ကွီးတို့ရေ နှလုံးဆိုတာ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ နှလုံးဟာ မွေးစအရွယ်ကစပြီး သေဆုံးသည်အထိ အလုပ်လုပ်ပေးရတဲ့ လူတစ်ယောက်အတွက် အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့် နှလုံးကျန်းမာရေးဟာ အရေးကြီးလှပါတယ်။ တစ်ခါတစ်လေ သိသာထင်ရှားတဲ့ နှလုံးကျန်းမာရေးဆိုင်ရာ ပြဿနာများကို မခံစားရသေးသရွေ့ ကျွန်တော်တို့ဟာ နှလုံးကျန်းမာရေးကို လျစ်လျူရှုထားမိပါတယ်။ တစ်ခါတစ်ရံကျ မပြင်းထန်တဲ့ လက္ခဏာတွေ ပြသော်လည်းပဲ နှလုံးကျန်းမာရေး ကို ဂရုမပြုဘဲပဲ လွှတ်ထားသလို ဖြစ်တတ်ပါတယ်။ ဒါက တကယ်ကို အန္တရာယ်ကြီးပြီး နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ကြီးမားတဲ့ နှလုံးကျန်းမာရေး ပြဿနာများကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါလေးမှာတော့ ကွီးတို့ နှလုံးသားလေး ရဲ့ ကျန်းမာရေးအတွက် သတိပြုရမဲ့ လက္ခဏာများကို ဖော်ပြပေးချင်ပါတယ်။

ဟောက်ခြင်း

ကွီးတို့ နှလုံးသားလေး

Photo : Irish Examiner

ကွီးတို့ရေ အိပ်ရင်ဟောက်တတ်ပါသလား။ ခဏတာ တစ်မှေးမှေးတဲ့အချိန် ဟောက်တာက ပုံမှန်ပဲလို့ ဆိုပါတယ်။ သို့သော်လည်း ကျယ်လောင်စွာ ဟောက်ခြင်း သို့မဟုတ် အသက်ရှူကြပ်ခြင်းကဲ့သို့ ပုံမှန်မဟုတ်သော ကျယ်လောင်စွာဟောက်ခြင်းက နှစ်ခြိုက်စွာအိပ်မပျော်ခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းက ကွီးတို့ အိပ်နေတုန်းမှာ ခဏတာ အသက်ရှူရပ်သွားတာမျိုးလို့ ဆိုပါတယ်။ ဒီအချက်က နှလုံးကို ဖိစီးစေပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်ဘဲ ကျယ်လောင်စွာ ဟောက်နေပါကသတိထားပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ချွေးထွက်ခြင်း

ကွီးတို့ နှလုံးသားလေး

Photo : Social Citizen

အကြောင်းပြချက်မရှိ၊ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် မဟုတ်ဘဲ အေးစက်တဲ့ ချွေးများထွက်ခြင်းက နှလုံးဖောက်ခြင်း လက္ခဏာ တစ်ခုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ချွေးထွက်ခြင်းအပြင် အခြားသော နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါလက္ခဏာများ ခံစားရပါက ဆေးရုံကို အမြန်ဆုံးသွားဖို့လိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုယ်တိုင်ကားလုံးဝ မမောင်းပါနဲ့။ ဒီအချက်ကလည်း ကွီးတို့ နှလုံးသားလေး ရဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်တာကြောင့် လုံးဝမပေါ့ဆပါနဲ့။

အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း

ကွီးတို့ နှလုံးသားလေး

Photo : Men’s Health

အရင်ကထက် ပင်ပန်းလွယ်ခြင်း၊ လှုပ်ရှားမှုလုပ်တဲ့အခါ အရင်က ပိုပြီးပင်ပန်းနေသလို ခံစားရခြင်း၊ လှေကားတတ်ခြင်း သို့မဟုတ် ကားပေါ်မှ တစ်ခုခု သယ်ယူခြင်းကဲ့သို့ လှုပ်ရှားမှု တစ်ခုခုလုပ်လျှင်လည်း မောပန်းလွယ်ခြင်း စတာတွေ ခံစားရလျှင် မပေါ့ဆပါနဲ့။ ဒါက ကွီးတို့ နှလုံးပြဿနာတစ်ခုခု ဖြစ်နိုင်တာကြောင့် အထူး ဂရုပြုပြီး ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ချောင်းဆိုး တာရှည်နေခြင်း

ကွီးတို့ နှလုံးသားလေး

Photo : Best Life

များသောအားဖြင့် ချောင်းဆိုးတာက အအေးမိခြင်းနဲ့ အခြားသော ရောဂါများကြောင့် ဖြစ်နိုင်ပြီး နှလုံးရောဂါရဲ့ လက္ခဏာတစ်ခု မဟုတ်ပါဘူး။ သို့သော်လည်း ကိုယ့်မှာ နှလုံးရောဂါရှိနေပြီး ကြာရှည်ချောင်းဆိုနေရင်တော့ ဖြစ်နိုင်ခြေတွေကို အထူး သတိထားရမှာပဲ ဖြစ်ပါတယ်။ အကယ်၍ ကြာရှည်စွာ ချောင်းဆိုးပြီး အဖြူရောင် သို့မဟုတ် ပန်းရောင်ချွဲများထွက်နေပါက ၎င်းက နှလုံးရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ နှလုံးက ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို မလိုက်လျောနိုင်တော့ဘဲ အဆုတ်ထဲသို့ သွေးများ ပြန်လည်ယိုစိမ့်လာသောအခါတွင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ စောစီးစွာ တိုင်ပင်ပါ။

