လိင်မှုရေးရာနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေဟာ တော်ရုံလူတိုင်းကို မေးလို့အဆင်မပြေပါဘူး။ ဒါပေမယ့်လည်း လိင်မှုဆိုင်ရာကျန်းမာရေး အသိရှိထားတာဟာ မိမိအတွက်ရော ဆက်ဆံဖော်ပါတနာအတွက်ပါ အကျိုးများစေတဲ့ အချက်တစ်ခုပါပဲ။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ သိချင်ပေမယ့် လူတိုင်းကို မေးဖို့မလွယ်တဲ့ ကြံကြံဖန်ဖန် မေးခွန်းတွေ ကို ဗဟုသုတုအနေနဲ့ ဖြေကြားပေးချင်ပါတယ်။

(၁) သုတ်ရည်မြိုချခြင်းက ကိုယ်ဝန်ရနိုင်သလား

Mouth

Photo : The Times of India

သုတ်ရည်မျိုချရုံနဲ့တော့ ကိုယ်ဝန်မရနိုင်ပါဘူး။ ကိုယ်ဝန်ရဖို့အတွက် တစ်ခုတည်းသော နည်းလမ်းမှာ သုတ်ပိုးဟာ မိန်းမကိုယ်နဲ့ တိုက်ရိုက်ထိတွေ့မှုရှိမှသာ ဖြစ်ပါတယ်။ သုတ်ရည်မျိုချခြင်းက ကိုယ်ဝန်မရနိုင်ပေမယ့်လည်း လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs) တော့ ဖြစ်နိုင်ခြေ ရှိပါတယ်။

(၂) ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းက ထိုးသွင်းဆက်ဆံခြင်းထက် အန္တရာယ်ကင်းပါသလား

Photo : VOI

ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်မရနိုင်ပေမယ့်လည်း လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs) ကူးစက်နိုင်တယ်လို့ Center For Disease Control And Prevention ကအတည်ပြုထားပါတယ်။ အကာကွယ်မဲ့ ပါးစပ် ၊ စအို ဒါမှမဟုတ် မိန်းမကိုယ် တို့နဲ့ထိတွေ့ဆက်ဆံခြင်းဟာ STIs ကူးစက်နိုင်ခြေအရှိဆုံး အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံး သို့မဟုတ် Dental Dam တို့လို အကာအကွယ် သေချာပေါက် သုံးဖို့လိုပါတယ်။

(၃) Pull-out Method က စိတ်ချရပါသလား

Couple

Photo : The New York Times

မိန်းမကိုယ် ပြင်ပမှာ သုတ်ရည်စွန့်ထုတ်တဲ့ နည်းလမ်း Pull-out Method ဟာ လူသုံးအများဆုံး သန္ဓေတားနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သို့သော် Pull-out Method ဟာ အချိန်မှီ လုပ်ဆောင်နိုင်မှု ၊ ကျွမ်းကျင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းတွေအပေါ် မူတည်တာကြောင့် လွယ်ကူတဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ နောက်ပြီး ယုံကြည်စိတ်ချရမှုဟာလည်း အပြည့်အဝမရှိပါဘူး။ Pull-out Method သုံးတဲ့ ၅ ယောက်မှာ ၁ ယောက်နှုန်း ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ အကောင်းဆုံးကတော့ တခြားသော သန္ဓေတားနည်းတွေနဲ့ တွဲသုံးတာက ပိုမိုယုံကြည်စိတ်ချရမှု ရှိစေမှာ ဖြစ်ပါတယ်။

(၄) သုတ်ရည်ပေထားတဲ့ လက်တွေနဲ့ ထိုးသွင်းဆက်ဆံရင် ကိုယ်ဝန်ရနိုင်ပါသလား

Couple

Photo : Cleveland Clinic Health Essentials

သုတ်ရည်ပေထားတဲ့ လက်တွေနဲ့ ပါတနာရဲ့ အမျိုးသမီး လိင်အင်္ဂါကို ထိုးသွင်းဆက်ဆံမှု လုပ်တဲ့အခါ ရာခိုင်နှုန်းအားဖြင့် နည်းသော်လည်း ကိုယ်ဝန်ရနိုင်ခြေ ရှိနေပါတယ်။ သုတ်ပိုးတွေဟာ သားအိမ်အတွင်း ငါးရက်အထိ အသက်ရှင်နေထိုင်နိုင်ပြီး လေနဲ့ထိတွေ့တဲ့အခါမှာတော့ ပိုမိုမြန်ဆန်စွာ သေဆုံးသွားလေ့ရှိပါတယ်။ သို့သော် စိတ်ချယုံကြည်မှု အပြည့်အဝရှိစေဖို့အတွက် ပါတနာနဲ့ လုပ်ငန်းမစခင်မှာ လက်တွေကိုသေချာဆေးကြော သန့်စင်ထားဖို့ လိုပါတယ်။

