ ကျန်းမာရေးဆိုင်ရာ သုတေသီတွေက ဆိုထားပါတယ်။ ကျောက်ကပ် ကောင်းမကောင်းဆိုတာကိုလည်း တချို့ လက္ခဏာတွေက အချက်ပြသတိပေးနေတက်ပါတယ်။ အကယ်၍ အခုပြောပြမယ့် လက္ခဏာတွေ ရှိနေပြီဆိုရင်တော့ ကျောက်ကပ်မှာ ပြဿနာရှိနေပြီဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

(၁) ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းတာ ၊ အာရုံစူးစိုက်ရ ခက်ခဲနေတာ

 tired man

Photo : Chadwick Nott

ကျောက်ကပ်ရဲ့ လုပ်ဆောင်မှု ကျဆင်းနေပြီဆိုရင် သွေးထဲမှာ အဆိပ်အတောက်နဲ့အညစ်အကြေးတွေ စုပုံလာနိုင်ပါတယ်။ ဒါက လူကို ပင်ပန်းနွမ်းနယ်စေပြီး အာရုံစူးစိုက်ရခက်စေနိုင်ပါတယ်။ ကျောက်ကပ် ရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုမှာ သွေးအားနည်းရောဂါဖြစ်ပြီး အားနည်းခြင်းနဲ့ အလွယ်တကူမောပန်းနွမ်းနယ်ခြင်းတွေကို ခံစားရစေနိုင်တာပဲ ဖြစ်ပါတယ်။

(၂) ကောင်းမွန်စွာ အိပ်ပျော်ဖို့ ခက်ခဲတာ

man can't sleep

Photo : Canyon View Medical

ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဆီးကနေတဆင့် စစ်ထုတ်တဲ့လုပ်ငန်းစဉ် လုပ်ပါတယ်။ ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အဆိပ်အတောက်တွေဟာ သွေးထဲမှာ ကျန်ရှိနေတက်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အိပ်စက်မှု စက်ဝန်းကိုပါ ထိခိုက်လာစေမှာပါ။ အဝလွန်ခြင်းနဲ့ နာတာရှည် ကျောက်ကပ်ရောဂါတို့ကြား ဆက်စပ်မှုလည်းနေရှိပြီး အိပ်မပျော်ပဲ အသက်ရှူကျပ်ခြင်းဟာ သာမန်လူတွေနဲ့ နှိုင်းယှဉ်ပါက နာတာရှည် ကျောက်ကပ် ရောဂါရှိသူတွေမှာ ပိုအဖြစ်များတာ တွေ့ရပါတယ်။

(၃) အရေပြား ခြောက်သွေ့ယားယံတာ

dry and itchy skin

Photo : Vietnam.vn

ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေနဲ့ ပိုလျှံနေတဲ့အရည်တွေကို စစ်ထုတ်ဖယ်ရှားပေးပြီး သွေးနီဥတွေ ပြန်လည်ထုတ်လုပ်ပေးဖို့ ကူညီပေးတာကြောင့် အရိုးတွေကို သန်မာစေပြီး သွေးတွင်းမှာရှိတဲ့ သတ္တုဓာတ်ပမာဏကို မှန်ကန်စွာထိန်းသိမ်းထားပေးဖို့ ကူညီပေးပါတယ်။ အရေပြားခြောက်ပြီး ယားယံတာက ကျောက်ကပ် က သွေးထဲမှာ သတ္တုဓာတ်နဲ့ အာဟာရမျှတအောင် မထိန်းနိုင်တော့တဲ့အခါ ကျောက် ကပ်ရောဂါနဲ့ တွဲပြီး ဖြစ်ပေါ်တတ်တဲ့ သတ္တုဓာတ်နဲ့ အရိုးရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။

(၄) မကြာခဏ ဆီးသွားချင်နေတာ

man urinate more often

Photo : Arkansas Urology

အထူးသဖြင့် ညဘက်တွေမှာ မကြာခဏဆိုသလို ဆီးသွားချင်တာမျိုး ခံစားရပါက ဒါဟာ ကျောက်ကပ် ရောဂါရဲ့ အချက်ပြလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ ကျောက်ကပ်ရဲ့ စစ်ထုတ်မှုပိုင်းမှာ ယို့ယွင်းမှုတွေ ရှိလာတဲ့အခါ ဆီးသွားချင်တဲ့စိတ်ကို ပိုတိုးလာစေနိုင်ပါတယ်။ မကြာခဏ ဆီးသွားချင်တာဟာ တစ်ခါတစ်ရံမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း သို့မဟုတ် အမျိုးသားတွေမှာ ဆီးကျိတ်ကြီးခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

(၅) မျက်လုံးတဝိုက် မို့အစ်တာ

Eyes

Photo : Medical News Today

ဆီးထဲမှာ ပရိုတင်းဓာတ်တွေ ပါသွားတာဟာ ကျောက်ကပ် ပျက်စီးနေပြီဆိုတာ ပြနေတဲ့အစောပိုင်း လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ စစ်ထုတ်မှုအားနည်းလာတဲ့အခါ ဆီးထဲကို ပရိုတင်းဓာတ်တွေ စိမ့်ဝင်လာစေပါတယ်။ ကျောက်ကပ်ဟာ ပရိုတင်းဓာတ်တွေကိုခန္ဓာကိုယ်တွင်းမှာ သိမ်းထားမယ့်အစား ဆီးထဲကိုအများအပြား ယိုစိမ့်လာနေတဲ့အခါ မျက်လုံးတစ်ဝိုက်မှာ ရောင်ရမ်းတာ ၊ အစ်မို့နေတာတွေ ဖြစ်နိုင်ပါတယ်။

(၆) ခြေထောက်နဲ့ ခြေကျင်းဝတ်တွေ ရောင်ရမ်းတာ

ankles and feet are swollen
Photo : My FootDr

ကျောက်ကပ်ရဲ့ လုပ်ဆောင်မှု အားလျော့သွားတဲ့အခါ ဆိုဒီယမ်ပမဏကို ထိန်းမထားနိုင်တော့ပဲ ပိုလျှံမှုတွေ ဖြစ်ပေါ်လာစေတာကြောင့် ခြေထောက်နဲ့ ခြေချင်းဝတ်တွေမှာ ရောင်ရမ်းတာတွေ ဖြစ်လာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း ကိုယ်အင်္ဂါတွေ ရောင်ရမ်းခြင်းဟာ နှလုံးရောဂါ ၊ အသည်းရောဂါနဲ့ နာတာရှည် ခြေထောက်သွေးပြန်ကြော ပြဿနာတွေရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။

Featured Photo : Men’s Health