Toilet ဝင်တဲ့အခါ လူတော်တော်များများ ဖုန်းပါ တစ်ပါတည်း ယူသွားလေ့ ရှိကြပါတယ်။ အချို့ဆိုရင် ဖုန်းမပါပဲ Toilet မဝင်နိုင်လောက်တဲ့အထိကို အကျင့်ကြီး စွဲနေတက်ကြပါတယ်။ ကွီးတို့  Toilet ဖုန်းသုံးတဲ့ အကျင့်ဟာ ပုံမှန်အားဖြင့် ကြည့်ရင်တော့ ဘာမှအရမ်းကြီး ဆိုးကျိုးမရှိဘူးလို့ ထင်ကောင်းထင်ရပါတယ်။ ဒီတစ်ခေါက်တော့ ကွီးတို့မသိသေးတဲ့ Toilet ဖုန်းသုံးခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ရောဂါပိုး ကူးစက်နိုင်တယ်

bathroom smartphone habits

Photo : Family Handyman

Toilet အတွင်းပိုင်းဧရိယာ ပတ်ဝန်းကျင်တဝိုက်ဟာ မမြင်နိုင်တဲ့ ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေ အများဆုံး ခိုအောင်းနေနိုင်တဲ့ နေရာတစ်ခုဆိုတာ ငြင်းလို့မရပါဘူး။ အဓိကအားဖြင့် Toilet ထဲက ပစ္စည်းတစ်စုံတစ်ရာကို ထိတွေ့ကိုင်တွယ်တဲ့အခါ ကွီးတို့ လက်မှာ ရောဂါပိုးမွှားတွေ ကပ်ညှိသွားနိုင်တာပါ။ ပိုးမွှားတွေ ရှိနေနိုင်တဲ့ ကွီးတို့ရဲ့ လက်တွေကနေတဆင့် ဖုန်းတွေကို တဆင့်ပြန်လည် ကိုင်တွယ်အသုံးပြုမယ်ဆိုရင် ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေ ကူးစက်ပြန့်ပွားပြီး ကွီးတို့ရဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှုနဲ့ ကျန်းမာရေးအပေါ် ဆိုးကျိုးတွေများစွာ သက်ရောက်လာစေမှာပဲ ဖြစ်ပါတယ်။

(၂) အချိန်ကုန်စေတယ်

bathroom smartphone habits

Photo : The Guardian

ဖုန်းလေးသုံးပြီး Toilet ဝင်ရင် ပုံမှန်ကြာချိန်ထက်ကို ပိုကြာတက်တယ် မဟုတ်ပါလား ? ဆိုရှယ်မီဒီယာ သုံးတာ ဖြစ်ဖြစ် ၊ ဂိမ်းကစားတာ ဖြစ်ဖြစ် အဲ့ဒီအရာတွေအပေါ် အာရုံရောက်နေတဲ့အတွက် Toilet ထဲမှာ အချိန်ပိုကုန်သထက် ကုန်သွားနိုင်တာပါ။ ဒါက ကွီးတို့ လုပ်စရာရှိတဲ့ အလုပ်တွေကို နှောင့်နှေးကြန့်ကြာစေပြီး အချိန်တွေကို အကျိုးမဲ့ ဖြုန်းတီးပစ်ရာ ရောက်ပါတယ်။

(၃) လိပ်ခေါင်းရောဂါ ဖြစ်နိုင်ခြေများတယ်

haemorrhoids

Photo : Swolverine

Toilet ထဲမှာ ကြာကြာထိုင်တဲ့အခါ ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာတွေထဲကတစ်ခုကတော့ လိပ်ခေါင်းရောဂါပါ။ အချိန်အကြာကြီး ထိုင်ခြင်းက စအိုလမ်းကြောင်းအပေါ် ဖိအားဖြစ်စေပြီး သွေးကြောတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ ဒါဟာ လိပ်ခေါင်းရောဂါကို ဦးတည်နေတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။

(၄) စွဲလမ်းမှုကို ဖြစ်စေနိုင်တယ်

bathroom smartphone habits

Photo : CNBC

Toilet ဝင်ရင် ဖုန်းသုံးတဲ့အကျင့်က စွဲလမ်းစေတက်ပါတယ်။ Toilet ဝင်နေတုန်း ဖုန်းလေးမှ ပွတ်မနေရရင် ဘဝမကျတာ ၊ စိတ်အလိုမကျတာ စတဲ့ ခံစားချက်တွေကို ဖြစ်စေနိုင်တာပါ။ ဒါဟာ ဖုန်းအသုံးပြုမှုကို များစေသလို ဆိုရှယ်မီဒီယာ စွဲလမ်းမှု ၊ ဂိမ်းစွဲလမ်းမှု ပြဿနာတွေကိုလည်း ဆက်စပ်ပြီး ဖြစ်လာစေနိုင်ပါတယ်။

(၅) ခြေထောက် သွေးကြောတွေ ပိတ်ဆို့စေနိုင်တယ်

Leg Pain

Photo : The New Jersey Vein & Vascular Center

ကွီးတို့ Toilet ထဲမှာ အချိန်အကြာကြီး ထိုင်နေတဲ့အခါ ခြေထောက်တွေအပေါ်မှာလည်း ဖိအားတင်းတင်းကျပ်ကျပ် သက်ရောက်မှု ရှိပါတယ်။ ခြေထောက်မှာရှိတဲ့ သွေးကြောတွေရဲ့ သွေးလည်ပတ်မှုကို ကျဆင်းစေတဲ့အတွက် သွေးကြောတွေ ပိတ်ဆို့ပြီး လှုပ်ရှားရခက်ခဲတာ ၊ မသက်မသာ ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

Source : Times of India

Featured Photo : LADbible