အမျိုးသားများနှင့် အမျိုးသမီးများသည် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးပေးပုံချင်း မတူညီကြပါဘူး။ တစ်နည်းအားဖြင့် ဆိုရသော် အမျိုးသားများသည် အမျိုးသမီးများထက် တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ပတ်သက်လာလျှင် ပိုမိုအားနည်းတတ်ကြကြောင်း ၂၀၁၀ ခုနှစ်က လေ့လာထားတဲ့ သုတေသန လေ့လာချက်များအရ သိရှိရပါတယ်။ ကွီး တို့သည် ကျန်းမာပျော်ရွှင်ကာ ရောဂါဘယကင်းဝေးတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တစ်ကိုယ်ရည် သန့်ရှင်းရေး အချက် (၆) ချက်ကို မဖြစ်မနေလိုက်နာသင့်ပါတယ်။

ယခုလို ကမ္ဘာ့ရောဂါတစ်ခုဖြစ်တဲ့ ကိုဗစ်ကာလအချိန်မှာ တစ်ကိုယ်ရည် သန့်ရှင်းရေးသည် ပိုလို့တောင်လိုအပ်ပါတယ်။ တိရစ္ဆာန်များကို ကိုယ်တွင်ပြီးတိုင်း၊ နှာချေပြီးတိုင်း၊ အပြင်က ပြန်လာပြီးတိုင်းမှာ လက်ဆေးပေးဖို့လိုအပ်ပါတယ်။

ကွီး တို့အနေနဲ့ ဒီ တစ်ကိုယ်ရည် သန့်ရှင်းရေး အချက် (၆) ချက်ကို လိုက်နာကျင့်သုံးပေးမယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်ရတဲ့ဘဝကို ပိုင်ဆိုင်ရမှာ ဧကန်မုချပါပဲ။

သွားကျန်းမာရေးကို ဂရုစိုက်ပါ

ကွီး တစ်ကိုယ်ရည် သန့်ရှင်းရေး

Photo: Economictimes.indiatimes

အစား စားပြီးတိုင်းမှာ ပလုတ်သေချာကျင်းပါ။ တစ်နေ့လျှင် နှစ်ကြိမ်ခန့် သွားတိုက်ပေးဖို့လိုအပ်ပါလိမ့်မယ်။ သွားတိုက်တဲ့အခါမှာလည်း ၂ မိနစ်ပြည့်အောင် သေသေချာချာ တိုက်ပေးရပါမယ်။ ဒါမှသာ သွားရဲ့ ကြိုကြားနေရာတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများအားလုံးကို ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ သွားတိုက်ပြီးတဲ့အခါမှာလည်း လျှာကို သွားတိုက်တံနဲ့ သေချာ ပွတ်တိုက်ပေးမှသာလျှင် ခံတွင်းအနံ့ဆိုးများ အန္တရာယ်မှ ကာကွယ်ပေးနိုင်မှာပါ။

ဆံကေသာကျန်းမာရေးကိုလည်း အလေးပေးဖို့မမေ့ပါနဲ့

ကွီး တစ်ကိုယ်ရည် သန့်ရှင်းရေး

ဦးရေပြားက အမြဲတမ်းအဆီပြန်နေတာမျိုးကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဦးရေပြားနှင့် ဆံကေသာ ကျန်းမာနေမှသာလျှင် ကြည့်ကောင်းပြီး ဆွဲဆောင်မှု တိုးနေမှာဖြစ်ပါတယ်။ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများကိုလည်း ပုံမှန်ရိတ်ပေးပါ။ အရှည်ထားမယ်ဆိုရင်လည်း သန့်သန့်ရှင်းရှင်းနဲ့ သေသေချာချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။

မျက်နှာအသားအရေကိုလည်း ဂရုတစိုက် ထိန်းသိမ်းပါ

ကွီး တစ်ကိုယ်ရည် သန့်ရှင်းရေး

မျက်နှာအသားအရေသည်လည်း ကွီး တို့ နေ့စဉ် ဂရုစိုက်ပေးသင့်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး ထဲမှာ ပါဝင်ပါတယ်။ တစ်နေ့လျှင် မျက်နှာ နှစ်ကြိမ်ခန့် သစ်ပေးဖို့လိုအပ်ပြီး တစ်ပတ်လျှင် နှစ်ကြိမ်၊ မျက်နှာပေါင်းတင်ပေးရပါမယ်။

