ဝိတ်ချမယ်ဆိုတာကတော့ အပြောလွယ်သလောက် လုပ်ရတာခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် ကွီး တို့အတွက် ကျန်းမာရေး နဲ့အညီ ဝိတ်ချ ခြင်းက ပိုလို့တောင် ခက်ခဲပါတယ်။ အချို့သောသူတွေက ဝိတ်ကျရင်ပြီးရော ကျန်းမာရေးနဲ့ ညီတာတွေ မညီတာတွေ ဂရုမစိုက်ကြတော့ပါဘူး။ ထိုအမူအကျင့်ကတော့ ကျန်းမာရေးနဲ့ မညီတဲ့အတွက်ကြောင့် ရေရှည်အတွက် မကောင်းပါဘူး။

ဒါ့ကြောင့် ကွီး တို့အနေနဲ့ ဝိတ်ချချင်တယ်ဆိုရင် ကျန်းမာရေး နဲ့အညီ ဝိတ်ချ နိုင်မယ့် နည်းလမ်းကောင်းများကို သိရှိဖို့ရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။

နေ့လည်စာ မစားတာတို့ ၊ ညစာ မစားတာတို့ မလုပ်ရပါဘူး

weight loss

နေ့လည်စာ မစားဘဲ အောင့်အည်းသည်းခံပြီးနေရတာမျိုး၊ ညစာ မစားတော့ဘူးလို့ စိတ်ကို တင်းထားရတာတွေက ကြာလာရင် စိတ်ဖိစီးလာပြီး ဝိတ်ချနေတဲ့ဖြစ်စဉ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ကြိမ်တည်းမှာပဲ အစားအစာတွေကို အများကြီးစားတာထက် အကြိမ်ရေ များများနှင့် အစားအစာပမာဏကို နည်းနည်းချင်းစီ စားတာက ကွီး တို့ရဲ့ ကျန်းမာရေး နဲ့ ပိုမိုညီညွှတ်ပြီး ဝိတ်ချ ခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။

တစ်နေ့လျှင် ၄ ကြိမ်မှ ၆ ကြိမ်ခန့်အထိ အကြိမ်ရေများများနှင့် အစားအစာပမာဏကို နည်းနည်းချင်းစီ စားသုံးပေးခြင်းသည် သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပြီး အစားအစာများ အလွန်အကျွံ မစားမိအောင် ကူညီပေးပါသေးတယ်။

ရေများများသောက်ပါ

weight loss

ရေများများသောက်ခြင်းသည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါတယ်။ အထူးသဖြင့် ဝိတ်ချနေသူများအတွက် ပိုလို့တောင် အကျိုးရှိပါတယ်။ ရေများများသောက်ခြင်းကြောင့် ခဏ ခဏ ဗိုက်မဆာတော့ဘဲ ဗိုက်ပြည့်စေပါတယ်။ ဒါ့အပြင် လေ့လာတွေ့ရှိချက်များအရ ရေများများသောက်သုံးခြင်းသည် ကယ်လိုရီများကိုလည်း လောင်ကျွမ်းစေတယ်လို့လည်း သိရှိရပါတယ်။ ကွီး တို့အနေနဲ့ ကျန်းမာရေး နဲ့အညီ ဝိတ်ချချင်တယ်ဆိုရင် တစ်နေ့လျှင် ရေ နှစ်လီတာခန့် သောက်သုံးဖို့ လိုအပ်ပါတယ်။ ရာသီဥတုပူအိုက်တဲ့အချိန်၊ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကြောင့် ချွေးထွက်များတဲ့အချိန်တွေမှာ ဒီ့ထက်ပိုပြီးလည်း သောက်သုံးပေးဖို့ လိုအပ်ပါတယ်။

အဆီ၊ အဆိမ့်များ၊ အချိုဓာတ် လွန်ကဲသော အစားအစာများ စားသုံးခြင်းကို ရှောင်ပါ

weight loss

သင်သည် တစ်နေ့လျှင် အချိုရည်များ၊ ကော်ဖီ၊ လက်ဖက်ရည်တို့ကို ဘယ်နှခွက်လောက် သောက်သုံးလေ့ရှိပါသလဲ။ ထိုအချိုရည်များထဲတွင် ကယ်လိုရီများ ပါဝင်မှု မြင့်မားနေတယ်ဆိုတာကိုရော သတိမူမိပါရဲ့လား။

ရေဆာနေချိန်မှာ ရေသောက်ခြင်းသည် အကောင်းမွန်ဆုံး ဖြေရှင်းနည်းတစ်ခုဖြစ်ပြီး ရေရှည်မှာလည်း ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါတယ်။ တကယ်လို ရေချည်းပဲ သောက်ရတာ ငြီးငွေ့တယ်ဆိုရင်တော့ သစ်သီးဖျော်ရည်များကို သကြား မထည့်ဘဲ သဘာဝအတိုင်း ဖျော်သောက်ကြည့်လိုက်ပါ။ သဘာဝသစ်သီးဖျော်ရည်များသည်လည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရည်များပဲဖြစ်ပါတယ်။

ရေတိုအတွက်ပဲ မကြည့်ပါနဲ့

ကွီး ကျန်းမာရေး ဝိတ်ချ

တစ်ပတ်အတွင်း ဝိတ်ကျစေမယ့် Diet Plan များ၊ လူအများကြား ပေါ်ပြူလာဖြစ်နေသော Diet Plan များကို စိတ်မဝင်စားပါနဲ့။ ထိုအရာများသည် သင့်ကို အချိန်တိုအတွင်း ဝိတ်ကျစေတယ်ဆိုပေမယ့် ရေရှည်အတွက်ဆိုရင်တော့ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

