နည်းပညာများ တစ်စထက်တစ်စ တိုးတက်လာသည်နှင့်အမျှ လျှပ်စစ်ပစ္စည်းများရဲ့ ကြိုးများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို တွေ့မြင်ရမှာပါ။ ကြိုးမဲ့ နားကြပ်များကို တစ်စထက်တစ်စ ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြတဲ့အတွက်ကြောင့် ကြိုးတပ် Headphone တွေရဲ့ အခန်းကဏ္ဍာသည် တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာပါတယ်။
သို့သော် ကြိုးတပ် Headphone တွေသည် လုံးဝပျောက်ကွယ်သွားတာမျိုးမဟုတ်ဘဲ တချို့တလေကတော့ အသုံးပြုနေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကြိုးမဲ့ Headphone တွေ ခေတ်စားလာတဲ့အချိန်မှာ ဘာ့ကြောင့် ကြိုးတပ် Headphone တွေသည် ဈေးကွက်ထဲကနေ အပြီးတိုင် မပျောက်ကွယ်သွားရသလဲ။ ကြိုးတပ် Headphone နှင့် ကြိုးမဲ့ Headphone မှာ ဘယ်အမျိုးအစားက ပိုကောင်းသလဲ။
Wired Headphone တွေသည် Wirless Headphone တွေလောက် သက်တောင့်သက်သာမဖြစ်ဘူးဆိုတဲ့ အချက်ကလွဲရင် အခြားသော အားသာချက်များ အများအပြားရှိပါတယ်။
Wired Headphone တွေက ပိုဈေးသက်သာတယ်
ကြိုးမဲ့ နားကြပ်တွေထက် ကြိုးတပ် နားကြပ်တွေက ပိုပြီး ဈေးသက်သာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကြိုးမဲ့နားကြပ် ထုတ်လုပ်ရခြင်းက ကြိုးတပ်နားကြပ် ထုတ်လုပ်ရခြင်းထက် အကုန်အကျ ပိုများလို့ပဲ ဖြစ်ပါတယ်။ အသုံးပြုရတဲ့ ကုန်ကြမ်းတန်ဖိုးက ပိုများလေ သင် ပေးချေရတဲ့ ငွေပမာဏက ပိုများလေပါပဲ။
ကြိုးတပ်နားကြပ်တွေက ပိုပြီး တာရှည်ခံတယ်
ကြိုးမဲ့ နားကြပ်တွေထက် ကြိုးတပ် နားကြပ်တွေက ပိုပြီး တာရှည်ခံပါတယ်။ တကယ်လို့ သင့်ရဲ့ နားကြပ်သည် ကြမ်းပြင်ပေါ်သို့ မတော်တဆပြုတ်ကျသွားရင်တောင်မှ ကြိုးတပ်နားကြပ်တွေက လွယ်လွယ်နဲ့ မပျက်စီးနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကြိုးတပ်နားကြပ်ထဲမှာ ပါဝင်တဲ့ ပစ္စည်းပစ္စယတွေက ကြိုးမဲ့နားကြပ်တွေထက် ပိုနည်းပြီး ပိုမိုအကြမ်းခံအောင် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။
ကြိုးတပ်နားကြပ်တွေက ပိုမိုပေါ့ပါးတယ်
ကြိုးတပ်နားကြပ်ထဲမှာ ပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းတွေက ပိုနည်းတဲ့အတွက်ကြောင့် ပိုမိုပေါ့ပါးနေရခြင်း ဖြစ်ပါတယ်။ တကယ်လို့ သင်သည် ကိုယ့်ရဲ့ အလုပ်ကြောင့်ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် နားကြပ်ကို အမြဲတမ်း တပ်ဆင်နေရသူတစ်ယောက်ဆိုရင် ပေါ့ပါးမှုကို ပိုမိုအလေးထားမှာပဲ ဖြစ်ပါတယ်။ အချိန်အကြာကြီး ခေါင်းပေါ်မှာ တပ်ထားရမှာဖြစ်တဲ့အတွက်ကြောင့် Headphone က အရမ်းလေးလွန်းတဲ့အခါ ဇက်ကြောတက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နားကြပ်နဲ့ နားထောင်နေစဥ်အတွင်းမှာလည်း ခဏခဏ ချွတ်ပစ်ချင်စိတ်များ ပေါ်လာမှာပဲဖြစ်ပါတယ်။ ဒ့ါအပြင် နားတစ်ဝိုက်က ချွေးထွက်များတာကြောင့်လည်း စိတ်ညစ်ရပါလိမ့်မယ်။ ကြိုးတပ်နားကြပ်တွေမှာတော့ အဲ့ဒီလိုမရှိပါဘူး။
အားသွင်းစရာမလိုဘူး
ကြိုးမဲ့နားကြပ်တွေကို ခဏခဏ အားသွင်းနေရတာကလည်း အလုပ်တစ်ခုပါပဲ။ အထူးသဖြင့် မကြာခဏ မီးပျက်နေတဲ့အချိန်ဆိုရင် အားသွင်းဖို့အချိန်လည်း ရှိမှာမဟုတ်ပါဘူး။ ကြိုးတပ်နားကြပ်တွေကျတော့ အားသွင်းနေစရာမလိုတဲ့အတွက်ကြောင့် လျှပ်စစ်သုံးစွဲမှုကိုလည်း အနည်းငယ်ခန့် ချွေတာရ ရောက်ပါလိမ့်မယ်။ ကွီးတို့အနေနဲ့ အလုပ်ရှုပ်လွန်းလို့ အားသွင်းဖို့ မေ့သွားခဲ့ရင်လည်း ဘာပြဿနာမှ မရှိတာကတော့ Wired Headphone တွေပဲဖြစ်ပါတယ်။
