ချစ်တင်းနှောချိန်တိုင်းမှာ ကွန်ဒုံး အသုံးပြုရမယ်ဆိုတာဟာ လိုက်ကိုလိုက်နာရမယ့် အခြေခံလိုအပ်ချက်တစ်ခုပါ။ သာယာပျော်ရွှင်ပြီး စိတ်ချလုံခြုံမှုရှိတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်ဖို့ ကွန်ဒုံးတွေဟာ ရာနှုန်းပြည့်မဟုတ်တောင် ရာခိုင်နှုန်းတော်တော်များများ အရေးပါပါတယ်။ အကာ အကွယ်မဲ့ ချစ်တင်းနှောခြင်းရဲ့ ဆိုးကျိုးတွေ ၊ ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေအကြောင်းကိုလည်း ဆိုရှယ်မီဒီယာတွေ ၊ ဆေးရုံဆေးခန်းတွေနဲ့ သက်ဆိုင်ရာ ကျန်းမာရေးစင်တာတွေမှာ အကျယ်တဝင့် ရှင်းလင်းဖော်ပြ ထားတာကိုလည်း မကြာခဏတွေ့ဖူးကြမှာပါ။ ဒီဆောင်းပါးလေးမှာလည်း ချစ်တင်းနှောတဲ့အခါ ကွိုင် မသုံးရင် ဖြစ်လာနိုင်တဲ့ အဆိုးဆုံး အကျိုးဆက်တွေနဲ့ ကွိုင်သုံးခြင်းကနေရနိုင်မယ့် ကောင်းကျိုးဆိုးပြစ်တွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

(၁) လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုး (STIs) ကူးစက်နိုင်ခြေကို လျှော့ချပေးတယ်

Condom

Photo : Truly Madly

အမျိုးသမီးသုံး External ကွန်ဒုံးရော အမျိုးသားသုံး Internal ကွန်ဒုံးရောဟာ ချစ်တင်းနှောတဲ့အခါ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုး (STIs) ကူးစက်နိုင်ခြေကို တားဆီးဟန့်တားပေးနိုင်တဲ့အထိရောက်ဆုံး တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။ ထိုးသွင်းဆက်ဆံမှုအပါအဝင် ၊ စအို ဒါမှမဟုတ် ပါးစပ်နဲ့ ချစ်တင်းနှောချိန်တွေမှာလည်း ကွန်ဒုံး ၊ ပါးစပ်အကာ စတဲ့ အကာအကွယ်တွေကို အသုံးပြုဖို့ လိုပါတယ်။

(၂) မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကို ကာကွယ်ပေးတယ်

Condom

Photo : MindBodyGreen

ဈေးသက်သာပြီး ထိရောက်မှုရှိတဲ့ သန္ဓေတားနည်းတွေထဲမှာ ကွိုင် တွေဟာ ထိပ်ဆုံးကပါပါတယ်။ စုံတွဲတွေနဲ့ သားသမီးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့ ဇနီးမောင်နှံတွေမှာ မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားနိုင်ခြေကို ကာကွယ်တားဆီးဖို့ ကွန်ဒုံးတွေဟာ အဓိကအရေးပါတဲ့ အဟန့်အတားတစ်ခုပါ။ နည်းစနစ်တကျနဲ့ မှန်မှန်ကန်ကန်အသုံးပြုမယ်ဆိုရင် ရာခိုင်နှုန်းတစ်ခုအထိ ကိုယ်ဝန်ရနိုင်ခြေကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးသုံး ကွန်ဒုံးတွေဟာ ၉၉ ရာခိုင်နှုန်းအထိ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးပေးနိုင်ပြီး အမျိုးသားသုံး ကွန်ဒုံးတွေကတော့ ၉၅ ရာခိုင်နှုန်းအထိ ကိုယ်ဝန်ရနိုင်ခြေကို တားဆီးပေးနိုင်ပါတယ်။

