ကွီး တို့ ချစ်သူကောင်မလေး နဲ့ လက်မထပ်ခင် မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ထားသင့်တဲ့အချက်တွေ ရှိပါတယ်။ ဒီအချက်များကို သေသေချာချာ ဆွေးနွေးတိုင်ပင်ထားမှသာလျှင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ချစ်သူသမီးရည်းစားဘဝသည် စိတ်ကူးယဉ်ဆန်သလောက် အိမ်ထောင်သည်ဘဝကတော့ လက်တွေ့ဆန်တာကြောင့် ကိုယ့်ချစ်သူကောင်မလေး နဲ့ ဘယ်လိုအိမ်ထောင်သည်ဘဝမျိုး ဖန်တီးချင်သလဲဆိုတာကို အခုကတည်းက စတင်ဆွေးနွေးသင့်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် အရှိအတိုင်း ချစ်ဖို့

ကွီး ချစ်သူကောင်မလေး လက်မထပ်ခင်

ကျွန်တော်တို့လူသားတွေသည် ကိုယ့်ရဲ့ကျန်ရှိနေတဲ့တစ်ဘဝလုံးကို သူနဲ့အတူတူ ဖြတ်သန်းချင်တယ်လို့ ခံစားရတဲ့အခိုက်အတန့် ကိုယ့်ဘဝမှာ သူ မရှိလို့မဖြစ်ဘူးလို့ ခံစားရတဲ့ အခိုက်အတန့်မှာ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ အမြန်ဆုံးလက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ထိုအခြေအနေမျိုးမှာ သူ့ရဲ့ပင်ကိုပုံစံအတိုင်း အရှိကို အရှိအတိုင်း ချစ်ပေးဖို့လိုအပ်ပါတယ်။ နှစ်ယောက်တစ်ဘဝ တည်ဆောက်ရတာဖြစ်တယ်။ ပြီးတော့ သင်တို့နှစ်ယောက်သည် မတူညီတဲ့ မိသားစုနောက်ခံတွေ မတူညီတဲ့ ကြီးပြင်းမှုတွေ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ထိုမတူညီမှုများအကြား အပြန်အလှန်ညှိယူပြီး တစ်ယောက်ကိုတစ်ယောက် အရှိအတိုင်း ချစ်ပေးဖို့လိုအပ်ပါတယ်။

ယုံကြည်နားလည်မှုရှိဖို့

ကွီး ချစ်သူကောင်မလေး လက်မထပ်ခင်

တစ်ယောက်နဲ့တစ်ယောက် သံသယတွေနဲ့သာ ရစ်ပတ်ချည်နှောင်ထားတဲ့ အိမ်ထောင်ရေးသည် အကြွင်းမဲ့သာယာပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးနိုင်မှာမဟုတ်ပါဘူး။ သဝန်တိုတာကတော့ ချစ်ဖို့ကောင်းတဲ့ အပြုအမူတစ်ခုပါ။ သို့သော် တွေ့သမျှ လူတိုင်းနဲ့ သဝန်ကြောင်နေမယ်ဆိုရင် လူမှုအသိုင်းအဝိုင်း ကျုံ့သွားမှာဖြစ်ပြီး သူ့ရဲ့ လုပ်ငန်းခွင်ဘဝသည်လည်း ရေရှည်မှာ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။

တစ်ဖက်လူရဲ့ ကိုယ်ကျင့်တရားကိုလည်း ယုံကြည်လေးစားဖို့လိုအပ်ပါတယ်။ ကိုယ့်ကောင်မလေး၊ ကိုယ့်ကောင်လေးသည် ဘယ်လိုလူစားလဲ။ ယုံကြည်ရရဲ့လား။ ကိုယ့်ရဲ့သံသယတွေကြောင့် သူ့ရဲ့ ကိုယ်ကျင့်သိက္ခာ ထိခိုက်သွားနိုင်သလားဆိုတာကို စဉ်းစားသင့်ပါတယ်။

သင့်ရဲ့ ချစ်သူရည်းစားကို မယုံကြည်ရဘူး။ သူ့အပြုအမူတွေက အမြဲတမ်း သံသယဝင်စရာကောင်းတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆိုပြီး အိမ်ထောင်သည်ဘဝကို ရှေ့ဆက်တိုးသင့်လား မတိုးသင့်ဘူးလားဆိုတာကိုတော့ သင်ကိုယ်တိုင်ပဲ ရွေးချယ်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Commitment ရှိဖို့