တစ်ပတ်အတွင်း ၇ ပေါင်လောက် ကျသွားခြင်းထက် တစ်ပတ်လျှင် ၂ ပေါင်ခန့် နည်းနည်းချင်းစီ ဝိတ်ကျသွားခြင်းသည် ရေရှည်ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်ပါတယ်။ ကျန်းမာရေးနှင့်ညီညွှတ်တဲ့ Diet ကို လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းနှင့် တွဲလုပ်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ရှိ အဆီပိုများသည် အလိုလို လျော့ကျသွားမှာပဲ ဖြစ်ပါတယ်။

ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများ စားသုံးပါ

ကွီး ကျန်းမာရေး ဝိတ်ချ

အဆီများတဲ့ ဟင်းလျာများ၊ အငန်ဓာတ် များတဲ့ ဟင်းလျာများနှင့် စားသုံးနေကျဆိုရင် ထိုအလေ့အကျင့်ကို ဖျောက်ဖျက်သင့်ပါပြီ။ ဟင်းလျာများ ချက်ပြုတ်တဲ့အခါမှာလည်း ဝိတ်ချဖို့ကို ကူညီပေးမယ့် ဟင်းလျာများကိုသာ ချက်ပြုတ်စားသုံးသင့်ပါတယ်။ ထောပတ်ပေါင်မုန့်တွေ စားမယ့်အစား Mayonnaise ပေါင်မုန့်လေး စားသုံးပေးလိုက်ပါ။ ပေါင်မုန့် နှစ်ချပ်စလုံးကို Mayonnaise သုတ်မယ့်အစား၊ တစ်ချက်ပဲ သုတ်ပြီး စားလိုက်တာမျိုး စတဲ့ အသေးအဖွဲအမူအကျင့်ကအစ ဝိတ်ကျဖို့အတွက် ကူညီပေးနိုင်ပါတယ်။

မိမိစိတ်ကို အရမ်းကြီး ချုပ်တည်း မထားပါနဲ့

ကွီး ကျန်းမာရေး ဝိတ်ချ

ကြိုက်လွန်းလှတဲ့ မုန့်ပဲသွားရေစာတွေကို (လုံးဝ) မစားရတော့ဘူးဆိုပြီး တွေးနေမယ့်အစား နှစ်ပတ်တစ်ခါလောက်ဖြစ်ဖြစ် မိမိကိုယ်ကိုယ် ဆုချတဲ့အနေနဲ့ စားသုံးပေးလိုက်ပါ။ မိမိစားချင်နေတဲ့အရာကို အရမ်းကြီး ချုပ်တည်းထားတဲ့အခါမှာလည်း စိတ်မပျော်မရွှင်ဖြစ်တတ်ပြီး ရေရှည် Weight Loss Plan အတွက်လည်း အဟန့်အတားတစ်ခု ဖြစ်စေပါတယ်။ ပိုမိုချုပ်ထိန်းထားလေ များများစားဖြစ်လေပါပဲ။ ဒါ့ကြောင့် ဘယ်အရာကိုမှ လွန်ရောကျွံရော မပြုလုပ်ဘဲ အလယ်အလတ်လောက်သာ သတ်မှတ်ထားသင့်ပါတယ်။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

ကွီး ကျန်းမာရေး ဝိတ်ချ

ဝိတ်ချချင်သူများအနေနဲ့ တစ်ပတ်လျှင် ၁၅၀ မိနစ်ခန့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သင့်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ဆိုထားကြပါတယ်။ သင့်အနေနဲ့ ရေကူးသင်တန်းပဲသွားသွား၊ Gym ပဲ သွားဆော့ဆော့၊ အပြေးလေ့ကျင့်ခန်း၊ လမ်းလျှောက်လေ့ကျင့်ခန်း စတဲ့ မိမိကြိုက်နှစ်သက်ရာများကို ရွေးချယ်ကာ ပြုလုပ်နိုင်ပါတယ်။ အဓိကကတော့ လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးရုံပါပဲ။

ဆုံးခန်းတိုင်ထိ ပြုလုပ်ပါ

ကွီး ကျန်းမာရေး ဝိတ်ချ

ကျန်းမာရေးနဲ့ ညီညွှတ်အောင်လည်း ပြုမူနေထိုင်တယ်။ လေ့ကျင့်ခန်းလည်း မှန်မှန်ပြုလုပ်တယ်ဆိုရင် နောက်ထပ် အရေးကြီးဆုံးအချက်ကတော့ အဆုံးအထိသွားဖို့ပါပဲ။ လမ်းတစ်ဝက်ရောက်မှ စိတ်ညစ်လို့ လက်လျော့လိုက်တာမျိုး မဖြစ်ရပါဘူး။ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် အလေးချိန်အထိ ဝိတ်ချပြီးသွားတဲ့အခါမှာလည်း အရင်ကလို စားချင်တာစား၊ နေချင်သလို နေလို့မရပါဘူး။ ကျန်းမာရေးနှင့် ညီအောင် စားသုံးပြီး လေ့ကျင့်ခန်းလည်း မှန်မှန်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ ဝိတ် ထပ်မတက်လာမှာပါ။

Source: Lafayettefamilyymca

Featured Image: Qua Nutrition