ခြင်္သေ့ပြာတို့ကတော့ ဒီအပတ်မှာ ပူပူနွေးနွေး ချန်ပီယံအသင်း ကြိုးကြာ တို့ကို အိမ်ကွင်းမှာ လက်ခံကစားသွား ရပါတော့မယ်။ ကြိုးကြာတို့ကတော့ စတမ်းဖိုဒ့်ဘရစ်ချ် ကွင်းကြီးထဲမှာ ချဲလ်ဆီးနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ မှာ ၁ ပွဲသာ အရှုံးရလဒ် ထွက်ပေါ်ထားတာပါ။
Photo : Chelsea Football Club
ကြိုးကြာ တို့အနေနဲ့ ဒီရာသီမှာ ချန်ပီယံဆုနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းကို ပိုင်ဆိုင်ထားသလို ပရီးမီးယားလိဂ် ရမှတ်ထပ်ယူဖို့လည်း မလိုတော့ပါဘူး။ တစ်ဖက်မှာ ခြင်္သေ့ပြာတို့က လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ရမှတ် ၆၀ ကို ပိုင်ဆိုင်ထားပါတယ်။
ခြင်္သေ့ပြာတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်ကျန် ပွဲစဉ်တွေမှာ နိုင်ပွဲရဖို့ အသဲအသန် လိုအပ်နေပြီး ဒီရာသီ ခြေစွမ်းကတော့ တော်တော်လေးဆိုးတဲ့ အခြေအနေမှာ ရှိနေတာပါ။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားတယ် ဆိုပေမယ့်လည်း အားရစရာတော့ မရှိပါဘူး။
ခြင်္သေ့ပြာတို့ ရမှတ်တွေ ဘယ်လောက်ပဲလိုလို ချန်ပီယံ ကြိုးကြာတို့က လွယ်လွယ်လေး အမှတ်ပေးလိုက်မယ့် အသင်းလည်း မဟုတ်တဲ့အတွက် ခြင်္သေ့ပြာတို့ကတော့ အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ရင်ဆိုင်သွားရဖို့ ရှိနေပါတယ်။ နောက်ပြီး ခြင်္သေ့ပြာတို့က ကြားရက်မှာ အဝေးကွင်း ပွဲပန်းမှုတွေလည်း ရှိနေသေးတာဆိုတော့ ချန်ပီယံ ကြိုးကြာတို့ကို အလွယ်လေး အနိုင်ယူဖို့က မလွယ်သလို ကြိုးကြာတို့အနေနဲ့ ကြည်ကြည်ဖြူဖြူ အရှုံးပေးမှသာ နိုင်ပွဲရနိုင်မယ့် အနေအထားပါ။
Photo : Chelsea Football Club
ဆိုတော့ ပြိုင်ဘက်ဟောင်းကြီးတွေဖြစ်တဲ့ လီဗာပူးနဲ့ ချဲလ်ဆီးတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို တနင်္ဂနွေညမှာ ကွီးပရိသတ်တွေ ကြည့်ရှုခံစားသွားရမှာဖြစ်ပြီး ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။
Featured Photo : Goal.com