အင်တာနက်သုံးမယ်ဆို Browsers ကောင်းကောင်းတော့ လိုတာပါပဲ။ အသုံးအများဆုံးက Google Chrome နဲ့ Firefox တို့ ဖြစ်ပေမယ့် RAM နေရာယူမှု များပြီး လေးတာကြောင့် ထုတ်ကုန်တချို့နဲ့ အဆင်မပြေတာတွေ ရှိနိုင်ပါတယ်။ ဒီအတွက် RAM အစား သက်သာပြီး သွက်လက်ပေါ့ပါးတဲ့ Lightweight Browsers တွေ အကြောင်း မျှဝေပေးချင်ပါတယ်။
ဒီ Browsers တွေက Windows 10 ၊ Windows 11 သုံး RAM နည်းတဲ့ ကွန်ပျူတာတွေနဲ့ အဆင်ပြေမယ့် Lightweight ဗားရှင်းတွေ ဖြစ်ပါတယ်။ Windows ထုတ်ကုန်တွေ အပြင် Mac နဲ့ Linux တွေအတွက်လည်း အသုံးပြုနိုင်လို့ ထုတ်ကုန်အတော်များများမှာ အသုံးပြုနိုင်သလို Antivirus Engines အမျိုးမျိုးနဲ့ Scan ဖတ်ထားလို့ စိတ်ချဘေးကင်းပြီး Privacy ထိန်းချုပ်မှုလည်း ကောင်းပါတယ်။
(၁) Vivaldi
Photo : thepcdoctor
Chrome နီးပါး Features စုံသလို တည်ဆောက်တဲ့ Architecture ချင်းလည်း သိပ်မကွာပါဘူး။ Mainstream Browsers တွေလိုမျိုး Heavy Features တွေတော့ ပါမှာ မဟုတ်ပါဘူး။ Chrome Extension တွေ အများကြီး ရယူနိုင်သလို Dark Mode အပါအဝင် Customize လုပ်နိုင်မယ့် Themes တွေလည်း ၈ မျိုးအထိ ပါဝင်တယ်လို့ ဆိုပါတယ်။ စိတ်ချ မြန်ဆန်ပြီး Customizable အဖြစ်ဆုံး Lightweight Browsers တွေထဲက တစ်ခုလို့ ဆိုနိုင်ပါတယ်။
(၂) Slimjet
Photo : Browser Solution
Multitasking လုပ်ပြီး သုံးသူတွေအတွက် အဆင်ပြေတဲ့ Browser တစ်ခု ဖြစ်ပြီး UI Design တုံ့ပြန်မှု ကောင်းမွန်သလို Trackpad လေးတာတွေလည်း မရှိပါဘူး။ Browsing Speed သွက်လက်မြန်ဆန်ပြီး Browser Responsiveness ကောင်းတာကြောင့် သုံးရတာ စိတ်ချမ်းသာမှာပါ။ ဖိုင်ဒေါင်းလုပ်ဆွဲရာမှာ Chrome တို့ Firefox တို့ထက် ၁၂ ဆ ပိုမြန်ပြီး ဓါတ်ပုံတွေ Upload တင်ရာမှာ အဆ ၂၀ ပို သွက်လက်တယ်လို့ ဆိုပါတယ်။ ကြော်ငြာတွေ ပိတ်လို့ရတဲ့ Built-In Ad Blocker ပါပြီး Screenshot ဖမ်းနိုင်မယ့် Tool ၊ Screen Recorder နဲ့ အလွန်မြန်တဲ့ Download Manager စနစ် ပါဝင်လို့ Lightweight ဆန်ပြီး အမိုက်စား User Experience ပေးနိုင်မယ့် Browser လို့ ဆိုရမှာပါ။
(၃) SlimBrowser
Photo : getwinpcsoft
