တစ်နေ့တာလုံး ပင်ပန်းခဲ့သမျှတွေကို အပန်းဖြေပုံဖြေနည်းများသည် လူတစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ အချို့ကလည်း တီဗွီကြည့်ရင်း ပင်ပန်းသမျှတွေကို ဖြေဖျောက်လေ့ရှိပြီး အချို့ကတော့ ဂိမ်းဆော့ကစားရင်း အချိန်ကုန်ဆုံးလေ့ရှိကြပါတယ်။ ဒီလိုမျိုး ဂိမ်းဆော့ရတာ နှစ်သက်တဲ့ ကွီး တို့အတွက် လတ်တလောမှာ ရေပန်းစားပြီး ဆော့လို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း အချို့ရှိပါတယ်။

Android ဖုန်းတွေရော iOS ဖုန်းတွေမှာပါ ဆော့ကစားနိုင်တာကြောင့် ဂိမ်းဝါသနာအိုး ကွီးတို့အတွက် အာရုံစားစရာမလိုတော့ပါဘူး။

ကွီး တို့အနေနဲ့ မိုဘိုင်းလ်ဂိမ်း တစ်မျိုးတည်းကိုပဲ ဆော့ကစားရတာ ငြီးငွေ့လာတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဂိမ်းတွေကိုလည်း အပြောင်းအလဲလုပ်ကာ ဆော့ကစားနိုင်ပါသေးတယ်။

Raid: Shadow Legends

best mobile games for kwee

ဒီဂိမ်းလေးကတော့ ၂၀၂၀ ဇန်နဝါရီ ၂၁ ရက်နေ့လောက်က ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်မျိုးဖြစ်ပါတယ်။ ဂိမ်းရဲ့နေရာသည် Telerai လို့ခေါ်တဲ့ စိတ်ကူးယဉ်မြို့တော်ပေါ်မှာ အခြေတည်ကာ ရေးဆွဲထားတာဖြစ်ပါတယ်။ တိုက်ပွဲတွေ တဆင့်ပြီးတဆင့် ဆော့ကစားရပြီး ရန်သူတွေကို အခြားသောကစားဖော်ကစားဖက်များနှင့်အတူတူ အနိုင်တိုက်နိုင်ပါတယ်။ ကွီး တို့အတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပဲဖြစ်ပါတယ်။

Genshin Impact

best mobile games for kwee

ဒီဂိမ်းလေးသည်လည်း ၂၀၂၀ တုန်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး miHo Yo ဆိုတဲ့ Developer က ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ထို၈ိမ်းလေးသည် Microsoft Windows ၊ PlayStation 4 ၊ iOS နှင့် Andriod စတဲ့ Device မျိုးစုံဖြင့် ဆော့ကစားနိုင်ပါတယ်။ ၂၀၂၁ တုန်းကလည်း PlayStation 5 အတွက် ဆော့ကစားနိုင်အောင် ထပ်မံရေးဆွဲခဲ့ပါသေးတယ်။

Elvenar

best mobile games for kwee

ဒီဂိမ်းလေးသည်လည်း ယခုနှစ်အတွင်း ဆော့ကို ဆော့သင့်တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အဆောက်အဦးတွေ အများကြီးဆောက်လုပ်ကာ နည်းပညာများကို အဆင့်မြင့်တင်ရပြီး ကိုယ့်ရဲ့ အင်ပါယာကို ပိုမိုကြီးမားကျယ်ပြန့်လာအောင် ဆော့ကစားရတာဖြစ်ပါတယ်။ နတ်သူငယ်များရဲ့ မှော်ပညာကို အသုံးချကာ စွမ်းအင်ပိုမိုကြီးမားလာအောင်လည်း ဖန်တီးနိုင်ပါသေးတယ်။

Forge Of Empires

best mobile games for kwee

ဒီဂိမ်းသည် ၂၀၁၃ ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ဂိမ်းရေးဆွဲမှုအပိုင်းနှင့် ပတ်သက်ပြီးတော့လည်း ဆုတစ်ဆု ရရှိထားတာဖြစ်ပါတယ်။ ကွီး တို့လို ဂိမ်းဆော့ရတာ နှစ်သက်တဲ့ ကမ္ဘာတစ်ဝှမ်းလုံးရှိသူတွေအတွက် ထူးခြားပြီး ဆော့ရတာ မရိုးအီနိုင်တဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပဲဖြစ်ပါတယ်။ အချိန်ဘယ်လောက်ပဲကြာကြာ ယနေ့ထိတိုင် လူကြိုက်များနေဆဲဖြစ်ပါတယ်။

Rise Of Cultures

ကွီး မိုဘိုင်းလ်ဂိမ်း

ဒီဂိမ်းသည်လည်း မည်သည့်ဖုန်းအမျိုးအစားမရွေး ဆော့ကစားနိုင်တာဖြစ်ပါတယ်။ တိုက်ရခိုက်ရတဲ့ဂိမ်းတွေ ဆော့ကစားရ ငြီးငွေ့လာတဲ့အခါမှာ Rise Of Cultures ဂိမ်းကို ဆော့ကစားနိုင်ပါတယ်။ ဒီဂိမ်းသည် အင်ပါယာများကို တဖြည်းဖြည်းကြီးမားလာအောင် တည်ထောင်ရတာဖြစ်ပါတယ်။

Sunrise Village

ကွီး မိုဘိုင်းလ်ဂိမ်း

Adventure ဂိမ်းမျိုး ဆော့ကစားချင်ပါသလား။ ဒါဆိုရင်တော့ Sunrise Village ဂိမ်းကို ဆော့ကစားနိုင်ပါတယ်။ ဒါပေမဲ့ ဒီဂိမ်းလေးကတော့ Andriod သမားတွေအတွက်ပဲ အဆင်ပြေတာဖြစ်ပါတယ်။

June’s Journey

ကွီး မိုဘိုင်းလ်ဂိမ်း

စုံထောက်လုပ်တမ်း ဆော့ကစားချင်ပါသလား။ ဒါဆိုရင်တော့ June’s Journey ဆိုတဲ့ မိုဘိုင်းလ်ဂိမ်းကို ရွေးချယ်ဆော့ကစားနိုင်ပါတယ်။ မျက်စိရှင်ရှင်ထားပြီး ဆော့ကစားရမယ့်ဂိမ်းတစ်ခုပါ။

Pokémon Go

ကွီး မိုဘိုင်းလ်ဂိမ်း

ဒီဂိမ်းလေးသည် ၂၀၁၆ ခုနှစ်လောက်က စတင်ထွက်ရှိခဲ့တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ စစထွက်ချင်းမှာပဲ တော်တော်လေး နာမည်ကြီးသွားပြီး လမ်းမထက်မှာလည်း Pokémon လေးတွေကို လိုက်လံစုဆောင်းတဲ့ ကစားသမားတွေနဲ့ ပြည့်နှက်သွားခဲ့ပါသေးတယ်။ ကွီး တို့တစ်ခါမှ မဆော့ဖူးဘူးဆိုရင်တော တစ်ခါလောက် စမ်းဆော့ကြည့်သင့်တဲ့ မိုဘိုင်းလ်ဂိမ်း လေးပဲဖြစ်ပါတယ်။

Source: Pockettactics

Featured Image: Pockettactics