အသံပိုင်းဆိုင်ရာ ကွာလတီ ပိုကောင်းတယ်
ကြိုးမဲ့နားကြပ်တွေသည် ယခုအချိန်ထိ စမ်းသပ်ဆဲကာလတွေပဲ ဖြစ်ပါတယ်။ ကြိုးမဲ့နားကြပ်တွေကို အကောင်းစားနည်းပညာများဖြင့် စမ်းသပ်ထုတ်လုပ်ထားခဲ့တာ ပြီးပြည့်စုံနေပြီဖြစ်တဲ့အတွက်ကြောင့် ကြိုးမဲ့နားကြပ်တွေဘက် လှည့်လာတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုးတပ်နားကြပ်တွေသည် အပြစ်အနာအဆာ လုံးဝမရှိဘဲ ပြီးပြည့်စုံနေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ကြိုးမဲ့နားကြပ်တွေက စမ်းသပ်ဆဲကာလမှာပဲ ရှိနေတဲ့အတွက်ကြောင့် အသံပိုင်း ကွာလတီချင်း ယှဥ်လာတဲ့အခါ ကြိုးတပ်နားကြပ်တွေကို မယှဥ်နိုင်သေးပါဘူး။ အားနည်းချက်တွေကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ်သမားတွေအတွက် Wired Headphone တွေက ပိုသင့်တော်တယ်
ပရော်ဖက်ရှင်နယ်သမားတော်တော်များများကို လေ့လာကြည့်လိုက်ပါ။ သူတို့သည် Wired Headphone တွေကိုသာ အသုံးများကြပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ Wired Headphone တွေသည် ပိုမိုယုံကြည်စိတ်ချရပြီး အလုပ်ရှုပ်သက်သာလို့ပဲ ဖြစ်ပါတယ်။ ဥပမာ အသံပိုင်းအင်ဂျင်နီယာများ၊ အသံသွင်းရသူများ စသည်ဖြင့် Headphone လိုအပ်သူများအတွက်တော့ Wired Headphone တွေသည် အကောင်းဆုံး ရွေးချယ်မှုပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ ခဏခဏ အားသွင်းနေရတာကို စိတ်ထဲ ဘဝင်မကျဘူး၊ စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင်တော့ ကြိုးတပ်နားကြပ်တွေကို ဝယ်ယူဖို့ အကြံပေးချင်ပါတယ်။
ပြင်ဆင်ရ ပိုမိုလွယ်ကူပြီး ပြင်ဆင်စရိတ်လည်း ပိုမိုသက်သာတယ်
စောစောက ပြောခဲ့သလိုပါပဲ။ ကြိုးမဲ့နားကြပ်ထဲမှာ ပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းများသည် ပိုမိုများပြားပြီး ထုတ်လုပ်တဲ့ပုံစံက ပိုပြီးအနုစိတ်ပါတယ်။ မတော်တဆ ပျက်စီးသွားပါကလည်း ပြင်ဆင်ရတာ တန်ဖိုးကြီးမားပြီး ပြင်ဆင်ရခက်ခဲပါတယ်။ ကြိုးတပ်နားကြပ်တွေကတော့ ထိုကဲ့သို့မဟုတ်ပါဘူး။ ပြင်ဆင်ရ လွယ်ကူပြီး ပြင်ဆင်စရိတ်ကလည်း သက်သာတဲ့အတွက်ကြောင့် လူအများအတွက်တော့ Wired Headphone တွေက အကောင်းဆုံးပဲဖြစ်ပါတယ်။
ပတ်ဝန်းကျင်အတွက် အလေအလွှင့် ပိုနည်းတယ်
Photo: Freepik
Wired Headphone တွေသည် အကြမ်းခံအောင် ထုတ်လုပ်ထားတဲ့အပြင် ဘက္ထရီလည်း မပါတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်အတွက် ပိုမိုအကျိုးပြုစေပြီး အပျက်အစီးအလေအလွှင့် နည်းပါးအောင် ကူညီပေးပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ ကြိုးတပ်နားကြပ်အတွက် ဘတ်ဂျက်ကို ဒေါ်လာ ၁၀၀ ဝန်းကျင်လောက်ပဲ သုံးပါစေဦး၊ အနည်းဆုံး ခြောက်နှစ်လောက်အထိ ကောင်းကောင်းအသုံးခံပါတယ်။ ဒါပေမဲ့ ကြိုးမဲ့ နားကြပ်ကို ဒေါ်လာ ၁၀၀ ဝန်းကျင်တန် ဝယ်မယ်ဆိုရင်တော့ ပေါချောင်ကောင်း Wireless Headphone တစ်လက်ပဲ ဝယ်လို့ရမှာပါ။
ဒါဆိုရင်တော့ ကြိုးမဲ့ Headphone နဲ့ ကြိုးတပ် Headphone တွေမှာ ဘယ် Headphone က ပိုကောင်းသလဲဆိုတာကို သိသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Source: Makeuseof
Featured Image: Platform