လူသားတွေဟာ မိမိတန်ဖိုးထားတဲ့ အရာတွေ၊ ချစ်မြတ်နိုးရတဲ့ သူတွေ စသည်တို့ကို ဂရုစိုက်အလေးပေး ကြပါတယ်။ အထူးသဖြင့် ကိုယ့်ကိုယ်ကို ထက် အခြားသူများကို ဂရုစိုက်နေမိတတ်တာ များပါတယ်။ အမှန်တကယ်တော့ မိမိတန်ဖိုးထားတဲ့ သူများကို ဂရုစိုက်သလို ကိုယ့်ကိုယ်ကိုလည်း ချစ်ပြီး ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းက ကွီးတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေကို တစ်နည်းအားဖြင့် လျော့ကျစေဖို့ အထောက်အကူ ပြုပါတယ်။
တစ်နည်းအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပြီး တိုးတက်ကောင်းမွန်နေရင် စိတ်ပိုင်းဆိုင်ရာလည်း တိုးတတ်ကောင်းမွန်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ တို့ဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေသောကြောင့်ဖြစ်ပါတယ်။ ထို့အပြင် ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းဖြင့် ကွီးတို့ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့သာမက ကျန်းမာရေး၊ လူမှုရေး စသည်ဖြင့်အဘက်ဘက်က တိုးတက်ကောင်းမွန်လာတာ တွေ့ရမှာပါ။ ဒါကြောင့် ကွီးတို့ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မဲ့ နည်းလမ်းကောင်း လေးတွေကို ဝေမျှပေးချင်ပါတယ်။
ကွီးတို့ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မဲ့ နည်းလမ်းကောင်းလေးတွေကတော့ ခက်ခဲတာ မဟုတ်ဘဲ နေ့စဉ်ဘဝကို အနည်းငယ်ပြောင်းလဲလိုက်ရုံပါပဲ။
(၁) ကျန်းမာစွာ နေထိုင်ပါ
Photo : Argos
ကွီးတို့ ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်မဲ့ ပထမဆုံးနည်းလမ်းကတော့ ကွီးတို့ကျန်းမာရေးကို ဂရုစိုက်တာပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေစားပါ။ အိပ်ချိန်လုံလောက်စွာ ရှိပါစေ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ပုံမှန် ကျန်းမာရေးစစ်ဆေးမှုကို ပြုလုပ်ပါ။ ကွီးတို့ခန္ဓာကိုယ် ကျန်းမာနေရင် စိတ်သွားတိုင်းကိုယ်ပါနေပြီး နေထိုင်ရတာ လွတ်လပ်ပေါ့ပါးနေမှာပါ။
(၂) တစ်ကိုယ်ရည် သန့်ရှင်းမှုကို အလေးထားလိုက်နာပါ
Photo : Stuff.co.nz
တစ်ကိုယ်ရည် သန့်ရှင်းစင်ကြယ်ခြင်းက ကွီးတို့ရဲ့ လှုမှုဆက်ဆံရေး နယ်ပယ်ကိုအကျိုးပြုရုံသာမက ကျန်းမာရေးအတွက်ပါ တကယ်ကို ကောင်းတဲ့အလေ့အထ ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ အမြင်သာမက ကိုယ့်ကိုယ်ကို ရှု့မြင်မှုပါ တိုးတက်ကောင်းမွန်လာစေပါတယ်။
(၃) ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွက်ပါ
Photo : Man Of The Hour
ကွီးတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ချဲ့ထွင်ခြင်း သို့မဟုတ် သူငယ်ချင်းအသစ်တွေ ရှာခြင်းကလည်း ကွီးတို့လှုမှုရေးနယ်ပယ်မှာ တိုးတက်ဖို့အတွက် ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းတစ်မျိုးပါပဲ။ မိတ်ဆွေအသစ်တွေ ဆီက အကြောင်းအရာအသစ်တွေ၊ အတွေ့အကြုံတွေ ကိုဖလှယ်ခွင့်ရရှိပြီး ကွီးတို့ဘဝအတွက် အကျိုးရှိစေပါလိမ့်မယ်။
(၄) နေ့စဉ်ဝါသနာတစ်ခုခု သို့မဟုတ် စိတ်ဝင်စားတာတစ်ခုခု လုပ်ရန်ကြိုးစားပါ
Photo : Westend61
ကွီးတို့ အနေနဲ့ အကြာင်းအမျိုးမျိုးကြောင့် ကိုယ်ဝါသနာပါရာ ကိုယ့်စိတ်ကို ပျော်ရွှင်စေတဲ့အရာတွေ မလုပ်ခဲ့မိဘူးလား၊ လုပ်ဖို့အချိန်မပေးခဲ့ဘူးလား။ ဒါဆိုရင်တော့ အခုအချိန်ကစပြီး ကွီးတို့ စိတ်ကိုပျော်ရွှင်စေတဲ့အရာတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။ ဥပမာ ပန်းချီဆွဲတာ၊ ဂီတာတီးတာ၊ စာဖတ်တာ စသည်ဖြင့်။
(၅) အနားယူဖို့ အချိန်ပေးပါ
Photo : Life
ကွီးတို့ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မဲ့ နောက်ထပ်နည်းလေးကတော့ ကိုယ်ရော စိတ်ပါ အနားယူခြင်းပဲ ဖြစ်ပါတယ်။ နေ့စဉ် ဘဝပင်ပန်းနွမ်းနယ်မှုထဲက ကွီးတို့ ခဏရုန်းထွက်လိုက်ပါ။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း၊ သဘာဝတရားကို ခံစားခြင်း စတဲ့နည်းလေးတွေနဲ့ အနားယူလိုက်ပါ။
အထက်ပါ ဖော်ပြပါနည်းလမ်းလေးတွေက ရိုးရှင်းပြီး ကွီးတို့နေ့စဉ်ဘဝကို အနည်းငယ်ပြောင်းလဲရုံနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ရာရောက်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းဖြင့် နေ့စဉ်လူနေမှုဘဝမှာ စိတ်ရောကိုယ်ပါ တိုးတက်ကောင်းမွန်လာတာ တွေ့ရမှာပါ။
Source : Mental Health America
Featured Photo : Vista.com