(၅) စအိုနဲ့ လိင်ဆက်ဆံခြင်းကနေ ကိုယ်ဝန်ရနိုင်သလား

Photo : Daily Mail

စအိုနဲ့ လိင်ဆက်ဆံခြင်းဟာ ပုံမှန်အားဖြင့် ကိုယ်ဝန်မရနိုင်ပါဘူး။ သို့သော်လည်း ရာခိုင်နှုန်းအနည်းငယ် ရှိပါတယ်။ သုတ်ရည်စွန့်ထုတ်တဲ့အခါမှာ မိန်းမကိုယ်အနီးတဝိုက် ဒါမှမဟုတ် မိန်းမကိုယ်ထဲ မတော်တဆ သုတ်ရည်အချို့ ဝင်ရောက်သွားမယ်ဆိုပါက ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။

(၆) ကွန်ဒုံးနှစ်ထပ် အသုံးပြုတာက ပိုစိတ်ချရသလား

condom

Photo : Verywell Health

တစ်ချိန်တည်းမှာပဲ ကွန်ဒုံး ၂ ခုအသုံးပြုခြင်းဟာ ပွတ်တိုက်မှုကို ဖြစ်စေပြီး ကွန်ဒုံးကွဲထွက်နိုင်ခြေ ပိုများပါတယ်။ ဒါဟာ လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ (STIs) နဲ့ မလိုလားအပ်တဲ့ ကိုယ်ဝန်ရနိုင်ခြေ များစေတဲ့ အချက်တစ်ခုပါပဲ။ တစ်ကြိမ်လျှင် ကွန်ဒုံးတစ်ခုတည်းကိုသာ နည်းလမ်းမှန်ကန်စွာနဲ့ အသုံးပြုတာဟာ အကောင်းဆုံး ဖြစ်ပါတယ်။

(၇) ရေထဲမှာ အတူနေချိန်မှာ ကိုယ်ဝန်ရနိုင်သလား

couple in water

Photo : Healthline

ရေထဲမှာ ဆက်ဆံတာဟာ ကိုယ်ဝန်မရနိုင်ဘူးလို့ ပြောကြတာ ကြားဖူးကြမှာပါ။ သို့သော် ဒါဟာ မှားယွင်းစွာလက်ခံထားတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ စိတ်ချရတဲ့ သန္ဓေတားနည်းတစ်ခုခု အသုံးမပြုပါက အချိန်မရွေး ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါတယ်။ ရေရဲ့ အပူချိန်ဟာ သုတ်ပိုးတွေကို မသေစေနိုင်ပါဘူး။ ဒါကြောင့် ရေထဲမှာ အကာကွယ်မဲ့ဖြစ်စေ ဒါမှမဟုတ် သန္ဓေတားနည်းတစ်ခုခု အသုံးမပြုပါပဲ ဆက်ဆံမယ်ဆိုရင် အချိန်မရွေး ကိုယ်ဝန်ရသွား နိုင်ပါတယ်။

(၈) တစ်ကိုယ်ရည် အာသာဖြေခြင်းက ကျန်းမာရေးအတွက် ကောင်းလား

masturbation

Photo : Medical News Today

တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ပုံမှန်လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ တစ်ကိုယ်ရည် အာသာဖြေခြင်းက စိတ်ဖိစီးမှုကို သက်သာစေပြီး ပျော်ရွှင်မှုကို တိုးစေကာ ညဘက်မှာလည်း ကောင်းမွန်စွာ အိပ်ပျော်စေတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ သို့သော်လည်း အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေခြင်းကတော့ သင့် လိင်တံ/ လိင်အင်္ဂါကို ထိခိုက်စေပြီး ဆိုးကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာ သတိပြုသင့်ပါတယ်။

Featured Photo : The Sun