ကွီးတို့ အနေနဲ့ အခြားသူတွေနဲ့ ယှဥ်လိုက်တိုင်း ကိုယ်လုံးကိုယ်ထည်သေးလို့ စိတ်ရှုပ်နေရပြီလား။ ဒါဆိုရင်တော့ ခုကစပြီး Stress တွေကို ဘေးဖယ်ထားလိုက်လို့ ရပါပြီ။ ဘာလို့ဆိုရင် ဒီနေ့ဖက်ရှင်ရေစီးကြောင်းဟာ ပြီးပြည့်စုံတဲ့ Figure တွေအတွက်ပဲ ဖြစ်တည်လာတာ မဟုတ်တော့ပါဘူး။ ဆိုရိုးလေးတစ်ခုဖြစ်တဲ့ “အဝတ်တွေအတွက် ကျွန်တော်တို့ ခန္ဓာကိုယ်ဖြစ်တည်မှုကို ပြုပြင်ပြောင်းလဲဖို့မလိုပဲ ကျွန်တော်တို့အတွက်သာ လိုက်ဖက်ညီစေမယ့် အဝတ်မျိုးကိုသာ ရွေးချယ်ဖန်တီးရမယ်” ဆိုတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်အခုပြောတဲ့ ကြွက်သားတောင့်တောင့်နဲ့ကိုယ်လုံးကိုယ်ထည် ဖွံ့ထွားသယောင်ထင်ရစေမယ့် ဖက်ရှင် Tips လေးတွေကို လေ့လာလိုက်ရအောင်ပါ။
(၁) လည်ပင်း V ပုံစံရွေးဝတ်ပါ
Photo : HiConsumption
Oversized ဒီဇိုင်းတွေ ဝတ်ဆင်ခြင်းက ရှိရင်းစွဲကိုယ်လုံးထပ် ပိုပြည့်သယောင် ဖြစ်စေတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်ကတော့ သင့်ကိုပိုပြီး ကိုယ်ထည်သေးသယောင် ထင်ရစေတာပါ။ သင်ကWorkout တွေလည်း လုပ်နေတယ် ရှိရင်းစွဲထပ် ထွားသယောင်ထင်ရ ချင်ရင်တော့ V Shape ပုံစံ Shirt နဲ့ Jeans တစ်ထည်သာ တွဲဝတ်လိုက်ပါ။
(၂) ပခုံးချုပ်ရိုး ကွက်တိကျတာမျိုးကို ရွေးချယ်ပါ
Photo : Cheatsheet
ကြည့်လိုက်တာနဲ့ ဖက်ရှင် ကျပြီး Smart ဖြစ်တဲ့ Look မျိုးရဖို့ဆို စျေးကြီးတဲ့ Designer Brand တွေဝတ်ဖို့ မလိုပါဘူး။ ဘယ်လောက်စျေးကြီးတဲ့ Brand ဝတ်ဝတ် ကိုယ့်ရဲ့ ဘော်ဒီ အချိုးအစားနဲ့ ကွက်တိမကျရင် ကြည့်ရတာ အဆင်မပြေနိုင်လို့ပါပဲ။ ကိုယ့်ခန္ဓာအချိုးအစားနဲ့ ကွက်တိကျဖို့ဆိုရင် ပခုံးချုပ်ရိုးကို အထူးအလေးပေးပြီး ကြည့်သင့်ပါတယ်။ လိုတာထပ်ပိုပြီး ကျုံ့နေ ၊ ချဲ့နေတာမျိုးက သင့် Outfit Look ကို ဖျက်စီးနိုင်သလို သေးညှက်တယ်လည်း ထင်ရစေနိုင်ပါတယ်။
(၃) အဖြူရောင်ကို အဓိကရွေးချယ်ပါ
အမဲရောင်ဝတ်ရင် ခန္ဓာကိုယ်သေးသွယ်တယ် ထင်ရစေသလို အလားတူ အဖြူရောင်ဝတ်ခြင်းကလည်း ၊ သင့်ကို ရှိရင်းစွဲထပ် ထွားတယ်ထင်ရစေနိုင်ပါတယ်။ သင့်ရဲ့ ကိုယ်ခန္ဓာအချိုးအစားကို ရှိရင်းစွဲထပ် ကြီးစေမှာဖြစ်ပြီး ရင်အုပ်ကျယ်သယောင် ထင်ရစေနိုင်လို့ အဖြူရောင် Fitting ကျတဲ့ အင်္ကျီတစ်ထည်တော့ ဆောင်ထားသင့်ပါတယ်။
(၄) လက်ရှည်ရွေးဝတ်ပါ
Photo : Fashion History – LoveToKnow
သင့်လက်မောင်း ၊ လက်ဖျံသေးလို့ စိတ်ညစ်နေရင် ရှပ်အင်္ကျီလက်တိုအစား လက်ရှည်သာရွေးဝတ်ပါ။ အင်္ကျီလက်ရှည်ဝတ်ခြင်းက သင့်ရဲ့လက်မောင်းကို ပိုပြီးဖွံ့ထွားသန်မာတယ် ထင်ရစေပါတယ်။ အကယ်၍ သင်နေတဲ့နေရာမှာ ရာသီဥတုက ပူနေတယ်ဆိုရင်လည်း လက်ဖျံလောက်ထိ ခေါက်ဝတ်လိုက်ပါ။ ဒါဆိုရင်တော့ ဖွံ့ထွားသန်မာတဲ့ Mascular Look ကို ရစေမှာ အသေချာပါပဲ။
Featured Photo : The Manual