ဟစ်ဟော့နဲ့ ရက်ပ် ဂီတရပ်ဝန်းမှာ နာမည်ကြီး အမျိုးသား ရက်ပ်ပါတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အမျိုးသမီး ရက်ပ်ပါ တွေ အများကြီး ရှိပါတယ်။ အမိုက်စား ရက်ပ်သီဆိုမှုတွေ ၊ ထူးခြားတဲ့ ကိုယ်ပိုင်စတိုင်တွေနဲ့ အောင်မြင်မှု အခိုင်အမာရရှိထားသူတွေ ဒုနဲ့ဒေး ရှိပါတယ်။ ဒီထဲကမှ ဂီတ ချစ်သူ ကွီး တို့အတွက် ၂၀၂၂ အတွင်းက အကြမ်းဆုံး အမျိုးသမီး ရက်ပ်ပါ ၅ ဦး အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) Megan Thee Stallion
Photo : Billboard
အမေရိကန် ရက်ပ်ပါ Megan Thee Stallion ကိုတော့ မသိတဲ့သူမရှိလောက်ဘူး ထင်ပါတယ်။ သူမရဲ့ Savage ၊ WAP တို့လို သီချင်းတွေဆိုရင် လူတိုင်းပါးစပ်ဖျားမှာ စွဲနေတဲ့အထိ အရမ်းကိုဟော့ဖြစ်ခဲ့တာပါ။ Fever လို့အမည်ရတဲ့ Mixtape နဲ့အတူ ၂၀၁၉ လောက်ကစပြီး ရက်ပ်ဂီတလောကထဲမှာ နာမည်ရလာသူ ဖြစ်ပါတယ်။ သူမရဲ့ ပွဲဦးထွက် album ဖြစ်တဲ့ Good News ဟာလည်း Billboard 200 မှာနံပါတ် ၁၀ နေရာချိတ်ခဲ့သလို ဂရမ်မီဆု ၊ BET ဆု စတဲ့ အောင်မြင်မှု မှတ်တိုင်တွေလည်း စိုက်ထူထားသူ ဖြစ်ပါတယ်။
(၂) Doja Cat

Photo : WWD
သူမကတော့ အသက် ၁၇ နှစ်ထဲက ပထမဆုံး Single သီချင်း တစ်ပုဒ်ဖြစ်တဲ့ So High သီချင်းနဲ့အတူ ဂီတလောကထဲ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီသီချင်းဟာ SoundCloud ပေါ်မှာ အတော်လေး ရေပန်းစားခဲ့တာပါ။ ၂၀၁၄ မှာ Purr လို့ နာမည်ပေးထားတဲ့ သူမရဲ့ ပထမဆုံး EP album ကို ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီနောက် ဂီတလောကနဲ့ အဆက်ပြတ်သွားခဲ့ပြီး ၄ နှစ်လောက် ကြာပြီးနောက်မှာမှ Amala ဆိုတဲ့ သူမရဲ့ ပွဲဦးထွက် album နဲ့အတူ ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်တဲ့သီချင်းများစွာနဲ့အတူ American Music Awards ၂ ကြိမ်ရခဲ့ပြီး ဂရမ်မီဆု ၃ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သူပဲ ဖြစ်ပါတယ်။
(၃) Saweetie

Photo : Rolling Stone
Saweetie ကတော့ ၂၀၁၉ မှာထွက်ခဲ့တဲ့ Icy လို့ အမည်ရတဲ့ EP နဲ့အတူ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ရက်ပ်ပါတစ်ယောက် ဖြစ်ပါတယ်။ သူမရဲ့ single သီချင်းတစ်ပုဒ် ဖြစ်တဲ့ Icy Girl ကတော့ အတော်လေးဟော့ဖြစ်ခဲ့ပြီး RIAA ရဲ့ ဂုဏ်ပြုမှုရခဲ့သလို Warner Records နဲ့လည်း စာချုပ် ချုပ်ခွင့်ရခဲ့ပါတယ်။ ၂၀၁၈ မှာ သူမရဲ့ ပထမဆုံး EP album , High Maintenance ထွက်ခဲ့ပေမယ့် ဒုတိယ EP album ဖြစ်တဲ့ Icy လောက်တော့ လူသိပ်မသိခဲ့ပါဘူး။ သူမရဲ့ My Type သီချင်းဟာဆိုရင်လည်း အကောင်းဆုံး Single သီချင်း List မှာထိပ်ဆုံးက ရပ်တည်ခဲ့ပြီး ၂၀၂၂ ဇွန်လထဲမှာ သူမရဲ့ ပထမဆုံးပွဲဦးထွက် album ထွက်လာဖို့လည်း ရှိနေပါတယ်။
(၄) Nicki Minaj