ကွီး ချစ်သူကောင်မလေး လက်မထပ်ခင်

ကွီး တို့အနေနဲ့ ကိုယ့် ချစ်သူကောင်မလေး နဲ့ လက်မထပ်ခင် မှာ ဒီဆက်ဆံရေးအပေါ်မှာ Commitment ထားနိုင်ရဲ့လားဆိုတာ အရေးအကြီးဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒီအချက်ကတော့ လက်မထပ်ခင် သမီးရည်းစားဘဝကတည်းက လေ့လာအကဲဖြတ်ထားသင့်တဲ့အချက်ပါ။ Relationship တစ်ခုမှာ Commitment မရှိရင် သူမှသူပဲ ချစ်နေတတ်ဖို့ဆိုတာလည်း မဖြစ်နိုင်သလို ကိုယ့်ချစ်သူကောင်မလေး၊ ကိုယ့်အမျိုးသမီး၊ ကိုယ့်သားသမီး၊ ကိုယ့်မိသားစု စတဲ့ ကိုယ်ချစ်တဲ့သူတွေအတွက် အချိန်ပေးနိုင်ဖို့ ကြိုးစားနိုင်ဖို့ဆိုတာလည်း ဝေးလာဝေးဆဲပါပဲ။

ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် Commitment ရှိဖို့သည် အင်မတန်အရေးကြီးတဲ့အရာဖြစ်ပါတယ်။

စိတ်ရှည်ဖို့နဲ့ ခွင့်လွှတ်တတ်ဖို့၊ တစ်ကိုယ်ကောင်းဆန်မှုကင်းဖို့

ကွီး ချစ်သူကောင်မလေး လက်မထပ်ခင်

နှစ်ယောက်တစ်ဘဝ တည်ဆောက်ရတဲ့အခါ လူပျို အပျိုတုန်းကလိုမျိုး မိဘအိမ်မှာ ကလေးတစ်ယောက်လို ပြုမူဆက်ဆံနေလို့မရပါဘူး။ သူ့ဘက် ကိုယ့်ဘက် မျှမျှတတကြည့်ရှုပြီး တစ်ကိုယ်ကောင်းမဆန်တတ်ဖို့လိုအပ်ပါတယ်။ မိဘတွေအိမ်မှာတော့ ဘယ်လောက်ပဲ ကလေးလိုနေခဲ့ပါစေ အိမ်ထောင်သည်ဘဝ ရောက်လာတဲ့အခါ အိမ်မှုကိစ္စများ၊ အိမ်ထောင့်တာဝန်များ၊ အိမ်ထောင်ဦးစီးတာဝန်များကို ကျေပွန်ဖို့လိုအပ်လာပါပြီ။

အိမ်မှုကိစ္စများကို ခွဲဝေတတ်ဖို့

tips to consult before marriage

စောစောက ပြောခဲ့တဲ့ အိမ်ထောင်ဦးစီးတာဝန်များ၊ အိမ်မှုကိစ္စများကို ဘယ်တော့မှ တစ်ယောက်တည်း တာဝန်ယူစရာမလိုပါဘူး။ မောင်တစ်ထမ်း မယ်တစ်ရွက်ဆိုသလိုပဲ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမဖို့လိုအပ်ပါတယ်။ အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့လည်း တာဝန်တွေကို ကိုယ့်အမျိုးသမီးနဲ့ တိုင်တိုင်ပင်ပင်နဲ့ အကြံဉာဏ်များ ရယူကာ ဆောင်ရွက်ခြင်း၊ အိမ်မှုကိစ္စများကိုလည်း ကိုယ့်လက်တွဲဖော်တစ်ယောက်တည်းကိုပဲ “ရော့ အင့်” ဆိုပြီး ပေးမထားဘဲ ကိုယ်ကိုယ်တိုင်ကလည်း ခွဲဝေလုပ်ကိုင်ရမှာဖြစ်ပါတယ်။

အိမ်တစ်လုံးမှာ နှစ်ယောက်အတူတူ နေကြတဲ့အခါ အိမ်ထောင့်တာဝန်၊ အိမ်မှုကိစ္စတာဝန်အရပ်ရပ်သည် နှစ်ယောက်စလုံးနဲ့သက်ဆိုင်တဲ့အရာဖြစ်ပါတယ်။ တစ်ယောက်တည်း စူပါဟီးရိုးလုပ်ပြီး တာဝန်ယူတဲ့အခါ အစောပိုင်းကာလတွေမှာတော့ ချစ်တဲ့စိတ်နဲ့ အရာအားလုံးသည် အဆင်ပြေသယောင်ယောင်ရှိပေမယ့် အချိန်ကြာလာတဲ့အခါ လူပင်ပန်း စိတ်ပင်ပန်းလာပြီး တစ်ဖက်လူက ကိုယ့်ကို တစ်စက်ကလေးမှတောင် မကူညီပါလားဆိုတဲ့ အပြစ်မြင်စိတ်များ ဝင်လာတတ်ပါတယ်။ တစ်ချိန်ချိန်မှာ ချစ်စိတ်ထက် အပြစ်မြင်စိတ်က ပိုအလေးသာလာတဲ့အခါ အကွဲကွဲ အပြဲပြဲတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် အစကတည်းက တစ်ယောက်တည်း စူပါဟီးရိုး မလုပ်ဘဲ သူ တစ်လှည့် ကိုယ် တစ်လှည့် အပြန်အလှန်ကူညီဖေးမတတ်ရပါမယ်။

