ပါတီပွဲများ၊ မွေးနေ့ပွဲများ၊ သူငယ်ချင်းများနှင့် TGIF ကို ကိုယ့်အိမ်မှာပဲ ပျော်ပျော်ပါးပါး ကျင်းပချင်တဲ့အခါ ကော့တေးများ၊ ဝီစကီများ စသည့်ဖျော်ရည်မျိုးစုံတို့သည် မပါမဖြစ်လိုအပ်တဲ့အရာတွေပဲဖြစ်ပါတယ်။ တကယ်လို့ ကွီး တို့အနေနဲ့ အရသာ ထူးကဲကောင်းမွန်တဲ့ ကော့တေးမျိုးကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ သစ်သီး ကော့တေး များကို မြည်းစမ်းကြည့်သင့်ပါတယ်။

ကွီး တို့အနေနဲ့ အိမ်လုပ် သစ်သီး ကော့တေး များကို ကိုယ်တိုင်ကိုယ်ကျဖျော်စပ်ကာ မြည်းစမ်းသောက်သုံးကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖျော်စပ်နည်းများကို အသုံးပြုနိုင်ပါတယ်။

နာနတ်သီးကော့တေး

ကွီး သစ်သီး ကော့တေး 

ပါဝင်ပစ္စည်းများကတော့ နာနတ်သီး ၁ ပေါင်ခန့် (ပန်းကန်လုံး ၃ လုံးစာ)၊ ရမ်အဖြူ စားပွဲတင်ဇွန်း ၁၂ ဇွန်း၊ အုန်းနို့ရည် စားပွဲတင်ဇွန်း ၁၂ ဇွန်းနှင့် အလှဆင်ဖို့ရန်အတွက် မိမိကြိုက်နှစ်သက်ရာ သစ်သီးမျိုးစုံတို့ လိုအပ်ပါမယ်။

ကွီး သစ်သီး ကော့တေး 

နာနတ်သီးများကို အတုံးလိုက် တုံးထားပြီးနောက် အေးခဲသွားအောင် အအေးခံထားလိုက်ပါ။ ထို့နောက် နာနတ်သီး၊ ရမ်အဖြူ၊ အုန်းနို့တို့ကို သစ်သီးဖျော်စက်ထဲထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ အရည်က အရမ်းပျစ်သွားတဲ့အခါ အုန်းနို့ရည်အနည်းငယ် (သို့) ရေအနည်းငယ် ထပ်ထည့်ကာ ထပ်မံဖျော်စပ်နိုင်ပါတယ်။

ရရှိလာတဲ့ နာနတ်သီးကော့တေးဖျော်ရည်ကို ဖန်ခွက်ထဲထည့်ကာ သစ်သီးမျိုးစုံဖြင့် အလှဆင်ကာ သောက်သုံးနိုင်ပါပြီ။

အုန်းနို့ကော့တေး

ကွီး သစ်သီး ကော့တေး 

လိုအပ်မယ့်ပါဝင်ပစ္စည်းများကတော့ အုန်းနို့ရည် စည်သွပ်ဘူးတစ်ဘူးစာ၊ နို့ဆီ စည်သွပ်ဘူးတစ်ဘူးစာ၊ ရမ်အဖြူ (သို့) ဗော့ကာ စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ အုန်းရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း (သို့) ရိုးရိုးရေ၊ ရေခဲတုံးအနည်းငယ်၊ အုန်းသီးဖတ်အနည်းငယ် (မထည့်လည်းရ) တို့လိုအပ်ပါလိမ့်မယ်။

cocktail for kwee

သစ်သီးဖျော်စက်ထဲသို့ အုန်းနို့၊ နို့ဆီ၊ အုန်းရည်နှင့် ဝိုင်ဖြူတို့ထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို ဖန်ခွက်ထဲထည့်ကာ အုန်းသီးဖတ်အနည်းငယ် ဆမ်းထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အုန်းနို့ကော့တေးဖျော်ရည်တစ်ခွက်ရရှိသွားပါပြီ။

စတော်ဘယ်ရီကော့တေး

cocktail for kwee

စတော်ဘယ်ရီသီးများ ၁ ပေါင်ခန့် (ရွက်ဖတ်စိမ်းများ ဖယ်ရှားထားလိုက်ပါ)၊ ရေခဲတုံးများ၊ သံပုယိုရည် စားပွဲတင်ဇွန်း ၁၂ ဇွန်း၊ သကြား စားပွဲတင်ဇွန်း ၆ ဇွန်း၊ ဗော့ကာ စားပွဲတင်ဇွန်း ၁၆  ဇွန်းနှင့် ရေ ၃ ခွက်စာ (စားပွဲတင်ဇွန်း ၄၈ ဇွန်းစာ) တို့လိုအပ်ပါလိမ့်မယ်။

စတော်ဘယ်ရီများကို အနှစ်များရအောင် ချေမွလိုက်ပါ။ ထို့နောက် ရေကရားထဲသို့ထည့်ပါ။ ရေခဲတုံးများထည့်ပါ။ သံပုယိုရည်၊ သကြား၊ ဗော့ကာနှင့် ရေတို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ သကြားများ ပျော်ဝင်သွားသည်အထိ မွှေပေးရမှာဖြစ်ပါတယ်။

cocktail for kwee

ဒါဆိုရင်တော့ ကွီး တို့အားလုံး ဘဝင်ခိုက်သွားစေမယ့် သစ်သီး ကော့တေး တစ်မျိုး ရရှိသွားပါပြီ။

ကွီးတို့အနေနဲ့ ကိုယ် ကြိုက်နှစ်သက်တဲ့ သစ်သီးကော့တေး ဖျော်ရည်တစ်မျိုးကို ဖျော်ရည်ကာ ကိုယ့်ရဲ့ညနေခင်းလေးကို လှလှပပလေးနဲ့ စည်းစိမ်အပြည့်ခံစားရင်း ဖြတ်သန်းနိုင်ပါပြီ။

Source: Cakenknife.com

Featured Image: Masterclass