လူသားတိုင်း ရောဂါဘယကင်းဝေးပြီး အသက်ရှည်ကျန်းမာစွာနေထိုင်ဖို့ရန်အတွက် ကိုယ်တွင်းအင်္ဂါများရဲ့ လုပ်ဆောင်ချက်သည် များစွာအရေးပါပါတယ်။ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုချင်းစီ ကျန်းမာနေမှာသည် ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာနေထိုင်နိုင်မှာဖြစ်ပါတယ်။ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ အများအပြားရှိတဲ့အနက် အဆုတ်သည် ကျွန်တော်တို့ကို ရောဂါပိုးပေါင်းစုံနှင့် လေထုညစ်ညမ်းမှုများမှ ကာကွယ်ပေးထားရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီး တို့ရဲ့ အဆုတ် အားကောင်း နေမှသာလျှင် ရောဂါပိုးမွှားများကို အနိုင်ယူတိုက်ဖျက်နိုင်မှာဖြစ်ပါတယ်။

သို့သော်လည်း လူသားများ နေ့စဉ်ရှူရှိုက်နေရတဲ့လေသည် သန့်စင်မှုမရှိတဲ့အတွက်ကြောင့် အသက်ရှူစနစ်သည် နေ့ရက်တိုင်းလိုလို ဒဏ်ခံနေရပါတယ်။ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှူမဝခြင်း အစရှိသည်တို့သည် ကွီး တို့ရဲ့ အဆုတ် အားကောင်း မှု လျော့ကျနေကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

ကွီး တို့အနေနဲ့ ကိုယ့်မှာ ထိုကဲ့သို့ ရောဂါ လက္ခဏာများ ကြုံတွေ့ခံစားနေရတဲ့အခါ ကိုယ့်ရဲ့ အဆုတ် ပြန်လည် အားကောင်း ပြီး အလုပ်ကောင်းကောင်း လုပ်နိုင်ဖို့ရန်အတွက် အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာကျင့်သုံးနိုင်ပါတယ်။

ညဘက် အိပ်စက်တဲ့အခါ ခေါင်းအုံးမြင့်မြင့်ထားအိပ်ပါ

ကွီး အဆုတ် အားကောင်း

အိပ်စက်တဲ့အခါ ခေါင်းအုံးမြင့်မြင့်ထားအိပ်မယ်ဆိုရင် အိပ်စက်နေချိန် ချောင်းခြောက်ဆိုးခြင်းမှ ကာကွယ်ပေးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ချွဲများ လည်ချောင်းထဲသို့ ဝင်ရောင်ခြင်းမှ တားဆီးပေးလို့ပဲဖြစ်ပါတယ်။ ခေါင်းအုံးက ၁၅ ဒီဂရီအမြင့်လောက်ဆို လုံလောက်ပါပြီ။ ခေါင်းအုံးနှစ်လုံး ထပ်အိပ်လို့လည်း ရပါသေးတယ်။

ကိုယ့်ရဲ့အိမ်ကို သန့်ရှင်းရေး ပြုလုပ်ပါ

ကွီး အဆုတ် အားကောင်း

အဆုတ် အားမကောင်းသူများအတွက် ဖုန်မှုန့်များသည် ရန်သူတော်တွေပါပဲ။ အိမ်ထဲမှာ ကပ်ငြိခိုအောင်းနေတဲ့ မှိုများ၊ ဖုန်မှုန့်များသည် အသက်ရှူကြပ်စေပြီး ရောင်ရမ်းခြင်း၊ ပန်းနာရင်ကြပ်ဖြစ်ခြင်း၊ ဓာတ်မတည့်ခြင်း အစရှိသည်တို့ကို ခံစားရစေပါတယ်။ သင့်အနေနဲ့ အသက်ရှူရတာ အခက်အခဲဖြစ်လာပြီလို့ ခံစားရတယ်ဆိုရင်တော့ အိမ်ခန်းထဲမှာ Air Purifier လေးတစ်လုံလောက်တော့ ဆောင်ထားသင့်ပါပြီ။

