ယောက်ျားသားတို့ရဲ့ အသုံးအဆောင်လို့ ပြောလိုက်ရင် မပါမဖြစ်ကတော့ ခါးပတ်တွေပါပဲ။ ခါးပတ်တွေက ယောက်ျားသားတို့ရဲ့ အလုံးစုံအသွင်အပြင်ကို မြှင့်တင်ပေးနိုင်တဲ့ အသုံးအဆောင်တစ်ခုပါ။ အမျိုးသားတိုင်း ခါးပတ်တစ်ခု (သို့) တစ်ခုထက်မနည်း ရှိကြမှာပါ။ ခါးပတ်တွေကလည်း အမျိုးအစားအများကြီးရှိပေမဲ့ ကိုယ်အဝတ်များတဲ့ အဝတ်အစားပုံစံကိုလိုက်ပြီး ခါးပတ်ကောင်းကောင်းတစ်ခု (သို့) နှစ်ခုရှိရုံနဲ့ လုံလောက်ပါတယ်။ ဒီနေ့မှာတော့ ယောက်ျားသားတို့ ခါးထက်မှာ ခစားမယ့် ခါးပတ် အမိုက်စားလေးတွေ ကို ရွေးချယ်ရလွယ်ကူအောင် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
Luca Faloni Calf Leather Belt

Photo : Ape To Gentleman
သားရေခါးပတ်ကိုမှ ကြိုက်နှစ်သက်ပြီး အကောင်းဆုံး သားရေခါးပတ်ကို ရှာနေတယ်ဆိုရင် Luca Faloni Calf Leather Belt ရှိပါတယ်။ ဒီခါးပတ်ကို ဘောင်းဘီရှည် သို့မဟုတ် ဘောင်းဘီတို တို့နဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပြီး တည်ကြည်ခမ်းနားသော အသွင်အပြင်ကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် စမတ်ကျသော ဝတ်စားဆင်ယင်မှုအတွက် ဒီခါးပတ်တွေကို ရွေးချယ်နိုင်ပါတယ်။ သူ့မှာ ရွေးချယ်စရာ အရောင် (၃) ရောင်ရှိပါတယ်။
Nordstrom Mercer Leather Belt

Photo : Men’s Journal
ယောက်ျားသားတို့ ခါးထက်မှာ ခစားမယ့် နောက်ထပ် အမိုက်စားလေးကတော့ Nordstrom Mercer Leather Belt လေးပဲ ဖြစ်ပါတယ်။ ဒီခါးပတ်က Chinos ဘောင်းဘီ ဒါမှမဟုတ် နက်ပြာရောင်ဝတ်စုံတွေနဲ့ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံးပါပဲ။ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်သလို Business Casual Look အတွက်လည်း အဆင်ပြေပါတယ်။
Tanner Goods Classic Belt

Photo : Tanner Goods
ဂျင်းနဲ့ဖြစ်စေ၊ Chinos ဘောင်းဘီတို့နဲ့ဖြစ်စေ ဘယ်လိုအချိန်မှာမဆို ဝတ်ဆင်နိုင်ပြီး ပြီးပြည့်စုံသော စတိုင်လ်ကျမှုကို ပေးစွမ်းနိုင်ဖို့ ဆိုရင် Tanner Goods Classic Belt ရှိပါတယ်။
Anderson’s Woven Leather Belt

Photo : Men’s Journal
ဒီခါးပတ်က လူငယ်ဆန်မှုနဲ့ ပေါ့ပေါ့ပါးပါး အသွင်အပြင်အတွက် ရွေးချယ်သင့်တဲ့ ခါးပတ်အမျိုးအစားပါပဲ။ ဒါ့အပြင် အဝတ်အစား ပုံစံအမျိုးမျိုးနဲ့လည်း လိုက်ဖက်ပါတယ်။ အမိုက်စားဖက်ရှင်တွေကို အမြဲတမ်းဝတ်ဆင်တတ်တဲ့ ကွီးတို့အတွက် ဒီခါးပတ်လေး တစ်ခုရှိတာ မမှားပါဘူး။
Filson Bridle Leather Belt

Photo : Outland USA
အပြားသေးပြီး စတိုင်လ်မိမိ ခါးပတ်ကို ခါးထက်မှာ ဝတ်ဆင်ချင်တယ်ဆိုရင် Filson Bridle Leather Belt ရှိပါတယ်။ ဒီခါးပတ်က အလုပ်နဲ့နေ့စဉ် ဝတ်စားဆင်ယင်မှုအတွက် အထူးသင့်တော်ပါတယ်။
The Men’s Store at Bloomingdale’s Leather Belt

Photo : Men’s Journal
အနည်းငယ်တောက်ပပြီး ထင်ပေါ်စေတဲ့ ခါးပတ်မျိုး ရှာနေရင်တော့ ဒီခါးပတ်ကို ရွေးချယ်သင့်ပါတယ်။ ဒီခါးပတ်တွေက ပွဲအခမ်းအနားတွေမှာ ဝတ်ဆင်ဖို့ သင့်တော်ရုံသာမက ကွီးတို့ရဲ့အသွင်အပြင်ကို ပိုမိုမြင့်မားအောင် ပံ့ပိုးပေးနိုင်ပါတယ်။
အခုဖော်ပြပေးလိုက်တဲ့အထဲက ကွီးတို့ရဲ့ ခါးထက်မှာ ခစားစေဖို့ ဘယ်အမိုက်စား ခါးပတ်လေးကို ကြိုက်နှစ်သက်ပါသလဲ။
Source : Men’s Journal
Featured Photo : Blissmark
