ယောကျာ်းတိုင်းကတော့ ကိုယ့်ပါတနာကို ကောင်းမွန်တဲ့ လိင်စိတ်ခံစားမှု ၊ ကျေနပ်စရာ စွမ်းဆောင်ရည်တွေနဲ့ အမှန်တကယ် အထွတ်အထိပ်ရောက် ပြီးမြောက် အောင် အစွမ်းပြချင်ကြသူတွေ ချည်းပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ့်ပါတနာက တကယ်မကောင်းပဲ ၊ အော်ဂဇင် ရချင်ယောင်ဆောင်နေသလား သံသယ ဖြစ်မိတက် ကြပါတယ်။ ဒီလို ကွီးတို့ရဲ့ ပါတနာ တကယ်ကောင်းပြီး အော်ဂဇင်ရသွားတာလား ဒါမှမဟုတ် ပြီးမြောက်ချင်ယောင် ဆောင်တာလားဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဒီဆောင်းပါးမှာ ပြောပြပေးပါမယ်။

(၁) Porn ဆန်ဆန် ပြုမူနေတယ်ဆိုရင်

 Fake Orgasms
Photo : Pulse Nigeria

အမျိုးသမီးတွေအနေနဲ့ သူတို့ အမှန်တကယ်ခံစားမှု ကောင်းတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဖော်ပြလေ့ ရှိကြသလို တစ်ခါတစ်လေ ကိုယ့်ပါတနာ ကျေနပ်စေဖို့ Fake တွေ လုပ်ပြရတဲ့ အခိုက်အတန့်တွေလည်း ရှိတက်ပါတယ်။ ကွီးတို့ ပါတနာ က ပုံမှန်နဲ့မတူပဲ လူကြီးဇာတ်ကားတွေထဲက သရုပ်ဆောင်တွေလို အိုဗာအိုက်တင်တွေနဲ့ ဖီလင်ရှယ်ကောင်းကြောင်း ၊ အထွတ်အထိပ်ရောက် ပြီးမြောက်ကြောင်းကို လုပ်ပြနေတယ် ဆိုရင်တော့ ဒါဟာ ကွီးတို့ စိတ်ကျေနပ် ပျော်ရွှင်စေဖို့ သပ်သပ် ဟန်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။

(၂) နားချိန်ကောင်းကောင်း မယူဘူးဆိုရင်

 Fake Orgasms
Photo : LADbible

အမျိုးသားဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ လိင်ကိစ္စလုပ်ဆောင်စဉ် အမှန်တကယ် ပြီးမြောက်သွားချိန်မှာ ပင်ပန်းနွမ်းနယ်တဲ့ ခံစားချက်ကို ရကြတာပါပဲ။ အနည်းဆုံးတော့ မိနစ်ပိုင်းလောက် Recovery Time ယူကြပါတယ်။ ကွီးတို့ ပါတနာ က အဲ့ဒီလို အနားယူချိန်မယူပြီး ကိစ္စပြီးမြောက်သွားတာနဲ့ ဖုန်းသုံးနေတာ ဒါမှမဟုတ် တခြားကိစ္စတစ်ခုခုကို ချက်ချင်းထလုပ်နေတာမျိုးဆိုရင်တော့ သူမအမှန်တကယ် ပြီးမြောက်ခြင်း မရှိခဲ့လို့ပါ။ ကွီးတို့ကတော့ ပါးစပ်ကနေ ပြီးတယ်လို့ ညာကောင်းညာနိုင်ပေမယ့် တကယ့်လက်တွေ့မှာ ပြီးမြောက်မှု မရှိဘူးဆိုတာ သိနိုင်ပါတယ်။

(၃) ခန္ဓာကိုယ်ရဲ့ အလိုအလျောက် တုန့်ပြန်မှုတွေ မရှိဘူးဆိုရင်

 Fake Orgasms
Photo : IOL

အမျိုးသမီးတစ်ယောက် ပြီးမြောက်သွားပြီဆိုရင် ခန္ဓာကိုယ်ကနေ အလိုအလျောက် တုန့်ပြန်တဲ့ သိသာမြင်သာတဲ့ တုန့်ပြန်မှုတွေကို မြင်ရနိုင်ပါတယ်။ ဥပမာအားဖြင့် ခြေ/လက်တွေ ကုပ်ထားတာ သို့မဟုတ် ဆန့်ထုတ်တာ ၊ တင်ပါးဆုံ ကြွက်သားတွေကို ညှစ်ထားတာ ၊ ခန္ဓာကိုယ်က အလိုလိုတုန်ခါမှု ပြတာ စတဲ့အချက်တွေကို မြင်ရတက်ပါတယ်။ ဒီလို ခန္ဓာကိုယ်ရဲ့ အလိုအလျောက် တုန့်ပြန်မှုတွေ မရှိဘူးဆိုရင်တော့ ဟန်ဆောင် ပြီးမြောက်တာလို့ ကွီးတို့ သတ်မှတ်လို့ ရပါတယ်။

Source : Times of India

Featured Photo : The Mirror