ခြေထောက်များ၊ ခြေဖဝါးများနှင့် ခြေချင်းဝတ်များ ရောင်ရမ်းခြင်း

Photo : Duke Health

တကယ်လို့ ခြေထောက်တွေ၊ ခြေဖဝါးနဲ့ ခြေချင်းဝတ်များ ရောင်ရမ်းနေပါက မပေါ့ဆပါနဲ့။ ဒါက နှလုံးက သွေးကို တတ်နိုင်သလောက် ထိရောက်စွာ မစုပ်ထုတ်နိုင်တဲ့ လက္ခဏာတစ်ခုပါ ဖြစ်နိုင်ပါတယ်။ နှလုံးက မြန်မြန်မစုပ်နိုင်တဲ့အခါ သွေးပြန်ကြောထဲမှာ သွေးတွေ စုပုံလာပြီး ဖောင်းလာတတ်ပါတယ်။ ဒီလက္ခဏာကို ခံစားရပါက နှလုံးကျန်းမာရေး ပြဿနာ သို့မဟုတ် အခြားသော ကျန်းမာရေး ပြဿနာများကြောင့်လား ဆိုတာ စစ်ဆေးပြီး သေချာကုသမှု ခံယူပါ။

လည်ချောင်း သို့မဟုတ် မေးရိုး နာကျင်ခြင်း

Photo : Starlmage Destistry

များသောအားဖြင့် လည်ချောင်း သို့မဟုတ် မေးရိုးနာခြင်းက နှလုံးနှင့်မဆိုင်ပေ။ ထိုသို့ နာကျင်ခြင်းက ကြွက်သားပြဿနာ၊ အအေးမိခြင်း နဲ့ အခြားသော အကြောင်းများကြောင့် ဖြစ်နိုင်ပါတယ်။ ထိုသို့မဟုတ်ဘဲ ရင်ဘတ်ရဲ့ အလယ်ဗဟို နာကျင်ခြင်းကနေ လည်ချောင်း သို့မဟုတ် မေးရိုးသို့ ပျံ့နှံ့သွားရင် ဒါက နှလုံးဖောက်ခြင်းရဲ့ လက္ခဏာဖောက်ခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ရင်ဘတ်မအီမသာဖြစ်ခြင်း

Photo : Lane Regional

ကွီးတို့ ရင်ဘတ်မအီမသာဖြစ်ရင် သတိကြီးကြီးထားပြီး အမြန်ဆုံး ပြသဖို့လိုပါတယ်။ ၎င်းသည် နှလုံးအန္တရာယ်အတွက် အဖြစ်အများဆုံး လက္ခဏာဖြစ်ပါတယ်။ ဒါ့အပြင် ရင်ဘတ်မှာ ပိုပြီးပြင်းထန်သော အောင့်ခြင်း၊ နာကျင်ခြင်း၊ တင်းကျပ်ခြင်း၊ ဖိအားများခံစားရခြင်းတို့ ဖြစ်ပေါ်ပါက သွေးလွှတ်ကြောပိတ်ဆို့ခြင်း သို့မဟုတ် နှလုံးဖောက်ခြင်း တို့ရဲ့ လက္ခဏာဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါတယ်။ ဒီလို ရင်ဘတ်မအီမသာဖြစ်တာ၊ ရင်ဘတ်နာကျင်တာက မိနစ်အနည်းငယ်ထက် ပိုကြာတတ်ပါတယ်။ အနားယူနေချိန် သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုပြုလုပ်နေချိန်မှာလည်း ဖြစ်နိုင်တာကြောင့် သတိထားဖို့လိုပါတယ်။ တစ်ခု သတိပြုရမှာကတော့ ရင်ဘတ်အောင့်ခြင်း မရှိသော်လည်းပဲ နှလုံးရောဂါဖြစ်နေတာမျိုး ဖြစ်နိုင်တာကြောင့် ပုံမှန် စစ်ဆေးတာကတော့ အကောင်းဆုံး နည်းလမ်းပါပဲ။

အခုဖော်ပြပေးလိုက်တဲ့ လက္ခဏာတွေက ကွီးတို့ နှလုံးကျန်းမာရေး ပြဿနာကို ဖော်ပြပေးတာကြောင့် မပေါ့ဆသင့်ပါဘူး။ ဒါကြောင့် ကွီးတို့ နှလုံးသားလေး ကို လွှတ်မထားဘဲ ဂရုစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။

Source : Web MD

Featured Photo : Vecteezy