ကွီးတို့ရေ ဘယ်ကိစ္စမဆို အချိန်က အရေးကြီးဆုံးပါ။ အထူးသဖြင့် အချစ်ရေးမှာ တကယ်ကို အချိန် အချို့ ရင်းနှီးမြှပ်နှံဖို့ လိုပါတယ်။ ကွီးတို့ သဘောကျတဲ့ မိန်းကလေးကို စတင်ချဉ်းကပ်ပြီဆိုရင် ပထမဆုံးနဲ့ အရေးကြီးဆုံးက သူ့ဆီက Impression ကောင်းကောင်းရဖို့ပါပဲ။ ကွီးတို့ သဘောကျတဲ့ မိန်းကလေးတွေ ဆီက Impression ကောင်းရဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ဒါကြောင့် မိန်းကလေးတွေက အမျိုးသားတစ်ယောက်ဆီက သူတို့လိုချင်တဲ့ အရာတွေ သတိပြုစရာ အချက်လေးတွေကိုတော့ သိရှိထားဖို့ လိုပါတယ်။ ဒါကြောင့် ကွီးတို့ သဘောကျတဲ့ မိန်းကလေးတွေဆီမှာ Impression ကောင်းကောင်းရဖို့ သိထားရမဲ့အချက်များကို ဖော်ပြပေးချင်ပါတယ်။
(၁) ယဉ်ကျေးမှု ရှိပါ
Photo : Adobe Stock
ပထမဆုံး အနေနဲ့ ယဉ်ကျေးမှု ရှိဖို့ လိုပါတယ်။ ကွီးတို့ရေ မိန်းကလေးတွေက သူမကိုသာ မက လူတိုင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ ယောက်ျားလေးမျိုးကို သဘောကျကြပါတယ်။ ကွီးတို့ သဘောကျတဲ့ မိန်းကလေးကို Social Media ပေါ်မှာ ဖြစ်စေ ၊ အပြင်မှာဖြစ်စေ တွေ့ဆုံတဲ့အခါ ယဉ်ကျေးစွာ ဆက်ဆံပြောဆိုပါ။ ဒီလို ယဉ်ကျေးစွာ ပြောဆိုဆက်ဆံတဲ့ ကောင်းမွန်တဲ့ အမူအကျင့်နဲ့ အပြုအမူတွေက ကွီးတို့ရဲ့ First Impressionကို အထူး ကောင်းမွန်စေပါတယ်။
(၂) ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိပါစေ
Photo : Ladders
ကိုယ်ရည်ကိုယ်သွေးဆိုတာ လူတစ်ဦးတစ်ယောက်ချင်းစီမှာရှိတဲ့ အတွေးအခေါ် ၊ ခံစားချက် ၊ စိတ်နေသဘောထား ၊ အပြုအမူနဲ့ စရိုက်လက္ခဏာများကို ဆိုလိုပါတယ်။ လူတစ်ယောက်ရဲ့ အပြောအဆို ၊ အပြုအမူ ၊ စိတ်သဘောထားများနှင့် အခြားသူများအပေါ် ပြောဆိုဆက်ဆံပုံကို ကြည့်ပြီး ထိုသူရဲ့ ကိုယ်ရည်ကိုယ်သွေးကို ယေဘုယျအားဖြင့် သိရှိနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးရှိဖို့ အစစ အရာရာ ဂရုစိုက်ပြင်ဆင်သင့်ပါတယ်။ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေးက ကွီးတို့မိန်းကလေးဆီက Impression ကောင်းရစေနိုင်ရုံသာမက ကွီးတို့ဘဝကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။
(၃) စကားပြောသည့်အခါ မျက်လုံးချင်းဆုံပါ
Photo : Real Man Real Style
ကွီးတို့ စကားပြောသည့်အခါဖြစ်စေ၊ တစ်ဖက်လူ စကားပြောသည့်အခါ ဖြစ်စေ မျက်လုံးချင်းဆုံပါ။ မျက်လုံးချင်းဆုံတာဟာ ယုံကြည်မှုကို ခိုင်ခံ့စေပါတယ်။ လူတစ်ဖက်သားကို အလေးထားပြီး လေးစားရာလည်း ရောက်ပါတယ်။ ဒီအချက်ကလည်း ကွီးတို့ သဘောကျတဲ့မိန်းကလေးဆီက Impressionကောင်းရစေဖို့ အထောက်အကူ ပြုပါလိမ့်မယ်။
(၄) နားထောင်သူကောင်း တစ်ယောက်ဖြစ်ပါစေ
Photo : Life ‘N’ Lesson
မိန်းကလေးတွေက သူတို့ပြောတဲ့စကားကို အလေးထားနားထောင်ပေးတတ်တဲ့ သူတွေကို သဘောကျကြပါတယ်။ သူတိုနဲ့ စကားပြောရင် သေချာအလေးထားပြီး နားထောင်ပေးပါ။ ဆွေးနွေးပေးပါ။ သူတိုရဲ့အကြောင်းကို စိတ်ဝင်တစားမေးပါ။ ဒါဆို ကွီးတို့အပေါ်သူတို့ရဲ့ ခင်မင်မှုနဲ့ ကောင်းမွန်တဲ့ အမြင်တွေ တိုးပွားလာပါလိမ့်မယ်။
(၅) ပြုံးပါ
Photo : Freepik
လူတစ်ယောက်ရဲ့ ပြုံးနေတဲ့ မျက်နှာဟာ တကယ်ကို ဆွဲဆောင်မှုရှိ ရုံသာမက လူအများအတွက်လည်း နှစ်လိုဖွယ်ဖြစ်စေပါတယ်။ ကွီးတို့အတွက် ပြုံးတာဟာ ကွီးတို့သဘောကျတဲ့ မိန်းကလေးဆီက Impression ကောင်းရစေဖို့ တကယ်ကိုအရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ သူမနဲ့တွေ့တိုင်း နွေးထွေးတဲ့ အပြုံးကိုပေးပါ။
(၆) သူမကို အရေးပါကြောင်း ခံစားစေပါ
Photo : Her May
ကွီးတို့ရေ ကွီးတို့ရဲ့ ကြိုးစားအားထုတ်မှု အသေးလေးတွေ ဂရုစိုက်မှု အနည်းငယ်လောက်လေးတွေ ကတောင်မှ သူမကိုပျော်ရွှင်စေပါတယ်။ သူမကို ဘယ်လောက် ချစ်ကြောင်းပြောပြပါ။ သူမကို ပျော်ရွှင်သွားစေမဲ့ အရာလေးတွေလုပ်ပြီး သူမဟာ ကွီးအတွက်ဘယ်လောက်အရေး ပါတယ်ဆိုတာ သိရှိခံစားပါစေ။
ဒီ အချက်တွေက ကွီးတို့ သဘောကျတဲ့ မိန်းကလေးတွေဆီမှာ Impression ကောင်းရဖို့ အထောက်အကူပြု ပါလိမ့်မယ်။
Source : Girlsdunia
Featured Photo : 8pmnews