ချောင်းဆိုးခြင်းကို ချုပ်တည်းမထားပါနဲ့

ကွီး အဆုတ် အားကောင်း

သင် ဖျားနာတဲ့အချိန်ပဲဖြစ်ဖြစ်၊ တုပ်ကွေးကြောင့် နာမကျန်းဖြစ်နေချိန်မှာဆိုရင် အဆုတ်ထဲမှာ ချွဲတွေ ခိုအောင်းနေတာဖြစ်ပါတယ်။ ချောင်းဆိုးခြင်းဖြင့် ထိုအဆုတ်များကို ဖယ်ရှားနေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ချောင်းဆိုးခြင်းကို ချုပ်တည်းမထားသင့်ပါဘူး။ တကယ်လို့ ချုပ်တည်းထားပါက ရောဂါကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။

အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာများ စားသုံးပါ

ကွီး အဆုတ် အားကောင်း

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များများ စားသုံးပေးခြင်း၊ ဟင်းချက်တဲ့အခါမှာလည်း ဆား၊ အချိုမှုန့်များကို လျော့ကာ ချက်ပြုတ်ခြင်း၊ ဖြစ်နိုင်မယ်ဆိုရင်တော့ အချိုမှုန့် (လုံးဝ) မသုံးခြင်း၊ ရယ်ဒီမိတ်အစားအစာများကို ဝယ်စားခြင်းကို လျော့ချခြင်း အစရှိသည်တို့ကို လိုက်နာသင့်ပါတယ်။

ဓာတုပိုးသတ်ဆေးများ မသုံးထားဘဲ အော်ဂဲနစ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးပေးတဲ့အခါ အဆုတ်ကင်ဆာဖြစ်ပွားခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် လုံလောက်တဲ့ ရေပမာဏကိုလည်း နေ့စဉ်သောက်သုံးပေးဖို့ မမေ့သင့်ပါဘူး။

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ

lungs health for kwee

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းသည် ခန္ဓာကိုယ် အမြဲတမ်းကျန်းမာနေအောင် ထိန်းထားပေးနိုင်တဲ့ တစ်ခုတည်းသော လျှို့ဝှက်ချက်ဖြစ်ပါတယ်။ အဆုတ် အားကောင်း ဖို့အတွက်ဆိုရင်တော့ အသက်ရှူလေ့ကျင့်ခန်းကို များများလုပ်ပေးဖို့လိုအပ်ပါတယ်။

အထိရောက်ဆုံး လေ့ကျင့်ခန်း

lungs health for kwee

ဒီလေ့ကျင့်ခန်းကတော့ တရုတ်ရိုးရာ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

အရင်ဆုံး ခုံပေါ်မှာပဲဖြစ်ဖြစ် ကြမ်းပြင်ပေါ်မှာပဲဖြစ်ဖြစ် ထိုင်နေကာ အသင့်အနေအထားပြင်ပါ။

လက်နှစ်ဖက်ကို မြှောက်လိုက်တဲ့အချိန်မှာ အသက်ရှူသွင်းပါ။ ထို့နောက် နံပါတ် (၁) အနေအထားတွင် ထားပြီး အသက်ရှူထုတ်ပါ။

အသက်ပြန်လည် ရှူသွင်းကာ လက်နှစ်ဖက်ကို ပုခုံးနှင့် တစ်တန်းတည်းထားပြီး ဘေးသို့ ကားထုတ်လိုက်ပါ။ ထို့နောက် အသက်ရှူထုတ်ပါ။

လက်နှစ်ဖက်ကို အပေါ်တည့်တည့်သို့ ထောင်မတ်လိုက်ချိန်မှာ အသက်ရှူသွင်းလိုက်ပါ။ ထို့နောက် အသက်ရှူထုတ်ပါ။

မူလအနေအထားအတိုင်း လက်ပြန်ချပါ။ တစ်ကြိမ်ပြည့်သွားပြီဖြစ်ပါတယ်။

စုစုပေါင်း ၁၀ ကြိမ်မှ ၁၂ ကြိမ် ပြုလုပ်ရမှာဖြစ်ပါတယ်။

Source: Brightside

Featured Image: Verywell Health