အမျိုးသားတွေ အာရုံစိုက်ကြတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အထတွေထဲမှာ သက်လုံကောင်းကောင်းနဲ့ လိင်မှုစွမ်းဆောင်ရည်ပြည့်ဝနေဖို့က လည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လိင်မှုစွမ်းဆောင်ရည်ပြည့်ဝဖို့အတွက် အခြေခံအားဖြင့် နှလုံးရဲ့ လုပ်ဆောင်ချက်က အဓိကကျပါတယ်။ နှလုံးကျန်းမာရေးကို ကောင်းမွန်အောင် လုပ်ဆောင်ပေးခြင်းအားဖြင့် လိင်မှုစွမ်းရည်လည်း တိုးတက်လာစေမှာပါ။ နောက်ထပ်အမျိုးသားတို့အတွက် သက်လုံကောင်းပြီး လိင်မှု စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေမယ့် နည်းလမ်းကောင်းတချို့ ကိုလည်း မျှဝေပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

Fitness Man Exercising
Photo : Men’s Health

နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်တာဟာ နှလုံးကျန်းမာရေး မြှင့်တင်ပေးနိုင်ပြီး သက်လုံကောင်းကောင်းနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ပြေးခြင်း ၊ စက်ဘီးနင်းခြင်း ကဲ့သို့ ချွေးထွက်များစေမယ့် လေ့ကျင့်ခန်းတွေ တစ်ရက်ကို နာရီဝက်လောက် လုပ်ဆောင်ပေးတာနဲ့ သင်ရဲ့ Libido ကို မြှင့်တင်ပေးနိုင်မှာပါ။

(၂) စိတ်ဖိစီးမှု လျော့ချပါ

Meditation
Photo : Medium

စိတ်ဖိစီးမှုတွေဟာ Libido အပါအဝင် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး တော်တော်များများကို ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေဟာ နှလုံးခုန်နှုန်းကို ကမောက်ကမဖြစ်စေပြီး သွေးဖိအားကို တိုးစေပါတယ်။ နှလုံးခုန်နှုန်းမမှန်တာ ၊ သွေးဖိအားတိုးတာတွေက လိင်ဆန္ဒနဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တဲ့အတွက် တက်နိုင်သလောက် စိတ်ဖိစီးမှုတွေကို လျော့ချဖို့ လိုပါတယ်။

(၃) ဆေးလိပ်နဲ့ အရက်ဖြတ်ပါ

Quit Smoking
Photo : AtPerry’s Healing Crystals

ဆေးလိပ်နဲ့ အရက်အလွန်အကျွံမှီဝဲခြင်းဟာ လိင်မှု စွမ်းဆောင်ရည် ကျဆင်းစေတဲ့ အဓိကတရားခံတွေပဲ ဖြစ်ပါတယ်။ ဆေးလိပ်နဲ့ အရက်ကို အကန့် အသတ်မရှိ အလွန်အကျွံ သောက်သုံးမယ်ဆိုရင် ပန်းသေပန်းညိုးခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။ လေ့လာမှုတွေအရ ဆေးလိပ်နဲ့ အရက်ဖြတ်တာဟာ လိင်မှုစွမ်းရည်ကို တိုးတက်လာစေမယ့် ပထမအဆင့်တစ်ခုလို့ ဆိုပါတယ်။ အမျိုးသားတွေအနေနဲ့ လိင်မှုစွမ်းရည်ကောင်း မွန်ချင်တယ်ဆိုရင် ဆေးလိပ်နဲ့ အရက်ကို သေချာပေါက်ဖြတ်ဖို့လိုပြီး ကျန်းမာတဲ့ အလေ့အကျင့်တွေဖြစ်တဲ့ ကိုယ်အလေးချိန် ထိန်းညှိခြင်း ၊ လေ့ကျင့် ခန်းပုံမှန်လုပ်ခြင်း ၊ ကျန်းမာရေးနဲ့ အညီစားသုံးခြင်း စတဲ့အချက်တွေကို လုပ်ဆောင်ပေးဖို့ လိုပါတယ်။

(၄) ကိုယ့်ပါတနာကို အာရုံစိုက်ပါ


Photo : The Irish Independent

လိင်မှုကိစ္စဆိုတာ တစ်လမ်းမောင်း မဟုတ်ဘူးဆိုတာတော့ နားလည်ထားဖို့လိုပါတယ်။ ကိုယ့်ဆန္ဒတစ်ခုတည်းကိုမကြည့်ပဲနဲ့ ကိုယ့်လက်တွဲဖော်ရဲ့ စိတ်ဆန္ဒကိုလည်း အထူးဂရုစိုက်ဖို့ လိုပါတယ်။ လိင်မှုကိစ္စမှာတစ်ဦးနဲ့ တစ်ဦး ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးမှုရှိပြီး အပေးအယူမျှနေခြင်းဟာလည်း အိပ်ရာထက်မှာ စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ချစ်ပွဲဝင်နိုင်ဖို့ အထောက်အကူများစွာ ဖြစ်စေပါတယ်။

Source : My Fit Brain

Featured Photo : Tyla