နိုင်ငံရပ်ခြားသော်လည်းကောင်း၊ ပြည်တွင်းသော်လည်းကောင်း ခရီးသွားတဲ့ အခါ သယ်ဆောင်သွားရမဲ့ အရာများရှိပါတယ်။ ခရီးစဉ် အနီးအဝေး၊ သွားမဲ့နေရာဒေသ ပေါ်မူတည်ပြီးလည်း သယ်ဆောင်ရမဲ့အရာတွေကို ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ဒါမှသာ ကွီးတို့ခရီးစဉ် အတွင်း လိုအပ်ချက်မရှိပဲ အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်။ ထို့ပြင် သယ်ဆောင် သွားရမည့်အရာများကို ကြိုတင်ပြင်ဆင်ခြင်းဖြင့် လိုအပ်သောပစ္စည်းများ မပါလာခြင်းကြောင့် အခက်အခဲနဲ့ စိတ်အနှောင့်အယှက်ဖြစ်ခြင်းမှလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အတွက် ခရီးသွားသည့်အခါ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေရန် မဖြစ်မနေ သယ်ဆောင်သွားသင့်တဲ့ အရာများ ကိုဖော်ပြပေးချင်ပါတယ်။

(၁) နိုင်ငံကူးလက်မှတ် နဲ့စာရွက်စာတန်းများ

ခရီးသွားသည့်အခါ သယ်ဆောင်သွားသင့်တဲ့ အရာများ

Photo : The Times of Isrel

ကွီးတို့ရေ နိုင်ငံရပ်ခြားကို ခရီးသွားသည့်အခါ မဖြစ်မနေ သယ်ဆောင်သွားသင့်တာကတော့ နိုင်ငံကူးလက်မှတ် (Passport) ဖြစ်ပါတယ်။ ထို့နောက် ကွီးတို့ရဲ့ မှတ်ပုံတင်နဲ့ အခြားအရေးကြီးသော စာရွက်စာတန်းများလည်း မမေ့ပါနဲ့။ ဥပမာအားဖြင့် ကွီးတို့က အလုပ်ကိစ္စ နဲ့ခရီးသွားတဲ့အခါ ကိုယ့်ရဲ့ Visiting Card၊ သွားရောက်မည့်နိုင်ငံမှ အလုပ်နဲ့ပတ်သတ်သော စာရွက်စာတမ်းများ၊ ကုမ္ပဏီ ထောက်ခံချက်များ အစရှိတဲ့စာရွက်စာတန်းတွေကို သေချာစွာထိန်းသိမ်းယူဆောင်သွားပါ။ ထို့အတူ ပြည်တွင်းမှာ ခရီးသွားတဲ့ အခါမှာလည်း ကွီးတို့ရဲ့မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင် ကဲ့သို့သော အခြားသော ID များကိုသေချာယူဆောင်သွားပါ။  Passport များ၊ မှတ်ပုံတင်များအပါအဝင် အရေးကြီးတဲ့စာရွက်စာတန်းတွေဟာ ကွီးတို့ရဲ့ ခရီးစဉ်အတွင်း မပျောက်ရှဖို့လည်း အရေးကြီးပါတယ်။ လိုအပ်လျှင် အပို ကော်ပီများပါ သယ်ဆောင်သွားပါ။

(၂) Face Masks ၊ ကျန်းမာရေးထောက်ခံချက်များ

ခရီးသွားသည့်အခါ သယ်ဆောင်သွားသင့်တဲ့ အရာများ

Photo : Hertz

ကွီးတို့ရေ အခုအချိန်အတောအတွင်း ခရီးသွားမယ်ဆိုရင် Face Mask ကို သေချာဝတ်ဆင်ပြီး အပိုများလည်း ယူဆောင်သွားပါ။ လက်သန့်ဆေးရည်ကိုလည်း ကွီးတို့နဲ့ မကွာဆောင်ထားဖို့ မမေ့ပါနဲ့။ Covid-19 ရောဂါကို ကာကွယ်နိုင်ရန်အတွက် ဖြစ်ပါတယ်။  ထို့နောက် ကျန်းမာရေးထောက်ခံချက်များကိုလည်း ယူဆောင်သွားပါ။

(၃) ငွေသား၊ Credit Cards ၊ Visa Cards

ခရီးသွားသည့်အခါ သယ်ဆောင်သွားသင့်တဲ့ အရာများ

Photo : Experian

ခရီးသွားတဲ့ နေရာမှာ မမျှော်လင့်ထားတဲ့ ပြဿနာတွေ၊ အခြေအနေတွေ ကြုံနိုင်ပါတယ်။ သို့မဟုတ် ခရီးဆောက်အိတ် ပျောက်ရှတာမျိုးကြောင့် လိုအပ်တာတွေအတွက် ငွေကြေးသုံးစွဲဖို့ လိုလာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကွီးတို့အနေနဲ့ ကိုယ်သွားရောက်မဲ့နိုင်ငံ သို့မဟုတ် ဒေသမှာ သုံးစွဲလို့ရနိုင်မဲ့ငွေသားအနည်းငယ် အပြင် Credit နဲ့ Visa ကဒ်များပါရှိပါစေ။

