ကွီးတို့ရေ များသောအားဖြင့် ချစ်ရသူလေးနဲ့ ဘယ်လိုနည်းလေးတွေမျိုး အချိန်ဖြုန်းလေ့ရှိပါသလဲ။ စုံတွဲတွေတော်တော်များများက အတူတကွ ရုပ်ရှင်ကြည့်တာ၊ မုန့်စားတာ၊ လျှောက်လည်တာ၊ ကော်ဖီဆိုင်ထိုင်တာ စတာလေးတွေလုပ်လေ့ရှိကြတယ် မဟုတ်ပါလား။ ဒီလိုမျိုးလေးတွေလုပ်ရတာ ပျင်းလာပြီလား။ ဒါဆိုရင်တော့ ကြည်နူးဖွယ် အချိန်ကောင်းလေးတွေ ပိုင်ဆိုင်စေဖို့ နောက်ထပ် နည်းလမ်းကောင်းတွေကို ဒီဆောင်းပါးလေးကနေ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အတူတကွ ဝါသနာအရာလေးတွေကို ပြုလုပ်ပါ

ကြည်နူးဖွယ် အချိန်ကောင်းလေးတွေ

Photo : Adventures From Scratch

အသစ်အဆန်းတွေကို လေ့လာရင်းနဲ့ အချိန်ကောင်းလေးတွေကို အတူတကွ ကုန်ဆုံးဖို့ အကောင်းဆုံးနည်းလမ်းက ကွီးတို့အချင်းချင်း ဝါသနာပါတာလေးတွေကို ပြုလုပ်တာပါပဲ။ ဝါသနာတူရင် ထိုအတွက် အတူအတကွ အချိန်ပေးပါ။ ဝါသနာမတူလည်း ကိစ္စမရှိပါဘူး။ သူ့ဝါသနာ နဲ့ ကိုယ့်ဝါသနာကို တစ်လှည့်စီ အချိန်ပေးပြီး အတူတကွ ပြုလုပ်ကြည့်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကွီးတို့အချင်းချင်း မတူညီတဲ့ ရှုထောင့်ကို တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ပိုမိုရရှိလာနိုင်ပါတယ်။ ဒီနည်းလေးက ကွီးတို့ရဲ့ Relationship ပိုမိုခိုင်မြဲစေဖို့ အထောက်အကူ ပြုပေးပါလိမ့်မယ်။

ပထမဆုံး Date လုပ်ခဲ့တဲ့နေရာကို ပြန်သွားပါ

ကြည်နူးဖွယ် အချိန်ကောင်းလေးတွေ

Photo : The Mirror

ကွီးတို့ရေ အမှတ်တရတွေက ကွီးတို့ဘဝတစ်လျှောက်လုံးမှာ အတူတကွ ရှင်သန်နေမယ့် အရာတွေပါပဲ။ ဒီလို ကြည်နူးစရာ အမှတ်တရလေးတွေကို ပြန်လည်အသက်သွင်းခံစားနိုင်ဖို့ ကွီးတို့ ပထမဆုံး Date လုပ်ခဲ့တဲ့နေရာကို ပြန်သွားပါ။ အဲ့တုန်းက ခံစားချက်တွေကို တစ်ယောက်နဲ့တစ်ယောက် လွတ်လွတ်လပ်လပ် ဖွင့်ဟလိုက်ပါ။ ကွီးတို့မှာ ရယ်မောစရာ အချို့၊ စိတ်ခံစားမှု အခိုက်အတန့်တွေ၊ တစ်ဦးချင်းခံစားချက်တွေကို အချင်းချင်းမျှဝေဖို့ စိတ်လှုပ်ရှားစရာတွေ ရှိနေမှာ သေချာပါတယ်။

အတူတူ စာဖတ်ပါ

Photo : Sassy Stree

ကွီးတို့ နှစ်ယောက်လုံးက စာဖတ်တာ ဝါသနာပါတယ်ဆိုရင် အတူတကွ စာဖတ်ခြင်းကလည်း တကယ်ကို စိတ်ကူးကောင်းပါပဲ။ ကွီးတို့ အကြိုက်ဆုံး စာအုပ်တစ်အုပ် သို့မဟုတ် နှစ်အုပ်လောက်ကို ရွေးပါ။ သူမနဲ့ အတူတူ စာဖတ်ပါ။ ထို့နောက် အချင်းချင်း ကြိုက်နှစ်သက်ရာ စာအုပ်တွေကို လှဲလည်ပြီး အပြန်အလှန်ဖတ်ရှုပါ။ ပြီးလျှင် စာအုပ်ပါ အကြောင်းအရာတွေ၊ ဗဟုသုတတွေကို အချင်းချင်း အပြန်အလှန် ဆွေးနွေးကြည့်ပါ။ ဒီလို ဆွေးနွေးငြင်းခုန်ရတာလည်း စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် အတွေးအမြင်တွေ ပိုမိုသိရှိလာပြီး နားလည်မှု ပိုမို ရရှိနိုင်ပါတယ်။

ခရီးထွက်ပါ

Photo : iMOM

ခရီးထွက်ခြင်းက လူတစ်ယောက်အတွက် စိတ်ရောကိုယ်အတွက်ပါ အထောက်အကူပြုပြီး ပျော်ရွှင်စေပါတယ်။ မရောက်ဖူးသေးတဲ့ နေရာတွေ၊ အသစ်အသစ်သော အရာတွေ၊ အတွေ့အကြုံအသစ်တွေကို ချစ်ရသူလေးနဲ့ အတူတကွ ခံစားရတာဟာ တကယ်ကို စိတ်လှုပ်ရှားပျော်ရွှင်ဖို့ ကောင်းစေမှာပါ။ ဒါ့အပြင် အမှတ်တရတွေ၊ ကြည်နူးဖွယ်ကောင်းတဲ့ အခိုက်အတန့်တွေကို ချစ်ရသူလေးနဲ့ အတူပိုင်ဆိုင်ချင်တယ်ဆိုရင်လည်း ခရီးသွားတာ စိတ်ကူးကောင်းပါပဲ။ ခရီးအတူတကွ ထွက်ခြင်းဖြင့် တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုသိရှိလာကာ နားလည်မှုတွေ တိုးပွားလာပြီး ကွီးတို့ရဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ချစ်ရသူလေးနဲ့ ကြည်နူးဖွယ် အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်စေဖို့ နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေ အသုံးပြုပြီး ကွီးတို့ရဲ့ ချစ်ခရီးကို ပိုမိုသာယာပျော်ရွှင်အောင် ဖန်တီးလိုက်ပါ။

Featured Photo : Qualia