ငွေရေးကြေးရေးနဲ့ ပတ်သက်လာလျှင် ပွင့်ပွင့်လင်းလင်းရှိဖို့

tips to consult before marriage

ခေတ်ကာလကြီးကိုက တစ်ဦးတည်းဝင်ငွေနဲ့ တစ်မိသားစုလုံးကို ထောက်ပံ့ဖို့ဆိုတာ တဖြည်းဖြည်းခက်ခဲလာပါပြီ။ သူ့မှာလည်း သူ့ကိုယ်ပိုင်ဝင်ငွေ ကိုယ့်မှာလည်း ကိုယ့်ကိုယ်ပိုင်ဝင်ငွေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေကြတဲ့ စုံတွဲတွေကတော့ ပြဿနာသိပ်မရှိပါဘူး။ သို့သော် အမျိုးသားကပဲ တစ်ယောက်တည်း ငွေရှာနေရတဲ့အခါ ငွေရေးကြေးရေးအခက်အခဲ ရှိလာနိုင်ပါတယ်။

ဒါ့ကြောင့် လက်မထပ်ခင်ကတည်းက တစ်လအိမ်သုံးစရိတ်ကိုတော့ ဘယ်လောက်လောက်ထားမယ်၊ တစ်လတစ်လ ဘယ်လောက်စုမလဲ စတာတွေကို ကြိုတင်တိုင်ပင်ထားဖို့လိုအပ်ပါတယ်။ ကလေးယူဖို့ ဆုံးဖြတ်ထားရင်လည်း ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားပြီးချိန်၊ ကလေးအတွက် ကုန်ကျစရိတ်စတာတွေလည်း လိုအပ်လာပြီဖြစ်တာမို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

လိင်မှုဆက်ဆံရေးနှင့် ပတ်သက်လာလျှင် တစ်ယောက်ကိုတစ်ယောက် ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ဖို့

tips to consult before marriage

ဒီအချက်ကတော့ အိမ်ထောင်တစ်ခုမှာ အရေးအကြီးဆုံး မဟုတ်ပေမယ့် အရေးပါတဲ့အရာတစ်ခုပါပဲ။ ဘယ်လောက်ပဲ လက်ထပ်ထားတယ်ဆိုရင်တော့ အလိုမတူဘဲ လိင်ဆက်ဆံပါက အိမ်ထောင်ရေးအကြမ်းဖက်ခြင်းဖြစ်ပြီး ပြစ်မှုမြောက်ပါတယ်။ ကွီး တို့အနေနဲ့ ကိုယ့် ချစ်သူကောင်မလေး နဲ့ လက်မထပ်ခင် မှာ ကိုယ့်ချစ်သူက အရှက်အကြောက်ကြီးတဲ့သူလား။ လိင်မှုဆက်ဆံရေးနဲ့ ပတ်သက်လာရင် ဘယ်လိုသဘောထားသလဲစတာတွေကို လေ့လာအကဲခတ်ထားဖို့လိုအပ်ပါတယ်။

တစ်ဖက်က အရှက်အကြောက် ကြီးလွန်းတဲ့အခါမှာ ကိုယ့်ရဲ့ လူသားသဘာဝ လိင်စိတ်လိုလားတောင့်တမှုသည်လည်း တဏှာရမက်ကြီးတဲ့သူတစ်ယောက်အဖြစ် အထင်ခံရသွားတတ်ပါတယ်။ ဒါ့ကြောင့် ဒီလိုကိစ္စတွေနဲ့ ပတ်သက်လာတဲ့အခါ နှစ်ယောက်တည်း တိုင်ပင်ဆွေးနွေးတာထက် ကျွမ်းကျင်ဆရာဝန်များထံ တိုင်ပင်ဆွေးနွေးကာ အဖြေရှာခြင်းကတော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ ကိုယ့် ချစ်သူကောင်မလေး နဲ့ လက်မထပ်ခင် မှာ အခုဖော်ပြသွားတဲ့အချက်များကို ကြိုတင်တိုင်ပင်ဆွေးနွေးပြီးမှသာလျှင် လက်ထပ်သင့်ကြောင်း အကြံပြုလိုက်ရပါတယ်။

Source: Marriage

Featured Image Source: Marriage