Flashpeak က Slimjet အပြင် SlimBrowser ဆိုပြီးလည်း Lightweight Browser တစ်ခု ထုတ်ထားပါတယ်။ SlimBrowser နဲ့ Slimjet တို့က တစ်ပုံစံတည်းလို့ ပြောနိုင်ပါတယ်။ မတူတာက SlimJet က Google Chrome ဆိုရင် SlimBrowser က FireFox နဲ့ ဆင်ပါတယ်။ SlimBrowser ဟာ Mozilla ရဲ့ Gecko Rendering Engine စနစ်ကို သုံးထားပြီး အင်ဂျင်က Font ၊ Andimation နဲ့ Cursor Modules တွေကို ထိန်းချုပ်မှု လုပ်ပါတယ်။
Wondows 10 နဲ့ Windows 11 ထုတ်ကုန်တွေမှာဆို SlimBrowser ရဲ့ မြန်နှုန်းက သိသိသာသာ ကောင်းမွန်ပါတယ်။ RAM 4GB အောက် Windows Laptop တွေမှာဆို တခြား Browsers တွေထက် အပြတ်အသတ် မြန်တယ်လို့ ဆိုပါတယ်။ Keyboard Response နှေးတဲ့ စက်တွေမှာဆို SlimBrowser က သိသာပါတယ်။ RAM နည်းတဲ့ Windows ထုတ်ကုန်တွေအတွက် SlimBrowsers ကို စမ်းသုံးကြည့်ဖို့ ညွှန်းချင်ပါတယ်။
(၄) Yandex
Photo : premiumfasr881
Yandex Browser က နာမည်ကြီး Browser တစ်ခုပါ။ Lightweight ဆိုပေမယ့် Powerful ဖြစ်တဲ့ Browser လို့ ဆိုနိုင်ပါတယ်။ Turbo Speed Features တွေ သုံးထားလို့ ကွန်ရက်ချိတ်ဆက်မှု မြန်ဆန်သလို Customization လည်း လွယ်ပါတယ်။ Power Mode ပါလို့ ဘက်ထရီနည်းနေချိန်မှာ ဗွီဒီယိုဂိမ်းတွေ ပိတ်ထားပြီး Device Power ကို ချွေတာပေးပါတယ်။ Settings ထဲမှာ Minimal Features တွေ အများကြီး ပါရှိပြီး Side Panel ၊ Bookmarks Bar နဲ့ News , Weather Feeds တွေ Display မလုပ်ချင်ရင်လည်း ပိတ်ထားနိုင်ပါတယ်။
လုံခြုံရေးအတွက် ဘဏ်အချက်အလက်တွေ Phishing မမိအောင် ကာကွယ်နိုင်တဲ့စနစ် ၊ Public WiFi ကွန်ရက်ထဲ Encryption လုပ်နိုင်တဲ့ လုပ်ဆောင်ချက်နဲ့ Download လုပ်ထားတဲ့ ဖိုင်တွေကို Security Checks လုပ်နိုင်မယ့် Protect Tab တို့လည်း ပါဝင်ပါတယ်။ Quality မြင့်တဲ့ Lightweight Browser တစ်ခု ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ထိပ်တန်း Browsers ၁၀ ခု စာရင်းဝင်ပါတယ်။
(၅) SRWare Iron
Photo : File Horse Mac
Browsing Speed ကောင်းပြီး Privacy လုံခြုံမှု မြင့်တဲ့ နောက်ထပ် Lightweight Browser တစ်ခုက SRWare Iron ပါ။ Google Chrome နဲ့ ဒီဇိုင်း ၊ Features နဲ့ Interface ပိုင်း ဆင်ပြီး အသုံးပြုရ လွယ်သလို သုံးရတာလည်း ရင်းနှီးလွယ်ပါတယ်။ Chrome သုံးရတာ သဘောကျရင် SRWare Iron လည်း အကြိုက်တွေ့နိုင်ပါတယ်။
Featured Photo : Windows Report