အိမ်တွင်းအလှဆင်ခြင်းဟာ အနုပညာတစ်ခုပါ။ ဒီဘက်ခေတ်မှာ မော်ဒန်ဆန်တဲ့ အိမ်ထောင်ပရိဘောဂတွေနဲ့ အိမ်တွင်းအလှမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ အိမ်တွင်းအလှဆင်ခြင်းကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် Budget နည်းနည်းနဲ့ ကွီးတို့ ရဲ့ နေအိမ် ဧည့်ခန်းကို ခေတ်ဆန်ဆန် မော်ဒန်ဒီဇိုင်း ပြောင်းလဲပေးနိုင်မယ့် DIY မျက်နှာကျက် ချိတ်ဆွဲသစ်သား အပင်စင် ပြုလုပ်နည်းကို ပြောပြပေးပါမယ်။

hanging plant shelf

Photo : Charleston Crafted

လိုအပ်သည့် ပစ္စည်းများ

  • ၁ လက်မခွဲ အထူရှိတဲ့ သစ်သားပြား
  • နံရံကပ်ချိတ်
  • ကြိုး

တို့နဲ့အတူ ဖောက်စက် ၊ ကော်ကပ် ၊ စကူ စတဲ့ ပစ္စည်းအနည်းငယ်သာ လိုအပ်ပါတယ်။

hanging plant shelf

Photo : Charleston Crafted

အဆင့် (၁) – ၁ လက်မခွဲ အထူရှိတဲ့ သစ်သားပြားကို အလျား ၂ ပေ ၊ အနံ ၁ ပေခွဲခန့် ဖြတ်တောက်ပါ။

hanging plant shelf

Photo : Charleston Crafted

အဆင့် (၂) – ဖြတ်တောက်ထားတဲ့ သစ်သားပြားကို ကော်ပတ်နဲ့ ချောမွေ့အောင် ပွတ်တိုက်ပေးပါ။

hanging plant shelf

Photo : Charleston Crafted

အဆင့် (၃) – သစ်သားပြားရဲ့ ထောင့် ၄ ထောင့်မှာ အပေါက် ၄ ပေါက် ဖောက်ပေးပါ။

hanging plant shelf

Photo : Charleston Crafted

အဆင့် (၄) – ထို့နောက် အဖောက်ထဲကို ကြိုးထည့်ပြီး သစ်သားပြားရဲ့‌ အောက်ခြေမှာ ကြိုးပြန်ထွက်မသွားစေဖို့ ထုံးပေးပါ။

hanging plant shelf

Photo : Charleston Crafted

အဆင့် (၅) – ကွီးတို့ ချိတ်ဆွဲမယ့် ဧည့်ခန်းနေရာရဲ့ မျက်နှာကျက်မှာ အပေါက်ဖက်ပြီး ချိတ်တပ်ဆင်ပါ။

hanging plant shelf

Photo : Charleston Crafted

အဆင့် (၆) – ကြိုးတပ်ဆင်ထားတဲ့ ချိတ်ဆွဲသစ်သား အပင်စင်ကို ချိတ်မှာ တပ်ဆင်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ပန်းအိုးကို စင်ပေါ်တင်ပြီး ကွီးတို့ ဧည့်ခန်းမှာ မော်ဒန်ဆန်ဆန် ၊ အမြင်လှတဲ့ အပင်စင်လေးတစ်ခု ဖန်တီးလို့ ပြီးပါပြီ။

Source : Charleston Crafted

Featured Photo : House Digest