ကျွန်တော်တို့ရဲ့ သွားတွေသည် အသက်အရွယ် တဖြည်းဖြည်း ကြီးရင့်လာသောကြောင့်သော်လည်းကောင်း၊ မျိုးရိုးဗီဇအရကြောင့် သော်လည်း ကောင်း သွားတွေသည် တဖြညးဖြည်းဖြူရာကနေ ဝါလာတတ်ပါတယ်။ သို့သော် ကွီး တို့ရဲ့ သွား များကို ပြုံးရယ်လိုက်တိုင်းမှာ ဖြူဖွေးနေစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးပြုနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါ အသုံးပြုပါ

ကွီး သွား နည်းလမ်းကောင်း

Photo: Menshealth

ကွီး တို့ရဲ့ သွား များကို ဖြူဖွေးလာအောင် ကူညီပေးမယ့် နည်းလမ်းကောင်း တစ်ခုဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမရှိဘူးဆိုတာကို သုတေသနပညာရှင်များက ၂၀၁၇ ခုနှစ်က လေ့လာတွေ့ ရှိခဲ့ပါတယ်။

မုန့်ဖုတ်ဆိုဒါသည် ဘက်တီးရီးယားများကို တိုက်ဖျက်ပေးနိုင်ပြီး သွားချေးများကိုလည်း ဖယ်ရှားပေးကာ သွားများ ဝါကျဉ်စွန်းထင်းခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

အသုံးပြုနည်းကတော့ လွယ်ကူပါတယ်။ ပန်းကန်သေးသေးလေးတစ်လုံးတွင် ရေအနည်းငယ်ထည့်ပါ။ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ထည့်ပြီး အနှစ်လေးဖြစ်သွားအောင် မွှေပေးလိုက်ပါ။ ထို့နောက် ထိုအနှစ်များကို သွားပေါ်တွင် ၂ မိနစ်၊ ၃ မိနစ်ခန့် ကပ်ထားပေးလိုက်ပါ။ အချိန်ပြည့်သွားပြီဆိုမှ သွားပွတ်တံနဲ့ သေချာပြန်တိုက်ပေးနိုင်ပါတယ်။

နောက်ထပ် လွယ်ကူရိုးရှင်းတဲ့နည်းလမ်း

ကွီး သွား နည်းလမ်းကောင်း

ဒီနည်းလမ်းကတော့ လွယ်လွယ်လေးပါပဲ။ သွားတိုက်ဆေးနဲ့ သွားတိုက်တဲ့အချိန်မှာ သွားတိုက်ဆေးပေါ်တွင် မုန့်ဖုတ်ဆိုဒါအနည်းငယ် ဖြူးထားလိုက်ပါ။ ပြီးရင်တော့ ပုံမှန်သွားတိုက်နေကျအတိုင်း သွားတိုက်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါနှင့် သံပုယိုသီး

ကွီး သွား နည်းလမ်းကောင်း

သံပုယိုသီးမှာ စီထရစ်အက်ဆစ်ဓာတ် ပါဝင်ပြီး သဘာဝအတိုင်း ချေးချွတ်ပေးတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်ကို သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ သမအောင် ရောနှောလိုက်ပါ။ ထို့နောက် ထိုအရောအနှောဖြင့် သွားတိုက်ပေးလိုက်မယ်ဆိုရင် ကွီး တို့ရဲ့ သွား တွေသည် ပုလဲလုံးလေးတွေလို ဖြူဖွေးဝင်ပနေမှာ အမှန်ပါပဲ။

Hydrogen Peroxide နှင့် မုန့်ဖုတ်ဆိုဒါတို့ကို ရောနှောအသုံးပြုပါ

tips for kwee to whiten their teeths

Photo: Onegoodthingbyjillee

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်ကို Hydrogen Peroxide လက်ဖက်ရည်ဇွန်း တစ်ဝက်ဖြင့် သမအောင် ရောနှောကာ မပျစ်တပျစ်လေး ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ အရောအနှောကို သွားတိုက်ဆေးကဲ့သို့ အသုံးပြုကာ သွားတိုက်ပေးနိုင်ပါတယ်။ ထို့နောက် ရေ (သို့) ခံတွင်းသန့်စင်ဆေးရည်ဖြင့် သန့်စင်အောင် ပလုတ်ကျင်းပေးလိုက်ပါ။

ကွီး တို့ ပြုံးရယ်လိုက်တိုင်းမှာ သွားတွေသည် ဖြူဖွေးလှပနေစေချင်တယ်ဆိုရင်တော့ အခုဖော်ပြသွားတဲ့ နည်းလမ်းကောင်းတွေထဲက မိမိကြိုက်နှစ်သက်ရာ တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။

Source: Medicalnewstoday

Featured Image Source: Emailtuna