(၃) ဘေးထွက်ဆိုးကျိုးနည်းပြီး ရွေးချယ်စရာများတယ်

Condom

Photo : Independent Nurse

ကွန်ဒုံးတွေဟာ ဘေးထွက်ဆိုးကျိုး မရှိသလောက်ကို နည်းပါတယ်။ Latex ကွန်ဒုံးနဲ့ဓာတ်မတည့်သူအရေအတွက်ဟာ ၁ ရာခိုင်နှုန်းခန့်သာ ရှိတာပါ။ ဒီလိုလူတွေအတွက်လည်း Polyisoprene ၊ Polyurethane ဒါမှမဟုတ် Polyethylene တို့လို အခြား Non-Latex ကွန်ဒုံးအမျိုးအစားတွေကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဈေးကွက်ထဲမှာ ဝယ်ရလွယ်ပြီး အခြားသာ သားဆက်ခြားနည်းနဲ့ အကာအကွယ်နည်းလမ်းတွေထက် ကုန်ကျစရိတ်သက်သာသလို ဆိုဒ်အရွယ်အစား ၊ အနံ့အရသာနဲ့ ပုံမှန်မဟုတ်တဲ့ အဖုအထစ်လေးတွေ ပါဝင်တဲ့ ရွေးချယ်စရာ ကွိုင် အမျိုးအစားများစွာလည်း ရှိတာကြောင့် ချစ်တင်းချိန်မှာ ကွန်ဒုံးသုံးဖို့ လက်မတွန့်ပါနဲ့ ကိုယ့်လူ။

(၄) လိင်မှုဆိုင်ရာ သာယာမှုတိုးစေတယ်

Condom

Photo : New York Post

ကွန်ဒုံးတွေဟာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေနဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေကိုပဲ တားဆီးကာကွယ်ပေးတာ မဟုတ်ပါဘူး။ လိင်မှုဆိုင်ရာ သာယာပျော်ရွှင်မှုကိုလည်း တိုးပွားစေနိုင်ပါတယ်။ အဓိကအားဖြင့် ကွန်ဒုံးတွေဟာ သုတ်လွှတ်မြန်တဲ့ အမျိုးသားတွေအတွက် သုတ်လွှတ်ချိန်ကို ကြန့်ကြာစေဖို့ ကူညီပေးနိုင်သလို အနံ့အရသာပါတဲ့ ကွန်ဒုံးတွေ ၊ အဖုအထစ် ဒီဇိုင်းဖော်ထားတဲ့ ဆန်းဆန်းပြားပြား ကွန်ဒုံးတွေဟာ မတူညီတဲ့ လိင်မှုဆိုင်ရာ အတွေ့အကြုံအသစ်တွေကို ပေးစွမ်းနိုင်ပြီး လိင်မှုခံစားချက် သာယာပျော်ရွှင်ခြင်းကို တိုးစေဖို့ ကူညီပေးနိုင်ပါတယ်။

(၅) တာဝန်ယူမှုရှိတဲ့ ယောကျာ်းကောင်းတစ်ယောက် ဖြစ်စေတယ်

Condoms

Photo : MindBodyGreen

ပျော်ရွှင်မှုဆိုတာဟာ လိင်မှုကိစ္စရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဘေးကင်းလုံခြုံရေးကတော့ ဂရုစိုက်ရမယ့် နောက်ထပ်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ချစ်တင်းနှောတဲ့အခါ ကွန်ဒုံးအသုံးပြုခြင်းဟာ သင့်အနေနဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေး အသိကြွယ်ဝမှုရှိကြောင်းကို ဖော်ပြနေတဲ့ ယောကျာ်းတစ်ယောက်ဖြစ်စေပြီး သင်ရောသင့်ပါတနာရဲ့ ကျန်းမာရေးကို အလေးနက်ထား ဂရုစိုက်တက်တဲ့ တာဝန်ယူမှုရှိတဲ့ ယောကျာ်းကောင်းတစ်ယောက်အဖြစ် ပုံဖော်ပေးနေပါတယ်။

Source :  Truly Madly

Featured Photo : Giddy