ကွီးတို့ရေ ပိတ်ရက်မှာ တစ်ပတ်တာ ပင်ပန်းနွယ်နယ်မှုတွေကို ခဏမေ့ထားပြီး ကိုယ်နှစ်သက်တာကို လုပ်ရင်း အပန်းဖြေကြည့်ပါ။ ဒါမှ စိတ်လက်ပေါ့ပါးပြီး နောက်တစ်ပတ်မှာ အားအင်အပြည့်နဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်နိုင်မှာပါ။ ဒါကြောင့် အားလပ်ရက်ကို ဂိမ်းဆော့ရင်း အပန်းဖြေနိုင်အောင် ကွီးတို့ အတွက် ဖုန်းနဲ့ ကစားလို့ ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း တွေကို ဖော်ပြပေးချင်ပါတယ်။

ကွီးတို့ ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း

Photo : Inspirationfeed

(၁) Genshin Impact

Source : IGN

ကွီးတို့ အတွက် ဖုန်းနဲ့ ကစားလို့ ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း လေးတစ်ခုကတော့ Genshin Impact ပဲ ဖြစ်ပါတယ်။ Genshin Impact က ၂၀၂၀ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ အက်ရှင် ဂိမ်းအမျိုးအစား ဂိမ်းတစ်ခု ဖြစ်ပြီး Free to Play ကစားလို့ ရပါတယ်။ စတင် ထွက်ရှိခဲ့တဲ့ ၂၀၂၀ မှာ Andorid၊ iOS ၊ Window နဲ့  PS4 အတွက် ထွက်ရှိခဲ့တာဖြစ်ပြီး ၂၀၂၁ ဧပြီ ၂၈ မှာ Play Station 5 အတွက် ထွက်ရှိခဲ့ပါတယ်။ ဒီဂိမ်းကို ကွီးတို့ တစ်ယောက်တည်းဖြစ်ဖြစ်၊ အများနဲ့ ပဲဖြစ်ဖြစ်ကစားလို့ ရပါတယ်။

(၂) Dead Cells

Source : Playdigious

Dead Cells ဆိုတဲ့ မိုဘိုင်းလ်ဂိမ်းလေး ကလည်း ဖုန်းနဲ့ တစ်ယောက်တည်း အေးအေးဆေးဆေး ဂိမ်းကစားချင်တဲ့ ကွီးတို့ အတွက် အကြိုက် တွေ့စေမှာပါ။ ဒီ ဂိမ်းကို Linux၊ macOS၊ PlayStation 4၊ Nintendo Switch၊ Windows၊ Xbox One တို့အတွက် ၂၀၁၈ မှာ စတင်ထွက်ရှိခဲ့ပြီး iOS အတွက်ကတော့ ၂၀၁၉ မှာ ထွက်ရှိခဲ့ပါတယ်။ Android အတွက်ကတော့ ၂၀၂၀ ဇွန်လ ၃ ရက်နေ့မှာ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

(၃) Call Of Duty: Mobile

Source : Call OF Duty

ကွီးတို့ အတွက် ဖုန်းနဲ့ ကစားလို့ကောင်းတဲ့ နောက်ထပ် မိုဘိုင်းလ်ဂိမ်းလေးကတော့ Call of Duty:Mobile ပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကို iOS နဲ့ Andorid နှစ်မျိုးလုံးမှာ ကစားလို့ရပါတယ်။ ဒီ ဂိမ်းက Free to Play ကစားလို့ ရတဲ့ Graphics အမိုက်စားတွေနဲ့ Shooter Game တစ်ခုဖြစ်ပါတယ်။ ဒီ ဂိမ်းကို TiMi Studio Group က ဖန်တီးခဲ့ပြီး Activison က ၂၀၁၉ မှာ ဖြန့်ဝေခဲ့ပါတယ်။ တစ်နှစ်အတွင်း Downloads ပေါင်း သန်း ၂၇၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ အားလပ်ရက်မှာ ဖုန်းနဲ့ ဂိမ်းကစားချင်တဲ့ ကွီးတို့ အတွက် တကယ်ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်းများ ဖြစ်ပါတယ်။

Source : Thegamer

Featured Photo : Pencarinafkah