Photo : Forbes
အမျိုးသမီး ရက်ပ်ပါတွေအကြောင်း ပြောမယ်ဆိုရင် ရက်ပ်ဘုရင်မ Nicki Minaj ကိုတော့ ချန်ထားလို့ မရပါဘူး။ ၂၀၀၇ ၊ ၂၀၀၈ လောက်မှာ Playtime is Over ၊ Sucka Free စတဲ့ EPs တွေနဲ့ ဂီတလောကထဲ ဝင်ရောက်လာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒီ EP album တွေက သူမရဲ့ အလယ်အလတ် အောင်မြင်မှုတွေလို့သာ ပြောရမှာပါ။ Pink Friday album ထွက်လာချိန်မှာတော့ Billboard 200 မှာနံပါတ် ၁ နေရာ ချိတ်တဲ့အထိ အောင်မြင်မှုအကြီးအကျယ်ရခဲ့ပြီး ခေတ်တစ်ခေတ်ရဲ့ ရက်ပ်ဘုရင်မအဖြစ် ကျော်ကြားခဲ့သူပဲ ဖြစ်ပါတယ်။ ဂီတ ဆုတံဆိပ်ပေါင်းများစွာလည်း ရရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အအောင်မြင်ဆုံး အမျိုးသမီး ရက်ပ်ပါ တစ်ယောက်ပဲ ဖြစ်ပါတယ်။
(၅) SZA

Photo : NME
အမေရိကန်ရက်ပ်ပါ SZA ကတော့ Ctrl လို့အမည်ရတဲ့ သူမရဲ့ ပွဲဦးထွက် Studio album နဲ့ အောင်မြင်မှုများစွာ ရရှိခဲ့သူ ဖြစ်ပါတယ်။ US Billboard 200 ရဲ့ နံပါတ် ၃ နေရာကိုလည်း ချိတ်ခဲ့သလို RIAA ကနေ Platinum album အဖြစ်အသိမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ သူမဟာ Kendrick Lamar နဲ့အတူ “Black Panther” ဇာတ်ကားအတွက် ဇာတ်ဝင်သီချင်းကိုလည်း ဖန်တီးခဲ့ပြီး ဒီသီချင်းနဲ့အတူ Golden Globe နဲ့ Academy awards အတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အောင်မြင်တဲ့ သီချင်းကောင်းများစွာကိုလည်း ထုတ်နိုင်ခဲ့ပြီး ပရိသတ် အားပေးမှုအခိုင်အမာရရှိထားတဲ့ အမျိုးသမီး ရက်ပ်ပါတစ်ယောက်ပဲ ဖြစ်ပါတယ်။
သူတို့ကတော့ ၂၀၂၂ အတွင်းက အကြမ်းဆုံး အမျိုးသမီး ရက်ပ်ပါ ၅ ဦးပဲ ဖြစ်ပါတယ်။ သူတို့နောက်မှာတော့ နာမည်အကြီးဆုံး အမျိုးသမီး ရက်ပ်ပါတွေအဖြစ် Cardi B ၊ Mulatto ၊ Rubi Rose ၊ BIA နဲ့ Flo Milli တို့ရှိနေပါတယ်။ ၂၀၂၂ အတွင်းက အကြမ်းဆုံး အမျိုးသမီး ရက်ပ်ပါ တွေထဲက ကွီး တို့အကြိုက်ဆုံး ရက်ပ်ပါကရော ဘယ်သူဖြစ်မလဲ ကွန်းမန့်မှာရေးခဲ့ပါအုန်းနော်။
Featured Photo : NME