လေ့ကျင့်ခန်းပြုလုပ်ပြီးတိုင်းမှာ ရေချိုးဖို့မမေ့ပါနဲ့

ကွီး တစ်ကိုယ်ရည် သန့်ရှင်းရေး

မနက်ဘက်မှာ လေ့ကျင့်ခန်း ပြုလုပ်ပြီးသွားပြီး အပြင်သွားစရာမရှိလို့ ညနေကျမှ ရေချိုးမယ်လို့ မလုပ်ပါနဲ့။ အားကစားပြုလုပ်နေစဉ်မှာ ချွေးသဲရဲရဲနဲ့ ဘက်တီးရီးယားများ ခိုအောင်းနေပြီး ထိုဘက်တီးရီးယားများကို အချိန်ကြာကြာ ခိုအောင်းခွင့်ပေးလိုက်မယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်က အနံ့ဆိုး ထွက်လာပါလိမ့်မယ်။ ဒါ့ကြောင့် အားကစားပြုလုပ်ပြီးသွားပြီဆိုတာနဲ့ ချွေးတိတ်သွားအောင် ခဏစောင့်ပါ။ ထို့နောက် ရေချိုးသန့်စင်ပေးဖို့လိုအပ်ပါတယ်။

ကွီးတို့ရဲ့ဖွားဖက်တော်ကို သန့်စင်ခြောက်သွေ့အောင် ထားပါ

happy man

Photo: Healthline

တစ်ကိုယ်ရည်သန့်ရှင်းရေးလို့ ဆိုလိုက်တာနဲ့ ကွီးတို့ရဲ့ ဖွားဖက်တော်ကိုလည်း မေ့ထားလို့မရပါဘူး။ ထိုနေရာတစ်ဝိုက်သည် ခြောက်သွေ့မနေဘဲနဲ့ အမြဲတမ်း စိုစိုထိုင်းထိုင်းဖြစ်နေမယ်ဆိုရင် ဘက်တီးရီးယားများ အများအပြားပေါက်ဖွားလာမှာဖြစ်ပါတယ်။ ဘက်တီးရီးယားများ ပွားများလာသည်နှင့်အမျှ အနံ့အသက်ဆိုးများလည်း ထွက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ရေချိုးပြီးတဲ့နောက်မှာ ထိုနေရာကို သေချာခြောက်အောင် သန့်စင်ပေးလိုက်ပါ။ အတွင်းခံဘောင်းဘီများ ရွေးချယ်တဲ့အခါမှာလည်း ချောင်ချောင်ချိချိနဲ့ လေဝင်လေထွက်ကောင်းတဲ့အတွင်းခံများကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

လုံလောက်တဲ့ရေဓာတ် ရရှိဖို့လည်း လိုအပ်ပါတယ်

man drinking water

သင့်ရဲ့ခန္ဓာကိုယ်သည် လုံလောက်တဲ့ရေဓာတ်ကို ရရှိဖို့အင်မတန်မှအရေးကြီးပါတယ်။ သို့မှသာ ခန္ဓာကိုယ်တွင်းရှိ ကိုယ်တွင်းအင်္ဂါများသည် ကောင်းစွာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရေကိုလည်း ပုံမှန်သောက်သုံးပေးဖို့လိုအပ်သလို အသားအရေအစိုဓာတ်နှင့် နှုတ်ခမ်းအစိုဓာတ်များ ရရှိဖို့ရန်အတွက်လည်း အစိုဓာတ်ထိန်းခရင်မ်များ၊ နှုတ်ခမ်းနီအဆီများ လိမ်းကျံပေးဖို့လိုအပ်ပါတယ်။

ဒီအချက်လေးတွေကို သိထားမယ်ဆိုရင်တော့ ကျန်းမာလှပပြီး စမတ်ကျတဲ့ကွီးတစ်ယောက်ဖြစ်သွားနိုင်ပါပြီ။

Source: Economictimes.indiatimes

Featured Image: Romper