ကမ်းခြေသို့ ခရီးသွား ရတာကို ကြိုက်နှစ်သက်တဲ့ ခရီးသွား ချစ်သူများအတွက် ဒီတစ်ခါမှာတော့ ကမ္ဘာ့အလှဆုံး ကမ်းခြေ များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အခုဖော်ပြပေးသွားမယ့် နေရာများသို့ သွားရောက်ကာ ပင်လယ်လေရဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေကောင်းလေသန့်များကို ရှူရှိုက်ရင်း သဘာဝအလှတရားကို တဝကြီး ခံစားပစ်လိုက်ပါ။
ခရီးသွား ချစ်သူများအတွက် ရွေးချယ်ထားတဲ့ ကမ္ဘာ့အလှဆုံး ကမ်းခြေများကတော့ …
British Virgin Islands

ဒီပင်လယ်ကမ်းခြေလေးကတော့ ၁၉၆၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ အပန်းခြေစခန်းလေးပဲ ဖြစ်ပါတယ်။ ထိုကမ်းခြေကို ဖွင့်ပြီးပြီးချင်းမှာပဲ ခရီးသွား ချစ်သူများလည်း တဖွဲဖွဲ့ ရောက်ရှိလာကြပြီး ထို ကမ်းခြေ ရဲ့ သဘာဝအလှတရားကို လာရောက်စူးစမ်းလေ့လာကြပါတော့တယ်။
ဂရိရှိ Mykonos

ဒဏ္ဍာရီထဲက မြို့တော်တစ်ခုလို့ တင်စားရလောက်တဲ့ ဂရိတွင် လှပတဲ့ နေရာဒေသပေါင်းစုံတည်ရှိပါတယ်။ ထိုနေရာများထဲတွင် Mykonos လည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ သာယာလှပတဲ့ နေရောင်ခြည်၊ ဖြူလွှလွှသဲသောင်ပြင်ကြီးနှင့် လှပသော ပင်လယ်ကြီးက ကွီးတို့ကို ကြိုဆိုနေပါလိမ့်မယ်။
ဖိလစ်ပိုင်နိုင်ငံရှိ Boracay ကမ်းခြေ

ဒီကမ်းခြေကတော့ အကျယ်အဝန်းအားဖြင့် ၄ စတုရန်းမိုင်ခန့် တည်ရှိပါတယ်။ ဒီကမ်းခြေလေးကတော့ လှပတဲ့ သဲသောင်ပြင်များ၊ အမျိုးအစားစုံလင်တဲ့ Water Activities များ၊ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ညအလှနှင့် အသက်ဝင်လှုပ်ရှားနေတဲ့ Nightlife များကြောင့် နာမည်ကြီးပါတယ်။
Maldives

ခရီးသွား ချစ်သူများအကြား နာမည်အကြီးဆုံး ကမ်းခြေ တစ်ခုလို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံနဲ့လည်း နီးတဲ့အတွက်ကြောင့် သွားလာရလည်း ပိုမိုလွယ်ကူပြီး ကရိကထနည်းပါလိမ့်မယ်။ လူကို အန္တရာယ်မဖြစ်စေတဲ့ ငါးမန်းသေးသေးလေးများလည်း ရေထဲတွင် ပြေးလွှားဆော့ကစားနေတာကို တွေ့မြင်ရပါလိမ့်မယ်။
Bora Bora

အရောင်အသွေးစုံလင်သော ငါးများ၊ ငါးလိပ်ကျောက်များဖြင့် လှပနေသော ပင်လယ်ကမ်းခြေတစ်ခုဖြစ်ပါတယ်။ ရေပေါ်မှာ ဆောက်ထားတဲ့ ဘန်ဂလိုများသည်လည်း Luxury ခရီးသွားအတွေ့အကြုံကို ခံစားချင်တဲ့ ကွီးတို့အတွက် စိတ်တိုင်းကျစေမှာ အမှန်ပါပဲ။
Aruba

ဒတ်ချ် ကာရေဘီယံ ကျွန်းစုထဲတွင် တည်ရှိပြီး Watersports မျိုးစုံကို ပြုလုပ်ကာ စိတ်အပန်းဖြေချင်သူများအားလုံးအတွက် အသင့်တော်ဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။ ခရီးသွားရင်း ဓာတ်ဖမ်းချင်တဲ့ ကွီးတို့အတွက်လည်း အလှပဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။
အခုဖော်ပြသွားတဲ့ အလှပဆုံးပင်လယ်ကမ်းခြေလေးတွေကို ကွီးတို့အားလုံး သဘောကျ နှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်။
Source: Cntraveler
Featured Image: Booking