(၄) အခြားသော စာရွက်စာတန်များ

ခရီးသွားသည့်အခါ သယ်ဆောင်သွားသင့်တဲ့ အရာများ

Photo : Visa Reservations

ခရီးသွားသည့်အခါ နောက်ထပ် သယ်ဆောင်သွားသင့်တဲ့ အရာများ ကတော့ ကိုယ်သွားမဲ့ခရီးစဉ်နဲ့ ပတ်သတ်တဲ့ အခြားသော စာရွက်စာတန်းများပဲ ဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကွီးတို့တည်းခိုမဲ့ Hotel ရဲ့ Confirmations တွေ ၊ Flight E-mails စသည်တို့ကို ပရင့်ထုတ်ပြီး ယူဆောင်သွားပါ။ ပရင့်ထုတ်ပြီး ယူဆောင်သွားစေခြင်းမှာ Wi-Fi အခက်အခဲသော်လည်းကောင်း၊ ကိုယ့်ရဲ့ လက်ကိုင်ဖုန်း သို့မဟုတ် Laptop ပျောက်ရှသည့်အခြေအနေမျိုးမှာ အကူအညီဖြစ်စေပါလိမ့်မယ်။

(၅) Electronic ပစ္စည်းများ

Travelling

Photo : Indie Traveler

ခရီးသွားတဲ့အခါမှာ ကွီးတို့ရဲ့ လက်ကိုင်ဖုန်းကတော့ မပါမဖြစ်ပါပဲ။ ထို့နောက် ကွီးတို့ရဲ့ Laptop ကိုလည်းယူဆောင်လာပါ။ အလုပ်ကိစ္စဖြစ်စေ၊ အလည်အပတ်ခရီးစဉ်ပဲဖြစ်ပါစေ နေရာဒေသသစ်တစ်ခုကို သွားရောက်လည်ပတ်တဲ့နေရာမှာ ထိုနေရာဒေသရဲ့အလှအပကို မှတ်တမ်းတင်ဖို့ ကွီးတို့လိုအပ်တာကတော့ ကင်မရာလေး တစ်လုံးပါပဲ။ ကွီးတို့အတွက် သယ်ဆောင်ရတာမခက်ခဲပါက လိုအပ်လျှင် ထိုပစ္စည်းတွေကို အားသွင်းဖို့ရာ Power Bank တစ်လုံးယူခဲ့တာလည်း မမှားပါဘူး။ ခရီးဆောင်အိတ်ဟာ ပျောက်ရှနိုင်တဲ့အတွက် ၎င်းပစ္စည်းများကို ကွီးတို့ရဲ့လက်ဆွဲအိတ်နဲ့ထည့်ပြီးအတူ ယူဆောင်သွားပါ။

(၆) အဝတ်အစားများ

Travelling

Photo : The Manual

အဝတ်အစားတွေကတော့ ကွီးတို့ခရီးသွားရင် မပါမဖြစ်ပဲပေါ့။ ကွီးတို့အနေနဲ့ အဝတ်အစားများကို ခရီးစဉ်အတွင်း သယ်ဆောင်သွားဖို စီစဉ်သည့်အခါမှာ သွားရောက်မဲ့ ခရီးစဉ်နဲ့နေရာဒေသ အပေါ်ကိုမူတည်ပြီးသေချာစွာစီစဉ်ပါ။ မလိုအပ်ပဲ အဝတ်အစား အများအပြားယူဆောင်သွားခြင်းကို ရှောင်ပါ။ နောက်အရေးကြီးတဲ့အချက်ကတော့ အတွင်းခံ နဲ့ ခြေအိတ်များကို လုံးဝကို မမေ့မလျော့ သယ်ဆောင်သွားဖို့ ပဲဖြစ်ပါတယ်။ ထို့အပြင် အခြားသောအသုံးအဆောင်များအနေနဲ့ ဦးထုပ်၊ မျက်မှန်၊ နေကာမျက်မှန် စသည်တို့ကိုလည်းသယ်ဆောင်သွားပါ။

(၇)  ကျန်းမာရေးအတွက် လိုအပ်သောဆေးဝါးများ

Travelling

Photo : Have a Go News

ကွီးတို့အနေနဲ့ ခရီးသွားသည့်အခါ မဖြစ်မနေ သယ်ဆောင်သွားသင့်တဲ့ အရာများ ထဲကတစ်ခုကတော့ လိုအပ်တဲ့ ဆေးဝါးများပဲဖြစ်ပါတယ်။ ကွီးတို့ ကျန်းမာရေးအခြေအနေနဲ့ပတ်သတ်ပြီး သောက်လက်စဆေးများရှိလျှင် ယူဆောင်သွားပါ။ ကျန်းမာရေးအတွက် အရေးကြုံလာပါက ရုတ်တရက် ကိုယ်မရင်းနှီးတဲ့နေရာဒေသမှာ ဝယ်ယူဖို့အခက်အခဲရှိနိုင်လို့ ဖြစ်ပါတယ်။ ထို့အပြင် လိုအပ်ပါက ဆေးညွှန်းများပါ ထည့်သွင်းယူဆောင်သွားပါ။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့ ခရီးသွားသည့်အခါ မဖြစ်မနေ သယ်ဆောင်သွားသင့်တဲ့ အရာများ ပဲ ဖြစ်ပါတယ်။ ခရီးသွားဖို့ ပြင်ဆင်နေတဲ့ ကွီးတို့အတွက် ခရီးစဉ်နှင့် သွားရောက်မည့်နေရာဒေသအပေါ် မူတည်ပြီး လိုအပ်သည်များ ထုတ်ပိုးတဲ့နေရာမှာ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

Source : The Savvy Globetrotter

Featured Photo : Travel