၂၀၂၃ ခုနှစ်လည်း ရောက်လာပြီ ၊ နွေမိုးဆောင်း ရာသီတွေလည်း အလီလီပြောင်းလာခဲ့ပြီ ၊ ကြယ်နဲ့လနဲ့လည်း နီးကပ်သွားပြီးပြီ သင်အခုထိ FA ဖြစ်နေတုန်းပဲ ဆိုရင်တော့ မဟန်ပါဘူးနော်။ သင့်အနေနဲ့ ချစ်သူရည်းစားလေး တစ်ယောက်လောက်တော့ လိုချင်တယ် ဒါပေမယ့်လည်း မရ,မရနဲ့ FA ဘဝကနေ မကျွတ်နိုင် ဖြစ်နေတယ်ဆိုရင် အခုပြောပြမယ့် အချက်တွေနဲ့ ကိုက်ညီနေလားဆိုတာ တစ်ချက်ပြန် ဆန်းစစ် ကြည့်လိုက်ပါ။ တစ်ချက်ချက်နဲ့ ကိုက်ညီနေတယ် ဆိုရင်တော့ အတက်နိုင်ဆုံး ရှောင်ကြဉ်ပြီး FA ဘဝရဲ့ လွတ်မြောက်လမ်းကို ရှာဖွေဖို့ အကြံပြုချင်ပါတယ်။

(၁) ပြင်ပြင်ဆင်ဆင် မနေတာ

man

Photo : VistaCreate

ယောကျာ်းလေး တစ်ယောက်ဟာ မိန်းကလေးတွေလို အများကြီး ပြင်ဆင်စရာမလိုဘူး ဆိုပေမယ့်လည်း အနေအထားတစ်ခု အထိတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနဲ့ သပ်သပ်ရပ်ရပ် နေတက်ဖို့ အရေးကြီးပါတယ်။ အနည်းဆုံးတော့ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်တာ ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်တာ ၊ ဆံပင် သပ်သပ်ရပ်ရပ် ညှပ်တာ စတာတွေကိုတော့ လုပ်ပေးရပါမယ်။ ဒါမှလည်း ဆန့်ကျင်ဘက် အမျိုးသမီးတို့ရဲ့ မျက်လုံးထဲမှာ ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက် ဖြစ်နေမှာပါ။

(၂) တိတ်ဆိတ်လွန်းတာ

man

Photo : Unsplash

တစ်ခါတစ်လေမှာ တစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ တိတ်တိတ်ဆိတ်ဆိတ် နေရတာ ကောင်းတယ်ဆိုပေမယ့် FA ဘဝက ကျွတ်ဖို့ ချစ်သူရည်းစားလေး ရှာနေချိန်မှာတော့ တိတ်လွန်းနေလို့ မရပါဘူး။ ယောကျာ်းတစ်ယောက်ဟာ အခြေခံအားဖြင့် သွက်လက်ထက်မြက် နေမှ မိန်းကလေးတွေ အမြင်မှာ သဘောကျစရာ အားကိုးချင်စရာ ဖြစ်နေမှာပါ။ တိတ်ဆိတ်လွန်းပြီး အနေအေးတဲ့ ကိုရေခဲတုံးကြီးတွေကို သဘောကျတဲ့ မိန်းကလေးက အနည်းစုသာ ရှိနိုင်ပါတယ်။

(၃) ငြီးငြူလွန်းတာ

man

Photo : Oakland Family Services

အချိန်တိုင်း ခိုကြီးတစ်ကောင်လို ငြီးငြူလွန်းနေတဲ့ အမျိုးသားတစ်ယောက်ကို ဘယ်မိန်းကလေးမှ ချစ်သူမတော်ချင်မှာ အမှန်ပါ။ ငြီးတက်တဲ့ အကျင့်ကို အမြဲလုပ်နေမိရင် ကြာလာတဲ့အခါ ဘယ်သူနဲ့တွေ့တွေ့ ဘာကိစ္စလေးပဲရှိရှိ ပုံမှန်လုပ်နေကျ အမူအကျင့်တစ်ခုလို ဖြစ်ပြီး ငြီးပြီးရင်း ငြီးနေမိ တက်ပါတယ်။ ဒါဟာ သင့်ကို ဆော်မရစေပဲ ဆက်လက်ပြီး FA ဘဝနဲ့ အရိုးထုတ်သွားရစေနိုင်တဲ့ မကောင်းတဲ့ အကျင့်တစ်ခုပါပဲ။

(၄) ကြုံရာချစ်တက်တာ

man

Photo : Pexels

အချစ်မှာလည်း လစ်မစ်တော့ လိုပါတယ်။ တွေ့ရာကြုံရာ ချစ်တက်တဲ့ အချစ်ပေါသူ ယောကျာ်းတွေကို ဘယ်မိန်းကလေးကမှ အတည်တကျ မတွဲချင်ပါဘူး။ ဒါဟာ အချစ်ကို တန်ဖိုးမထားရာ ၊ အလေးနက်မထားရာ ရောက်စေပါတယ်။ မိန်းကလေး တစ်ယောက်ကို ချစ်တော့မယ်ဆိုရင် ဘာကြောင့်လဲ ဆိုတဲ့အကြောင်းပြချက် ၊ သူမက သင့်အတွက် ဘယ်လို အဓိပ္ပါယ်ရှိစေလဲ စတဲ့မေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီး သေချာမှ ချစ်ပါ။ အချစ်တွေပေါလွန်းနေရင် သင်လည်း ဈေးပေါတဲ့ ယောကျာ်းတစ်ယောက် အော်တိုဖြစ်သွားပါလိမ့်မယ်။

ကွီးတို့ ဒီအချက်တွေ ရှောင်ကြဉ်ပြီး FA ဘဝ က အမြန်ဆုံး ကျွတ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ။

Featured Photo : The Independent Singapore